''ရင်ခုန်သံနွေးနွေးထွေးထွေး´´
*****--******************
##အပိုင်း(၂)##
**************
သူကြောင့်မေမေကိုပတ်ဝန်းကျင်က ဝိုင်းပြီးကဲ့ရဲ့မှာကို သူ မလိုလားတော့ပါ။ထိုကြောင့်
အခုချိန်မှာ ရှိုင်းမင်းနဲ့ပတ်သက်ပြီးသူဘက်က
ပြတ်သားဖို့လိုလာပြီးဟုသူတွေးလိုက်မိလေသည်။
********************************
အခုဆိုရင် သူ ရှိုင်းမင်းကိုမတွေ့ပဲ
ရှောင်နေခဲ့တာ ၃ရက်ရှိပြီဖြစ်သည်။သူအိမ်ကိုမိုးချုပ်မှာပဲပြန် လာခဲ့သည်။တစ်ရက်ကွက်တည်းအတူနေသောသူတစ်ယောက်ကိုသျှင်မင်းဘယ်အချိန်ထိများရှောင်နိုင်မှာမို့လဲ။တစ်နေ့မဟုတ်တစ်နေ့တော့ မျက်နှာချင်းတော့ဆိုင်မိကြမည်မဟုတ်ပါလား။
''အစ်ကို......အစ်ကို.....အစ်ကိုခဏနေပါဦး..´´
နောက်နားဆီကနေထွက်ပေါ်လာသည့်ရှိုင်းမင်း၏အသံကြောင့် သူ ခြေလှမ်းများကိုခပ်သွက်သွက်လျှောက်လှမ်းလိုက်လေသည်။
''အစ်ကို....အစ်ကို...ခဏလောက်လေး
ကျွန်တော်ပြောတာကို နားထောင်ပေးလို့မရဘူးလား.....´´
''မင်းပြောမယ့်စကားတွေကို ငါနားထောင်ဖို့အချိန်မရှိဘူးကွ......ငါ့နောက်ကိုမင်းထပ်ပြီးလိုက်မလာပါနဲ့တော့ကွာ ငါ့ဘာသာတစ်ယောက်တည်းအေးဆေးနေပါရစေ.......´´
''အစ်ကိုကို့...ကျွန်တော်ချစ်တယ်´´
''ဘာ......´´
ရုတ်တရက်ပြောချလိုက်သည့်ရှိုင်းမင်း၏စကား
ကြောင့် သျှင်မင်းဆွံ့အသွားမိလေသည်။
''အစ်ကိုကို့ ကျွန်တော်ချစ်တယ်လို့......´´
''ဟာ.......မင်းပါးစပ်ကိုပိတ်ထားစမ်း´´
သူ ချက်ချင်းဆိုသလိုပင် ရှိုင်းမင်းပါးစပ်ကိုသူ၏လက်တစ်ဖက်ဖြင့်ပိတ်လိုက်သည်။
တော်သေးသည်ဟုဆိုရမည်။လမ်းကြားထဲတွင် သူတို့နှစ်ယောက်ကလွဲလို့ တခြားလမ်းသွားလမ်းလာမရှိလို့သာပေါ့။ ရှိုင်းမင်းက သူရဲ့လက်ကိုညင်သာစွာဖယ်လိုက်ပြီး
´´တကယ်ပြောတာပါ အစ်ကို့ကို.......´´
''မင်းပါးစပ်ကိုပိတ်ထား....မင်းမရှက်ဘူးလား
လမ်းလယ်ခေါင်မှာ မင်းမို့ဒီလိုစကားမျိုးပြောထွက်တယ်......´´
''ဘာရှက်စရာလိုလို့လဲ ကျွန်တော် အစ်ကို့ကို
ချစ်တာ ရှက်စရာမှ မဟုတ်တာ......´´
''ဟာ.....မင်း ပြောလေ ကဲလေပါလား တခြား
တစ်ယောက်ယောက်သာ ကြားသွားရင် ဘယ်လိုလုပ်မလဲ........´´
''ကြားပါစေပေါ့ တခြားလူတွေ ကြားသွားရင် ပိုတောင်ကောင်းသေးတယ် ´´
''မင်း!!!!!!မင်း ......တော်တော်အရှက်မရှိတဲ့ကောင်ပါလား ´´
''ဟုတ်တယ် ကျွန်တော်
မရှက်ဘူး အစ်ကိုကို့ ကျွန်တော်ချစ်မိတာကို
နည်းနည်းလေးမှကို မရှက်တာ´´
''တောက်!!!!!!!!.....ကဲကွာ...ဒီလောက်တောင်အရှက်မရှိချင်တဲ့ကောင်.......´´
''ခွပ်!!!!!´´´
သူစိတ်ဆိုးဆိုးနှင့်ရှိုင်းမင်းအား လက်သီးနှင့်ထိုးလိုက်လေသည်။
''အစ်ကိုသာ စိတ်ကျေနပ်မယ်ဆိုရင် ကျွန်တော်ကို ကြိုက်သလောက် ထိုးပါ....ဒါပေမယ့်
ကျွန်တော့်ကို ထိုးလိုက်ရလို့ အစ်ကိုရဲ့လက်ချောင်းလေးတွေ နာသွားမှာကိုတော့စိုးမိတယ်´´
ဟုပြောရင်းနှင့် သျှင်မင်း၏လက်ကိုလှမ်းပြီးကိုင်လိုက်လေသည်။
''မကိုင်နဲ့ ငါ့ရဲ့အသားကို လာမထိနဲ့......´´
သျှင်မင်း အလန့်တကြားနှင့် အနောက်သို့ ဆုတ်လိုက်သည်။
''မင်း.....မင်း....ငါ့နဲဝေးဝေးနေပါ ....ငါ့ကို
လိုက်ပြီး မနှောင့်ယှက်ပါနဲ့တော့ ငါ့တောင်းပန်ပါတယ် ´´
ဟုသျှင်မင်း တောင်းတောင်းပန်ပန်နှင့်ပြောလိုက်သည်။
''ကျွန်တော် အစ်ကိုကို့ လိုက်ပြီး နှောင့်ယှက်နေတာ မဟုတ်ပါဘူး ကျွန်တော် တကယ် အစ်ကိုကို့ ချစ်တာပါ .....´´
''တိတ်စမ်း မင်း.....မင်း....မင်းဆက်မပြောနဲ့တော့ ´´
''အစ်ကို ကျွန်တော်ကို ဆက်မပြောစေချင်ဘူး
ဆိုရင် ကျွန်တော်တောင်းဆိုတာကို လိုက်လျောပေးရမယ်......´´
''မင်းကငါ့ဆီကနေ ဘာကိုလိုချင်တာလဲ´´
''ကျွန်တော်လိုချင်တာက ရိုးရှင်းပါတယ်
အစ်ကိုဘေးနားမှာ ကျွန်တော်ကိုနေခွင့်ပေးပါ´´
''ငါ့ရဲ့ဘေးနားမှာ မင်းကိုနေခွင့်ပေးရမယ်ဟုတ်လား အဲ့ဒီတောင်းဆိုချက်ကို ငါ့ဘက်က လက်မခံဘူးဆိုရင်ရော ´´
''အစ်ကိုလက်မခံဘူးဆိုရင် ကျွန်တော်
အစ်ကို့ကို ချစ်နေတယ်ဆိုတဲ့အကြောင်းကို
တစ်ရက်ကွက်လုံး တစ်လောကလုံး သိအောင်
အော်ပြောပစ်လိုက်မယ်´´
''ဘာ!!!! မင်း ငါ့ကို ခြိမ်းခြောက်နေတာလား´´
''ဟုတ်တယ်......အစ်ကို ထင်ချင်သလိုထင်နိုင်တယ် ကျွန်တော် အစ်ကိုကိုတောင်းဆိုနေတာက အစ်ကို့ရဲ့ဘေးနားမှာနေခွင့်ပြုရုံလေးပဲ
အစ်ကို ကျွန်တော်ကိုပြန်ချစ်ရမယ်လို့ တောင်းဆိုနေတာ မဟုတ်ဘူးနော် ဒီအတိုင်းလေးပဲ အစ်ကိုရဲ့ဘေးနားမှာ နေချင်ရုံသပ်သပ်လေးပါပဲ´´
သူစိတ်ရှုပ်ထွေးစွာနှင့်ရှိုင်းမင်းအားစိုက်ကြည့်လိုက်သည်။ရှိုင်းမင်း၏ပုံစံက ပြောရင်ပြောသည့်အတိုင်း တကယ်လုပ်မည့်ပုံပေါ်နေလေသည်။
''ကောင်းပြီလေ မင်းအရင်ကအတိုင်းပဲ
ငါအိမ်ကို မင်းစိတ်ကြိုက်ဝင်ထွက်သွားလာနိုင်တယ် အေး....တစ်ခုတော့ရှိတယ်နော်
ငါ မင်းကိုအရေးတယူလုပ်ပြီး ပြောဆိုဆက်ဆံလိမ့်မယ်လို့တော့မထင်နဲ့ နောက်ပြီး
တစ်ခုရှိသေးတယ် ငါ မင်းကိုအရမ်း အရမ်း
အရမ်းကို မုန်းတီးနေတယ်ဆိုတာကို မင်း
မသေမချင်းမှတ်ထားပါ´´
''ဟုတ် ကျွန်တော်မှတ်ထားပါ့မယ်
နောက်ပြီးလည်း လူတစ်ယောက်ကိုအရမ်းမုန်းတီးနေရာကနေပြီး အရမ်းချစ်တတ်သွားတတ်တယ်ဆိုတာကိုလည်း အစ်ကိုမမေ့ပါနဲ့နော် အစ်ကို ကျွန်တော်ကိုအရမ်းကြီးမုန်းတီးမနေပါနဲ့နော် တော်ကြာ အရမ်းချစ်မိသွားမှာစိုးလို့ပါ ''
''တောက်!!!!!!!!!´´
ရှိုင်းမင်း၏ပြောင်ချော်ချော်စကားများကြောင့်
သူစိတ်အရမ်းဆိုးသွားကာ တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်လေသည်။
*********************************
တစ်နေ့ သျှင်မင်း ရက်ကွက်ထဲက.....
အအေးဆိုင်တစ်ဆိုင်တွင် အအေးသောက်နေသည့်အချိန်တွင်
''ဟဲ့ ငါတို့ရက်ကွက်ထဲကို ဟိုတလောလေးက ပြောင်းလာတဲ့သားအမိနှစ်ယောက်ကို
သိကြတယ်မလား.....´´
''အင်း သိတယ်လေတော် ဟိုမိန်းမချောချောတဲ့ ကောင်လေးတို့ သားအမိကိုပြောတာမလား´´
''အမယ်လေးဟယ်....ညည်းမျက်လုံးတော်တော်မွဲနေပြီထင်တယ် အမေနဲ့သားမှာ
သားကိုပဲမြင်တယ်ပေါ့.....´´
သူနှင့်မလှမ်းမကမ်းနေရာတွင် မိန်းမကြီးသုံးဦး
ဝိုင်းဖွဲ့ထိုင်နေကာ ပြောဆိုနေသည့်စကားသံများကို သူအမှတ်မထင်ကြားလိုက်ရလေသည်။
''အမယ်လေး ညည်းတို့က သူ့အကြောင်းမသိသေးလို့ပါတော် အဲ့ကောင်လေးကရုပ်ကသာ
မိန်းမချောချောနေတာမဟုတ်ဘူးအေ့ စိတ်ကပါ
မိန်းမစိတ်ပေါက်နေတာ.....´´
''ဟေ ညည်းဟာက ဟုတ်ရဲ့လားအေ့´´
''အမယ်လေး ဟုတ်တာမှ ဟုတ် ဟုတ် ဟုတ်
နဲ့တောင်မည်နေသေးတယ် အမယ်လေး
အဲ့ကောင်လေးကို အခြောက်ဆိုပြီး သွားအထင်မသေးလေနဲ့ အဲ့ကောင်လေးရဲ့ ဇ ကလည်းမသေးဘူး သိလား တကယ့်ခေါင်ကိုမှ
ချူ စားတာတဲ့.....´´
''ဟေ ညည်းပြောတာကိုနားမရှင်းဘူး
သေချာပြောပြစမ်းဦးပါအေ့ ´´
''အေး သေချာပြောပြမယ် နားထောင်ကြ
ဒီလိုဟေ့ အဲ့ကောင်လေးက
အရမ်းကိုချမ်းသာတဲ့သူဌေးသားလေးတစ်ယောက်ကို အပိုင်ကပ်ပြီးတော့ကိုချူ စားတာတဲ့
နောက်တော့ အဲ့သူဌေးသားလေးရဲ့မိဘတွေက သိသွားတော့ သူတို့ရဲ့သားကိုနိုင်ငံခြားကိုပို့ပစ်လိုက်ကြတယ်ဆိုပဲ အစပိုင်းကတော့
အဲ့သူဌေးသားလေးရဲ့မိဘတွေက လူကြီးချင်းတွေ့ပြီး ကလေးတွေကို မဖြစ်သင့်တာတွေ
မဖြစ်ရအောင်လို့ ထိန်းသိမ်းခိုင်းတာကို
မအေလုပ်တဲ့သူကလေ သူ့သားကိုမထိန်းတဲ့
အပြင် မြှောက်ထိုးပင့်ကော်တောင်လုပ်ပေးသေးတယ်ဆိုပဲအေ့ အဲ့တော့ ဟိုဘက်ကလည်း
သားကိုလည်းထိန်းမရ မအေကိုလည်းနားချလို့မရတဲ့မဆုံး သူ့တို့သားကိုပဲ နိုင်ငံခြားပို့လိုက်ရတော့တာပေါ့ ´´
''ဟယ် ဟုတ်လား သူတို့ပုံစံလေးနဲ့
အဲ့လိုမျိုး မထင်ထားမိဘူး ကြောက်စရာကောင်းလိုက်တာအေ´´
''ဟုတ်ပအေ ငါကတော့မအေလုပ်တဲ့သူကိုပဲ
အံ့သြမိပါတယ် ကိုယ့်သားက မိန်းမလျာစိတ်ပေါက်နေတာကို မဆုံးမတဲ့အပြင် သူကပါ အလိုတူအလိုပါ မြှောက်ပေးတယ်ဆိုတော့
အံ့သြလို့ကိုမဆုံးတော့ဘူးအေ ငါ့သားသာ
အဲ့လိုမျိုးအခြောက်စိတ်ပေါက်ကြည့်ပါလား
ငါရှက်လွန်းလို့ကိုယ့်ကိုယ်ကိုသတ်သေပစ်မိမှာအမှန်ပဲ......´´
အဆီသားပါပါ မဲ့ရွဲ့ကာပြောဆိုနေကြသည့်
စကားလုံးများက သျှင်မင်း၏နှလုံးသားထဲကို သံမှိုတွေတစ်ချောင်းပြီးတစ်ချောင်းရိုက်ထည့်နေသည့်အလား ခံစားနေရလေသည်။အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားပြီး မျက်ဝန်းအိမ်ထဲကနေ မျက်ရည်စများ ခုန်ကျမလာအောင်
သူ၏စိတ်တို့ကိုတင်းထားနေရလေသည်။
ရှက်စိတ် သိမ်ငယ်စိတ်များကြောင့် တစ်ကိုယ်လုံးအေးစက်နေကာ အသက်ပင် ရဲရဲမရှုနိုင်တော့ပေ။ထိုအချိန် သူအနောက်ဘက်ကနေပြီး
သူနားများကိုတစ်စုံတစ်ယောက်က ညည်သာစွာနှင့် လာပြီးပိတ်လိုက်သောကြောင့် သူအနောက်သို့လှည့်ကြည့်လိုက်သည်။သူ့ကိုကြင်နာသည့်မျက်ဝန်းများနှင့်စိုက်ကြည့်နေသည့်ရှိုင်းမင်းကိုတွေ့လိုက်ရသည်။
''အဲ့လို အဆင့်တန်းမရှိတဲ့မိန်းမကြီးတွေရဲ့
နှုတ်ကနေ ထွက်ကျလာတဲ့ တန်းဖိုးမဲ့တဲ့စကားလုံးတွေကို အစ်ကိုဘာဖြစ်လို့
နားထောင်နေရတာလဲ
လာ... သွားမယ် ´´
ရှိုင်းမင်းက ညည်သာစွာနှင့်သျှင်မင်း၏ကိုယ်ကို
ပွေ့ထူလိုက်ရင်းနှင့်ဆိုလာ၏။
''ဟာ......ဘာဖြစ်လို့နှုတ်ခမ်းကို ကိုက်ထားတာလဲ ....သွေးတွေတောင်ထွက်နေပြီ...
တောက်!!!!!အဲ့မိန်းမကြီးတွေရဲ့ ပါးစပ်ပေါက်တွေကို နောက်တစ်ခါ စကားမပြောနိုင်အောင်
သွားလုပ်ပစ်လိုက်မယ်´´
ရှိုင်းမင်းကဒေါသတကြီး ထိုမိန်းမကြီးတွေရှိရာဆီသို့ ဦးတည်လိုက်သောကြောင့် သူ
ရှိုင်းမင်း၏လက်ကိုဆွဲ၍တားလိုက်ရသည်။
''မင်းဘာသွားလုပ်မလို့လဲ လာပါ ငါတို့တွေ သွားကြရအောင်နော် ငါဒီမှာ မနေချင်တော့ဘူး´´
''အင်း ဒီမှာဆက်နေရင် အကုသိုလ်များတာပဲ အဖက်တင်နေလိမ့်မယ် လာ အစ်ကို ကျွန်တော်တို့သွားကြမယ်နော်´´
ရှိုင်းမင်းက သျှင်မင်းရဲ့နှုတ်ခမ်းပေါ်ကသွေးစများကို သူလက်နှင့်တယုတယ သုတ်ပေးရင်းနှင့်ပြောလိုက်လေသည်။
*********************************
##အပိုင်း(၃)မျှော်
မျှော်မဲ့သူမရှိဘူးဆိုတာသိပါတယ်ဗျာ စိတ်ထဲ
ပေါ်လာတာလေးချရေးခြင်းသာဖြစ်ပါတယ်။
တစ်စုံတစ်ယောက်အားထိခိုက်နစ်နာလိုသောစိတ်နှင့်ရေးသားခြင်းမဟုတ်ပါ။ဖတ်ရှုပေးကြသောသူများအားကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။
အမှားပါရင်လည်းသည်းခံပေးကြဦးနော်။
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။