""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၇)##
💖💖💖💖💖💖
""သား.. သျှင်မင်း...မနက်စာစားသွားဦးလေ. ""
""မစားတော့ဘူး. မေမေရေ.. သားအလုပ်နောက်ကျနေပြီ....သွားပြီနော်. မေမေ. အာဘွား...... ""
ထမင်းချိုင့်လေးယူရင်းနဲ့. မေမေရဲ့ပါးလေးကိုသျှင်မင်းအာဘွားပေးပြီး.. အိမ်ပြင်ကိုပြေးထွက်လာခဲ့၏။
""ကျစ်... စိတ်ညစ်ပါတယ်. Busကားတိုးစီးရဦးမှာနဲ့. ငါ့တော့အလုပ်နောက်ကျပါပြီ. ""
ဟုတီးတိုးစွာနှင့်သျှင်မင်းညည်းညူလိုက်လေသည်။ရှိုင်းတို့အိမ်ရှေ့ကို ရောက်တော့ခြံထဲကို
သျှင်မင်းတစ်ချက်ကြည့်လိုက်မိသည်။မနေ့ညကရှိုင်းရဲ့ ပုံစံလေးကိုပြန်မြင်ယောင်နေမိပြီး.. ရင်ဘတ်ထဲကတစ်ချက်အောင့်သွားသလိုမျိုး သျှင်မင်းခံစားလိုက်ရ၏။
"ဟင်း. ... ""
သက်ပြင်းတစ်ချက်. ချလိုက်ပြီး. သူ busကားဂိတ်ဆီသို့. ခပ်သုတ်သုတ်ကလေးလျှောက်လာခဲ့၏။
""ဟေး.... smile(စမိုင်း)""
""ဟမ်..... ခန့်ထည်ဝါ.. ""
လမ်းထိပ်နားရောက်တော့. သူအားပြုံးပြုံးကြီး ဆီးကြို နေတဲ့ ခန့်ထည်ဝါကိုတွေ့လိုက်ရတော့. သျှင်မင်း အံ့သြမိသွား၏။
""Good morning smile(စမိုင်း).""
""နေစမ်းပါဦး. မင်းက ဘာလာလုပ်တာတုန်း""
""ဟာ... မင်းကိုအလုပ်လိုက်ပို့မလို့. စောင့်နေတာလေ. ""
""မလိုပါဘူး.. . ငါ့ဘာသာbusကားနဲ့သွားလည်းရတယ်... ""
""ဟိတ်. ပြောစကားနားမထောင်ဘူးလား..
ဒီမှာ. မင်းကိုအလုပ်လိုက်ပို့ဖို့အတွက်.. ဒီကိုမနက်၇နာရီကတည်း. ရောက်နေတာနော်..
၁နာရီနီးပါးလောက်စောင့်နေရတဲ့ ငါ့ကိုမင်းအားမနာဘူးလား. ""
""အားမနာပါဘူး...ကိုယ့်ဘာသာလာစောင့်နေပြီးတော့..ဖယ်... ငါအလုပ်သွားမလို့ ""
ဟုပြောရင်း သျှင်မင်းခန့်ထည်ဝါကိုဘေးသို့တွန်းထုတ်လိုက်သည်။ခန့်ထည်ဝါက သျှင်မင်းရဲ့. လက်မောင်းအားဖမ်းဆုပ်ပြီးကိုင်လိုက်လေသည်၊။
""ဟာ.. ခန့်ထည်ဝါ.. မင်းဘာလုပ်တာလဲ. လွှတ်... ငါ့အလုပ်သွားမလို့ပါဆို. ""
""ဒါဆိုရင်. ကားပေါ်တက်လေ. မင်းအလုပ်ကိုလိုက်ပို့ပေးမယ်.. ""
""ကျစ်.. မင်းလိုက်ပို့ပေးစရာမလိုပါဘူးလို့
ငါပြောနေတယ်လေ.... ဖယ်. ငါ့ကိုလွှတ်ပေး"
""မလွှတ်ပေးဘူးကွာ.. ""
ဟုခန့်ထည်ဝါက. ပြောရင်းနှင့် သျှင်မင်း၏လက်မောင်းအား. ပိုပြီးတင်းကျပ်စွာနှင့်ဖိကိုင်လိုက်သည်။
""ခန့်ထည်ဝါ. လွှတ်ပေးလို့ပြောနေတယ်နော်.
မလွှတ်ပေးရင်.. ငါ.. မင်းကိုထမင်းချိုင့်နဲ့ရိုက်ပစ်လိုက်မှာဗျ. ""
ဟုထမင်းချိုင့်ကိုင်ထားသည့်လက်ကိုမြှောက်ပြရင်းဆိုလိုက်၏။ထိုအခါခန့်ထည်ဝါက
ကျန်ရှိနေသည့်သူ့လက်တစ်ဖက်နှင့် သျှင်မင်းထမင်းချိုင့်ကိုင်ထားသည့်လက်၏လက်ကောက်ဝတ်ကို. အားနှင့်ဖမ်းကိုင်လိုက်ပြန်သည်။
""အ... ဘာလုပ်တာလဲ.. မင်း. နော်.. လွှတ်. ""
သျှင်မင်းအတင်းရုန်းပေမယ့် မရ။သျှင်မင်းရုန်းဖို့ကြိုးစားလေ. ခန့်ထည်ဝါက အတင်း
အားနှင့်ဖိကိုင်သောကြောင့်.. သျှင်မင်း ရဲ့လက်မောင်းဆီကရော. လက်ကောက်ဝတ်ပါနာလာလေသည်။လက်ထဲကထမင်းချိုင့်လေးကို တောင်ကိုလွှတ်ချလိုက်ရအထိ. လက်တစ်ခုလုံး ထုံကျဉ်လာ၏။
""ခန့်ထည်ဝါ... မင်းကလေ. အရင်ကအတိုင်းပဲ... ငါ့ကိုဆိုအမြဲအနိုင်ကျင့်တယ်... ""
ဟု. သျှင်မင်း. ငိုမဲ့မဲ့လေးနှင့်ပြောလိုက်သည်။
"မင်းက ငါ့ပြောစကားကိုမှနားမထောင်တာ
အဲ့ဒီတော့ငါကလည်း ငါ့စကားနားထောင်လာအောင်လုပ်ရမှာပဲ... အခုချက်ချင်းကားပေါ်တက်မှာလား. မတက်ဘူးလားပြော.. ""
အမိန့်ပေးသည့်လေသံမျိုးနှင့်ပြောလာသောခန့်ထည်ဝါအား.. သျှင်မင်း. ဒေါသတကြီးနှင့်စိုက်ကြည့်လိုက်သည်။
""ဟင့်အင်း.. ငါကမင်းပြောစကားနားထောင်ရအောင်..ငါက မင်းရဲ့လက်အောက်ငယ်သားမှမဟုတ်တာ...ငါအလုပ်မသွားတော့ဘူး
ဒီနေ့တစ်ရက်. ငါအလုပ်နားဖို့ဆုံးဖြတ်လိုက်ပြီအဲ့ဒီတော့.. မင်းလည်း ငါ့ကိုအလုပ်လိုက်ပို့ပေးစရာမလိုတော့ဘူး...အဲ့ဒါကြောင့်မို့မင်း ငါ့ရဲ့လက်ကိုလွှတ်ပေးတော့.. ""
""အဲ့ဒီအကြံလည်းမဆိုးပါဘူး. ဒီနေ့တစ်နေ့လုံး. မင်းနဲ့ငါနဲ့လျှောက်လည်ဖို့ အချိန်ရတာပေါ့. ""
""ဘာ. .. !!!""
သျှင်မင်း. ခန့်ထည်ဝါကို. နားမလည်ဟန်ကြည့်လိုက်သည်။
""ခန့်ထည်ဝါ... မင်းဘာလိုဖြစ်နေတာလဲ.
မင်းပြောတော့. ငါ့ကိုသူငယ်ချင်းလိုပဲသဘောထားပေးမယ်ဆို... ""
""ဟုတ်တယ်လေ. သူငယ်ချင်းမို့လို့လည်း
လျှောက်လည်ဖို့ခေါ်နေတာလေ..
smile(စမိုင်း).. အရင်တုန်းကဆိုရင်. မင်းငါ့စကားကို. မြေဝယ်မကျနားထောင်ခဲ့တာပါ..
အခုကျမှ.. ဘာဖြစ်လို့အချိုးတွေပြောင်းနေရတာလဲ... ဘာလဲ.. ဟိုချာတိတ်ကြောင့်မို့လား""
""ခန့်ထည်ဝါ.. မဆိုင်တဲ့သူကို မင်းဆွဲမထည့်နဲ့... ငါမင်းကို.. ကောင်းကောင်းပြောနေတုန်း
လွှတ်မှာလား. မလွှတ်ဘူးလားပြော.. """"
""အဟား... မင်းကားပေါ်တက်မယ်ဆိုမှ ငါကလွှတ်ပေးမှာ.. မင်းကားပေါ်တက်မှာလား မတက်ဘူးလားပဲ. ပြော.. ""
ခန့်ထည်ဝါဘက်ကလည်းအလျော့ပေးမည့်ပုံမပေါ်သလို. သျှင်မင်းကလည်း ခန့်ထည်ဝါပြောသည့်အတိုင်းလိုက်မလုပ်ဖို့ရန် စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
""ခန့်... smile(စမိုင်း)ရဲ့ လက်ကို လွှတ်ပေးလိုက်ပါ.. ဟိုမှာ. နာနေပြီ. ""
ရုတ်တရက် ပေါ်ထွက်လာသည့် စကားသံချိုချိုလေးကြောင့်. ခန့်ထည်ဝါရော. သျှင်မင်းပါ အသံလာရာဆီသို့ကြည့်လိုက်သည်။ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးပြာလဲ့လဲ့များကိုပိုင်ဆိုင်ထားသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရ၏။ထိုကောင်လေးပုံစံက. ကာတွန်းတိုင်းပြည်ထဲကနေ ထွက်ပေါ်လာသည့်မင်းသားလေးတစ်ပါးနှင့်ပင် တူနေသေးသည်။ထိုကောင်လေးကို သျှင်မင်းမသိပါ
ခန့်ထည်ဝါကတော့သိနေသည့်ပုံပေါ်နေလေသည်။ထိုကြောင့်လည်းသျှင်မင်းအား
ခန့်ထည်ဝါ. ခေါ်နေကျ nickname ကိုသိနေသည်မဟုတ်ပါလား။
""ကျစ်... ကိုး... မင်းဘာလာရှုပ်တာလဲ""
ထိုကောင်လေးကိုမြင်တော့ ခန့်ထည်ဝါ စိတ်ပျက်သွားဟန်နဲ့မေးလိုက်လေသည်။
""ခန့်ကလည်း. စိတ်ချည်းပဲကွာ.. ကိုး က
လာရှုပ်တာမဟုတ်ပါဘူး... အမြင်မတော်လို့ ဝင်ပြောရတာပါ.. ""
""အမြင်မတော်ရအောင်.. ငါ့ကဘာတွေလုပ်နေလို့လဲ.. ""
""အဟက်.... ခန့် smile(စမိုင်း).ကိုအနိုင်ကျင့်နေတာ.. ကိုး မကြည့်ရက်တော့ဘူး. အခုချက်ချင်း smile(စမိုင်း)ရဲ့လက်ကိုလွှတ်ပေးလိုက်ပါ. ခန့်. ""
ခန့်ထည်ဝါက. ကိုးဆိုသောကောင်လေးကို
ဒေါသတကြီးနဲ့စိုက်ကြည့်နေသလို ကိုး
ကလည်းခန့်ထည်ဝါအား. စူးစူးကြီးစိုက်ကြည့်နေလေသည်။သူတို့နှစ်ယောက် အကြည့်များနှင့်အသံတိတ်. ရန်ပွဲ ဆင်နွှဲ နေတုန်း..
""ခွပ်.... ""
""အ. .. ""
ရုတ်တရက် ခန့်ထည်ဝါ ၏ပါးပြင်ပေါ်သို့
ကျရောက်လာသည့် ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကြောင့် သူတိုသုံးဦးစလုံး. ကြောင်အန်းအန်းဖြစ်သွားလေသည်။
""နောက်တစ်ခါဆိုရင်.. ခင်ဗျားဒီ့ထက်မက
နာမယ်မှတ်... ""
ဟုပြောရင်းနှင့်. သျှင်မင်းအား ချုပ်ကိုင်ထားသည့် ခန့်ထည်ဝါ၏လက်များကို. ဆွဲဖယ်လိုက်သောသူက ရှိုင်းပင်ဖြစ်သည်။
""ရှိုင်း. . ""
သျှင်မင်း ရှိုင်းအားတအံ့တသြနှင့်ကြည့်နေမိ၏။
""တောက်..... မင်းလိုမလောက်လေးမလောက်စားကောင်ကများ
ငါ့ကို လက်သီးနဲ့ထိုးတယ်ပေါ့.... ကဲကွာ. ""
""ခွပ်. ""
ခန့်ထည်ဝါတစ်ယောက် ဒေါသတကြီးနဲ့ ရှိုင်းအားလက်သီးနှင့်ပြန်ထိုးလိုက်သည်။
""ဟာ.. ဒီလူကြီး. ခင်ဗျား. လူ့လောကမှာ
ကြာကြာမနေချင်တော့ဘူးနဲ့တူတယ်. ""
ဟု ဒေါသတကြီးရှိုင်းပြောရင်းနှင့် ခန့်ထည်ဝါအား လက်သီးနှင့်ပြန်ထိုးဖို့ရန်အလုပ်.
""ရှိုင်း ရှိုင်း. . မလုပ်နဲ့..မလုပ်နဲ့...... ""
သျှင်မင်း. ရှိုင်းရဲ့ကိုယ်ကို အနောက်နေဖက်ပြီးတားလိုက်သောကြောင့် ခန့်ထည်ဝါအားထိုးဖို့ရန်ဟန်ပြင်ထားသည့်လက်များကို ပြန်ရုတ်သိမ်းလိုက်လေသည်။
"ဟေ့ကောင်.. သတ္တိရှိရင်.. ငါ့ကိုလာထိုးလေကွာ... လာ.. ""
""ခန့်... တော်လောက်ပြီထင်တယ်... မင်း
ဒီနေ့ပြသာနာရှာတာ ဒီလောက်ဆိုရင်လုံလောက်ပြီထင်တယ်.. """"
""ကိုး. .. မင်းနဲ့ဘာဆိုင်လို့. မင်းကဝင်ရှုပ်နေရတာလဲ. ""
""ခန့်.... ကိုးပြောနေတယ်နော်.. တော်လောက်ပြီလို့...... ခန့်အခုချက်ချင်းကားပေါ်တက်မှာလား. မတက်ဘူးလား. . မတက်ဘူးဆိုရင်
ခန့် အကူညီတောင်းထားတဲ့ကိစ္စကို ကိုးမကူညီတော့ဘူးနော်. ""
""ကိုး .. မင်း.. မင်း. တောက်. ""
ခန့်ထည်ဝါတစ်ယောက်သူ၏အားနည်းချက်ကို ကိုင်ပြီးခြိမ်းခြောက်လာသော ကိုးရဲ့စကားကို မလွန်ဆန်နိုင်တာကြောင့်
ဒေါသဖြစ် ဖြစ်နဲ့ကားပေါ်သို့တက်သွားလေသည်။
""Hi... smile. (စမိုင်း).. ကြားထဲကနေပဲ. ကိုးတောင်းပန်ပါတယ်နော်.. နောက်တော့မှ. ကိုးတို့အေးဆေးဆုံကြတာပေါ့နော်.. ""
""မလိုပါဘူး .. ကိုကိုနဲ့နောက်ထပ်တစ်ကြိမ်
ဆုံစရာလည်းမလိုဘူး.. နောက်တစ်ခါ ကိုကိုရှေ့ကို ပေါ်လာရဲပေါ်လာကြည့်. အကုန်လုံးကို
ရှိုင်းအကြောင်းသိသွားစေရမယ်. ""
""ဟာ.. တောက်.. ဒီကောင်တော့.. ""
ရှိုင်းရဲ့စကားကြောင့် ကားပေါ်ကခန့်ထည်ဝါတစ်ယောက်. ကျွဲမြီးတို သွားပြီး ရှူးရှူးရှဲရှဲ နှင့်ကားပေါ်ကဆင်းမည်အလုပ်.. ကိုး ကကားတံခါးကိုဖွင့်လို့မရအောင် သူကိုယ်နဲ့ဖိထားလိုက်သည်။
""အိုး... Angry bird. လေးပါလား. So cute
သြော်.. Smils(စမိုင်း) စကားမစပ် ကိုးရဲ့နာမည်က. ကိုးမီ လို့ခေါ်တယ်... လမ်းမှာတွေ့ရင်. အချိန်မရွေးနှုတ်ဆက်နိုင်ပါတယ်..နော် . ဟေ့.. Bad boy လေးမင်းရောပဲနော် ""
""သေတောင်မခေါ်ဘူး.. ""
""ဟာ.. ရှိုင်းကလဲ. ""
ရှိုင်းပြန်ပြောလိုက်သည့်စကားကြောင့်
သျှင်မင်း.. ကိုးမီအပေါ့်၌. အားတုံ့အားနာဖြစ် သွားမိ၏။ကိုးမီ ကတော့စိတ်ဆိုးတဲ့ပုံမပေါ်ဘဲ တခိခိနဲ့ရယ် နေလေသည်။
""လာ. သွားမယ်ကိုကို... နောက်တစ်ခါ.
ငါ့ကိုကိုလာပြီးအနိုင်ကျင့်လို့ကတော့.
တစ်ခါတည်းငရဲပြည်ကိုပို့ပစ်လိုက်မယ်. ""
ဟုကြိမ်းဝါးလိုက်ရင်းနှင့် သျှင်မင်း၏လက်ကို ကိုင်ပြီးဆွဲခေါ်သွားလေသည်။သျှင်မင်း ရှိုင်းကိုကြည့်ရင်း စိတ်မကောင်းလည်းဖြစ်မိ၏။
ခန့်ထည်ဝါ နောက်ကိုအသာလေးလိုက်သွား
ခဲ့ရင်. အခုလိုမျိုး အခြေနေတွေတင်းမာလာမှာမဟုတ်ဘူးလို့တွေးရင်းနှင့်ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။
""ငါ့ကိုက မှားတာ.. ငါ့ရဲ့အသုံးမကျတဲ့မာနတွေကြောင့် အခုလိုတွေဖြစ်ရတာ.. ခန့်ထည်ပြောတဲ့အတိုင်း. အလိုက်သင့်လေး. လိုက်လုပ်ပေးလိုက်တော့.. သေသွားမှာကျနေတာပဲ. ဟင်း. တော်တော်အသုံးမကျတဲ့ငါ..
တော်တော်ပြသာနာရှာတဲ့ငါ....သျှင်မင်း... မင်းသေဖို့ကောင်းနေပြီ. သိလား... မင်းအဲ့နေရာမှပဲ လဲသေဖို့ကောင်းနေပြီ.... ""
သျှင်မင်း. ကိုယ့်ကိုယ်ကိုစိတ်ထဲကနေ
ကျိန်ဆဲနေမိ၏။ဒီနေ့ဖြစ်သွားတဲ့ကိစ္စကြောင့်
မေမေကို. ရက်ကွက်ထဲကလူတွေ ဝိုင်းပြီးကဲ့ရဲ့အပြစ်တင်ကြမည်ကိုပါ တွေးမိရင်းနှင့်
သျှင်မင်းဝမ်းနည်းလာသည်။အခုလိုပြသာနာမျိုးတွေ ဖန်တီးနေမိတဲ့ ကိုယ့်ကိုကိုယ်လည်းမုန်းတီးမိ၏။
""အင့်ဟာ... အင့်ဟာ.. ဒီလောက်တောင်
ပြသာနာရှာနေတဲ့ကောင်... သေလိုက်တော့
မင်းသေလိုက်ပါတော့လား..သျှင်မင်းရဲ့.. ""
""ဖြန်း... ဖြန်း.. ""
သျှင်မင်းစိတ်တိုတိုနှင့် ကိုယ့်ပါးကိုယ်ကိုပြန်ရိုက်လိုက်သည်။
""ဟာ... ကိုကို.. ဘာလုပ်တာလဲ... မလုပ်ရဘူးလေ""
ရှိုင်း. အလန့်တကြားနှင့် သျှင်မင်း၏လက်ကိုဖမ်းကိုင်လိုက်သည်။သျှင်မင်း... စိတ်ရှိလက်ရှိနဲ့. ထိုနေရာမှာပဲ. ထိုင်ချလိုက်ပြီး
ကလေးငယ်လေးတစ်ယောက်လို. ရှိုက်ကြီးတငင် နှင့်ငိုချပစ်လိုက်တော့၏။
""ဟာ.. ကိုကို... ကိုကို.. မငိုနဲ့လေ.. ""
ဟုရှိုင်း ငိုသံပါလေးနဲ့ပြောလိုက်လေသည်။
""ရှိုင်း.... ငါကြောင့်.. ငါ့ကြောင့်. မေမေ
နောက်တစ်ခါ. အကဲ့ရဲ့ခံရတော့မယ်.. ငါအသုံးမကျလို့.. ငါ. ငါ့ရဲ့မေမေ...အပြောဆိုခံနေရတာ...အဟင့်. အီး. ဟီး. ဟီး.. 😭😭😭""
ရှိုင်း. ကိုကို့ကိုကြည့်ပြီးသနားနေမိ၏။ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ကိုကို့ပုံစံကိုမြင်ရတာ.. သူရင်ခွင်အစုံကို. လှံတွေနဲ့အချက်ပေါင်းများစွာ. ထိုးစိုက်နေသလိုမျိုးခံစားနေရ၏။
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။