"သည်းငယ်လေး သားတို့အိပ်ကုန်ပြီလား..""အိပ်ကုန်ပြီ ကိုကိုယောကျာ်း ဘာလို့လည်း.."
"ကိုယ့်နားကို လာထိုင် ပြောစရာရှိသေးတယ်.."
ကုတင်ပေါ်ကနေ ခေါ်နေတဲ့ကိုကိုယောကျာ်းကြောင့်
စာကြည့်ခုံလေးကနေထပြီး တလှုပ်လှုပ်သွားလိုက်သည်
ကိုကိုယောကျာ်းရဲ့ရင်ခွင်ထဲကို ခွေဝင်လိုက်ပြီး
ခေါင်းလေးမော့လို့ မေးလေးကိုလှမ်းနမ်းလိုက်သည်"အချွဲလေး..ကိုယ်ပြောစရာရှိလို့
ကိုယ်တို့တွေကောင်းကောင်းလည်းလက်မထက်ခဲ့ရဘူးနော် ကိုယ်စီစဉ်ထားတာလေးရှိတယ်
အပန်းဖြေခရီးလေးထွက်ရအောင်.
.ကိုယ်ကသူများတွေလိုလည်း supriseမလုပ်တတ်ဘူး
ဒါပေမဲ့သည်းငယ်ကိုတော့ပျော်အောင်ထားချင်တယ်
..အခုလိုပြောလိုက်လို့ အံသြစရာဖြစ်ရပ်လေးမဖြစ်ပေမဲ့
ကိုယ့်အချစ်တွေနဲ့ စီစဉ်ထားပေးတာလေး
သည်းငယ်သွားချင်လား."သူ့ရဲ့ဆံပင်လေးကိုပွတ်သပ်ပြီးပြောနေတဲ့
သူ့ကိုကိုက
supriseမလုပ်တတ်ပေမဲ့ သူပျော်တယ်
ကိုကိုကသူ့အတွက်စဉ်းစားပေးထားတာလေ"သွားချင်တယ်..သည်းငယ်တို့သွားရအောင်နော်.
.ကိုကိုစီစဉ်ပေးထားတဲ့နေရာလေးကိုသွားကြမယ်
ဒါနဲ့ ကလေးတွေရော
ခေါ်သွားကြမှာလား..""မခေါ်တော့ဘူး ကိုယ့်မှာအကြံရှိတယ် "
အကြံရှိတယ်ဆိုတဲ့ကိုကိုကြောင့် ဘာမှမပြောတော့ဘဲ ခေါင်းလေးညိမ့်ပြလိုက်သည်
ကိုကိုက သူ့ကိုသိပ်ချစ်တာ****
"ပါပါးလေးနဲ့ပါပါးကြီး ရေ..အိမ်အခန်းထဲကထွက်ခဲ့ကြဦး "
ရှောင်းကျန့်.ရိပေါ်ကိုအလုပ်သွားဖို့်အကျီ င်္ကြယ်သီးတပ်ပေးနေတုန်း အောက်ကအော်ခေါ်နေတဲ့သားငယ်
ဟိုနှစ်ကောင် ဘာတွေမွှေပြန်ပြီလည်းမသိ"ကိုကို သွားကြည့်ရအောင် ဝမ်ဝမ်နဲ့ ရှောင်ရှောင်း ဘာမွှေထားလည်းမသိဘူး.."
YOU ARE READING
နှလုံးသားရဲ့ သည်းငယ်(complete)
Fanfictionဆိုးလိုက်စမ်းပါသည်းငယ် ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ်တာပါဆို ••ရှောင်းကျန့်•• ဆိုးလိုက်စမ်းပါသည်းငယ်ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ...