"ကိုကိုယောကျာ်း.. ကျွေးတော့လေ.."
"သည်းငယ် ဒီနားမှာမနေနဲ့ဆီစင်မယ် တခြားမှာသွားထိုင်နေ.."
"ပြီးတာပဲ.. မြန်မြန်တော့လုပ်.."
ခြေလေးစောင့်ပြီး ထိုင်ခုံမှာသွားထိုင်တဲ့သည်းငယ် ဗိုက်လေးမလို့
သည်းငယ်လေးကမွေးတော့မှာမို့
သူအလုပ်မသွားဖြစ်တော့
အနားမှာမရှိတုန်းဗိုက်နာမှာစိုးတာကြောင့်
သည်းငယ်ရဲ့ဗိုက်လေးကတော်တော်ပူနေတာ
တခြားဗိုက်နှစ်လုံးစာလောက်ရှိတယ်
ခုလည်းသူစားချင်တဲ့အသားပြားကြော်လုပ်ပေးနေရတာ
ဘေးနားမှာတကျီကျီလာလုပ်နေလို့
မတော်တဆဆီစင်ရင် ကိုယ်ပဲရင်ကျိုးရမှာ"ကဲရပါပြီ သိပ်အများကြီးမစားနဲ့နော် မအီမလည်ဖြစ်နေမှာစိုးလို့.."
သူ့နားမှာပန်းကန်ချပေးတော့ ချက်ချင်းပန်ကန်ထဲလက်နှိုက်နေတဲ့အဆိုးလေး အများကြီးလည်းကျွေးလို့မဖြစ်
"သိပါတယ် တကယ်ပါဘဲ စားချင်တာကိုမစားရဘူး ဒီဗိုက်ကြောင့်ပေါ့ မွေးလာမှနာနာရိုက်ပစ်မယ်.."
ဗိုက်လေးကိုဖွဖွရိုက်ပြီး နှုတ်ခမ်းဆူနေတဲ့သည်းငယ် မချစ်တာလည်းမဟုတ်ဘဲနဲ့
သူစားနေတာကိုကြည့်ပြီး ကိုယ့်မှာပျော်မဆုံး
ဗိုက်လေးဆီပါအကြည့်ရောက်တော့ ငါအဖေဖြစ်တော့မှာပါလားဆိုတဲ့စိတ်က
ဘာနဲ့မှနှိုင်းမရ"ကိုကိုယောကျာ်း.. ရေသွားခပ်ပေး.."
"အင်း..ကိုယ်သွားယူပေးမယ်.."
ပခုံးကိုလာရိုက်ပြီး ရေခပ်ခိုင်းတဲ့သည်းငယ်ကြောင့် ရေသွားခပ်ရပြန်သည်
"သည်းငယ်..ဘာ.ဘာဖြစ်လို့လည်း.. "
ရေခွက်လေးယူပြီးပြန်လာတုန်း
စားနေတဲ့ပန်းကန်လေးလည်းကကျကွဲလို့
ဗိုက်လေးဖိပြီးမျက်ရည်တွေကျနေတဲ့သည်းငယ်ကြောင့်
အနားကိုမြန်မြန်သွားရသည်
YOU ARE READING
နှလုံးသားရဲ့ သည်းငယ်(complete)
Fanfictionဆိုးလိုက်စမ်းပါသည်းငယ် ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ်တာပါဆို ••ရှောင်းကျန့်•• ဆိုးလိုက်စမ်းပါသည်းငယ်ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ...