"သူဌေး ဒီလရဲ့စာရင်းပါ အားလုံးလည်းပြန်စစ်ထားပါတယ်
ပြီးတော့လေ သူဌေးကျွန်တော့်ကို ခွင့်၃ရက်လောက်ပေးလို့ရမလား.."
စာရင်းစာအုပ်ကိုစားပွဲပေါ်တင်ပေးပြီး ခေါင်းငုံ့နေတဲ့စစ်ကျွေး
အရင်ကခွင့်တွေဘာတွေမတောင်းဖူးပါဘူး"ဘာကိစ္စရှိလို့လည်း အရေးကြီးလို့လား.."
သူမေးမှာကိုသိနေတဲ့ ဘေးစားပွဲက ရွှယ်ယမ်ကလှမ်းမေးလာသည်
သူလည်းသိချင်တာမို့နားထောင်လိုက်တယ်"ဟို..အဲ့ဒါလေ..ဘယ်လိုပြောရမလည်း."
ခေါင်းကိုကုပ်လိုက် လည်ပင်းပွတ်လိုက်ဖြစ်နေတဲ့ စစ်ကျွေးကြောင့် စကားလမ်းကြောင်းဖွင့်ပေးရသည်
"ပြောပါ.."
"ဟုတ်ကဲ့.သူဌေး.ကျွန်တော်အိမ်ထောင်ကျသွားပြီ. အဲ့ဥာကျွန်တော့ချစ်သူက ဟန်းနီးမွန်းပို့ပေးချင်တယ်တဲ့ အဲ့ဒါကြောင့်ပါတကယ်လို့အဆင်မပြေရင်း ကျွန်တော်မသွား..."
"ရပါတယ်သွားလေ...ပျော်ပျော်လည်ခဲ့ကြ.."
သူဌေးကသူ့စကားတောင်မဆုံးသေး သွားဆိုတာကြောင့်ပျော်မိတာအမှန် သူ့ကိုခွင့်မပေးလောက်ဘူးနေတာ
"ကျေးဇူးတင်ပါတယ်သူဌေး သုံးရက်ပြည့်တာနဲ့ ကျွန်တော်အလုပ်ပြန်ဆင်းမှာပါ.."
"ရပါတယ်..မင်းသွားလို့ရပြီ.."
"ဟုတ်ကဲ့.."
"ရိပေါ် မင်းဘယ်တုန်းကအဲ့လောက်ခွင့်အကြာကြီးပေးဖူးလို့လည်း.."
စစ်ကျွေးထွက်သွားတာနဲ့ သူ့ဘေးကိုရောက်လာတဲ့ရွှယ်ယမ်
ဟုတ်တာပေါ့ ကျွန်တော်ရိပေါ်က အလုပ်သမားတွေက၂ရက်ထက်ပိုမှခွင့်မပေးဘူးတာ"သည်းငယ်ကို တွေးမိလို့ပါ ကလေးသုံးယောက်ရလာတာတောင် ငါသူ့ကိုဘယ်မှမပို့ပေးခဲ့ရဘူး လက်ထက်ပွဲကိုလည်းကြီးကြီးကျယ်ကျယ်မလုပ်ပေးခဲ့ရဖူး ငါစဉ်းစားနေတာ သည်းငယ်ကို အပန်းဖြေခရီးလေးလိုက်ပို့ပေးမလားလို့.."
YOU ARE READING
နှလုံးသားရဲ့ သည်းငယ်(complete)
Fanfictionဆိုးလိုက်စမ်းပါသည်းငယ် ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ်တာပါဆို ••ရှောင်းကျန့်•• ဆိုးလိုက်စမ်းပါသည်းငယ်ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ...