""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၁၃)##
💖💖💖💖💖💖
💗💗💗💗💗💗💗💗💗
ခန့်ထည်ဝါ.....
""Smile(စမိုင်း)..နေမကောင်းဘူးလား..မျက်နှာလေး.နည်းနည်းချောင်ကျသွားသလိုပဲ...""
စိုးရိမ်တကြီးနဲ့မေးလာသည့်ခန့်ထည်ဝါကိုသျှင်မင်းပြုံးပြလိုက်သည်။
""အင်း...အခုရက်ပိုင်းအလုပ်က...OTတွေဆင်းရတာများလို့..လူကနည်းနည်းလေး ငြီးစီစီဖြစ်နေတာပါ...""
""ဟုတ်လား...ဟေ့ကောင်ကျန်းမာရေးလေးလဲ ဂရုစိုက်ဦးနော်..""
""အေးပါကွာ...""
""ဟာ...smile(စမိုင်း.)..မင်း..ကိုယ်နည်းနည်းပူနေတယ်ကွ...ဖျားချင်နေပြီနဲ့တူတယ်...""
သျှင်မင်းနဖူးလေးကို စမ်းရင်းနဲ့
ခန့်ထည်ဝါက အလန့်တကြားနဲ့ပြောလေသည်။
""လာ.ထ...ဆေးခန်းသွားမယ်..""
""ဟာ..ဆေးခန်းသွားရလောက်အောင်ထိလဲ..မစိုးရိမ်ရပါဘူးကွာ....အိမ်ရောက်မှပဲ..ဆေးလေးသောက်ပြီး..အိပ်လိုက်ရင်.ပျောက်သွားမှာပါ..""
""ဟင်း....ဒီလိုမှန်းသိရင်..မင်းကိုမခေါ်ပါဘူးကွာ....လာ.ထ...မင်းကိုငါအိမ်ပြန်လိုက်ပို့ပေးမယ်...""
""ဟာ...ခန့်ထည်ကလဲ...ငါဘာမှ မဖြစ်ဘူး...ကိုးတို့ကိုစောင့်ကြည့်ပြီးမှဘဲ...အိမ်ကိုပြန်ပို့ပေး..ဟုတ်ပြီလား..""
ဟုခပ်ပေါ့ပေါ့ပြောနေသည့် သျှင်မင်းကို
ကြည့်ရင်းကျွန်တော်သက်ပြင်းချလိုက်မိသည်။အခုတလော ကိုးတစ်ယောက်.
အသက်ခပ်ကြီးကြီး...လူတစ်ယောက်နှင့်..တွဲသွားတွဲလာလုပ်နေလေသောကြောင့်....ကျွန်တော်စိတ်ပူမိသည်။
ကိုးကို ထိပ်တိုက်မေးချင်သော်လည်း.
..မေးရမည်ကိုကျွန်တော်ဝန်လေးနေမိ၏။အခုတလော..ကိုးကလည်း..
ကျွန်တော့်ဆီကို..မလာတာကြာပြီဖြစ်သည်။မိုးလင်းတာနဲ့ကျွန်တော်ဆီကို..လူကိုယ်တိုင်ရောက်လာတတ်သလို..ဖုန်းလည်းတဂွမ်ဂွမ်ဆက်တတ်သည့်ကိုး...။ဖုန်းလည်းမလာ...လူလည်းပျောက်နေတာကြာပြီလေ..။အခုတော့ ကျွန်တော်ဖုန်းဆက်တာတောင်မှ....မိနစ်အနည်းလောက်သာ ပြောပြီးဖုန်းကိုချချသွားလေသည်။
""ဟူး.... ""
လေပူတစ်ချက်ကိုမှုတ်ထုတ်ပစ်လိုက်သည်။ရင်ထဲမှာ ခံစားနေရသည့်...
ခံစားချက်တွေကို..ကျွန်တော်မကြိုက်။..smile(စမိုင်း)
တစ်ယောက်တည်းကိုပဲ..အသက်လောက်ထိချစ်ပါတယ်ဆိုတဲ့.ကျွန်တော့်
စိတ်တွေက..ဘာကြောင့်များ..ကိုးအပေါ်မှာ..ယိမ်းယိုင်နေရပါသနည်း။
၎နှစ်ကြာ..ဘေးနားမှာ...အပြုံးမပျက်.အဖော်ပြုပေးခဲ့တဲ့..ကိုးအပေါ်မှာ..ထားရှိနေမိတဲ့..ကျွန်တော်ရဲ့ခံစားချက်အစစ်မှန်တွေက..ဘာလဲ..။
""🎶🎶🎶မျှော်တော်ယောင်....မျှော်တော်ယောင်...မျှော်တော်ယောင်..ဘဝကလွတ်ချင်ပြီ...သူ .မကယ်ရင်..သူ...မကယ်ရင်...မျှော်တော်ယောင်ဘဝက..လွတ်ဖို့လမ်းမမြင်ဘူး🎶🎶🎶""
""ဟာ...""
ရုတ်တရက် ပြုံးစိစိမျက်နှာပေးလေးနဲ့.ကျွန်တော်အား..စောင်းပြီး..သီချင်းဆိုနေတဲ့..smile(စမိုင်း)ရဲ့..
ပါးတစ်ဘက်ကို..လက်နဲ့ဆွဲလိမ်ပစ်လိုက်လေသည်။
"""အား...ခန့်ထည်ဝါ..အစုတ်ပလုတ်...
နာတယ်ဟ...""
""သီချင်းစောင်းဆိုဦးမှာလား...ဒီပါးစပ်လေးက...""
""ဟွန့်....ဘယ်သူကစောင်းဆိုနေလို့လဲ...ပျင်းလို့သီချင်းလေးညည်းနေတာလေ...အနာရှိကစပ်နိုင်ပါ၏...ခိခိခိ..""
ပြောပြီးရယ်နေတဲ့smile(စမိုင်း)
မျက်နှာလေးကို ကျွန်တော်ငေးကြည့်နေမိ၏။လွမ်းတယ်smile(စမိုင်း)ရယ်...
မင်းကိုငါ ထပ်ပြီးပိုင်ဆိုင်ခွင့်မရှိတော့ဘူးဆိုရင်တောင်မှ...မင်းရဲ့အပြုံးလေးတွေကိုတော့..ငါ.ငမ်းပိုင်ခွင့်..အဲလေ..ယောင်လို့...ငေးပိုင်ခွင့်လေးတော့ရှိသေးတယ်မလား..။ မင်းရဲ့B F Fအဖြစ်နဲ့ပဲ..မင်းရဲ့ဘေးနားမှာ ငါအမြဲထာဝရနေသွားချင်တယ်smile(စမိုင်း).ရယ်...။
""ဟော..ဟော..လာပြီ...လာပြီ...""
ပျော်ရွှင်မြူးတူးစွာနှင့် ပြောလာသည့်
Smile(စမိုင်း)စကားကြောင့် ကျွန်တော်အတွေးစတွေ လွင့်စင်သွားကာ...
Smile(စမိုင်း)လှမ်းကြည့်နေသည့်..
နေရာဆီသို့..အကြည့်တွေရောက်သွားသည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်...
ထောင်းခနဲ့..ဒေါသထွက်သွားမိသည်ကအမှန်...။ဆိုင်ထဲကို..လက်မောင်းချင်းချိတ်ပြီး..ဝင်လာသည့်..ကိုးနှင့်လူကြီးတစ်ယောက်...။အဲ့လူကြီးရဲ့အသက်က.၄၀ကျော်လောက်တော့ရှိမည်ထင်သည်။အရွယ်နှင့်မလိုက်အောင်..
နုပျိုလွန်းလှသည့်..ထိုလူကြီးက..ကိုးအနားကို..မည်သို့သောအကြံနှင့်ကပ်နေသည်မသိ..။ကိုးကလည်း...ပြုံးနေပျော်နေလိုက်တာများ....နားရင်းထအုပ် ချင်စရာလေး..။
""ဦး...ဒီနေ့..သားလိုချင်တာတွေကိုလည်း..ဝယ်ပေးရမှာနော်...နောက်ပြီး.
.သားစားချင်တာတွေရော...ဝယ်ကျွေး
ရမှာနော်...အိတ်ထဲမှာ..ပိုက်ဆံအလုံအလောက်တော့..ပါပါတယ်နော်..""
""ဟာ...ဒီကလေးကတော့လေ...
ကလေးလိုချင်တာတွေ..အကုန်လုံး..
ဝယ်လည်းပေးမယ်..စားချင်တာတွေလည်းဝယ်ကျွေးမယ်..ဟုတ်ပြီလား..
တစ်ခုတော့ရှိတယ်နော်...လိမ်လိမ်မာမာနဲ့..ဦးစကားကိုနားထောင်ရမယ်နော်..
ပြောစကားနားထောင်ရင်..အကုန်လုံးက..ကလေးအတွက်ပဲ..""
""ခိခိခိ..အဲ့ဒါတွေကြောင့်မို့လည်း...
သားက..ဦးကိုချစ်နေရတာ....""
ဟွန်း...ဖြစ်ပျက်နေလိုက်တာ..ကိုးရာ..မြင်မကောင်းရှုမကောင်းနဲ့..လူကြားထဲမှာ...။ သိက္ခာလေးတော့
ထိန်းသင့်ပါတယ်...။ထိုင်စရာနေရာ
ရှာနေတဲ့..သူတို့နှစ်ယောက်ကိုကြည့်ရင်း...ရင်ထဲကနေမေတ္တာပွားနေမိသူကတော့..ခန့်ထည်ဝါ...။မျက်နှာတစ်ခုလုံးလည်း....ပုတ်သိုးနေပြီး...အကြီးကျယ်ကို...ဂျယ်လီတွေနင်နေရှာနေသည့်..ခန့်ထည်ဝါ...။ထိုအချိန်...
""ဟေ့...ကိုးရေ....ကိုး...""
""အမ်..."".
ရုတ်တရက်..ကိုးတို့နှစ်ယောက်ကို.
လက်လေးထပြပြီး..ခေါ်လိုက်တဲ့
smile(စမိုင်း)ကြောင့်...ခန့်ထည်ဝါကြောင်အန်းအန်ဖြစ်သွားလေသည်။
""ဟာ...ဟေ့..smile(စမိုင်း) .မင်းက..ဘာကိစ္စနဲ့သူတို့ကို..ခေါ်လိုက်ရတာလဲ..ဟ..""
ဟုအသံခပ်အုပ်အုပ်လေးနဲ့မေးလိုက်မိသည်။
""မင်း..မသိရင်..အသာနေစမ်းပါ...ဒီအတိုင်း..လူမသိသူမသိ.လိုက်ချောင်းနေရတာနဲ့စာရင်...ပေါ်တင်ပဲ...ခေါ်ပြီး.အကဲခတ်လိုက်တာက..ပိုမြန်တယ်..""
ခန့်ထည်ဝါတစ်ယောက် ပါးစပ်အဟောင်းသားလေးနှင့်..သျှင်မင်းအားငေးစိုက်ကြည့်နေမိ၏။
""ဟာ...smile(စမိုင်း)...""
ဝမ်းသာအယ်လဲ..သည့်အသံနှင့်အတူ
အနားသို့..ရောက်ရှိသည့်ကိုးနှင့်ထိုလူကြီးကြောင့်...ခန့်ထည်ဝါ..အပြုံးတုတစ်ခုကို..မျက်နှာပေါ်တွင်..တန်ဆာဆင်လိုက်သည်။
""ကလေးရဲ့..သူငယ်ချင်းတွေလား.""
""ဟုတ်တယ်..ဦးရဲ့..သူ့နာမည်က..
Smile(စမိုင်း)တဲ့..နာမည်အရင်းကတော့..သျှင်မင်းပေါ့ ..သူကတော့.
.ခန့်ထည်ဝါပေါ့...""
""ခန့်ထည်ဝါဆိုတာ...ဦး ...စရောက်ကတည်းက..ကလေး.ရေပက်မဝင်အောင်...ပြော..ပြောနေတဲ့..ခန့်..ဆိုတဲ့..တစ်ယောက်များလား..""
""ဟာ....ဦးကလည်းဗျာ..""
ဆိုပြီး မျက်နှာလေးရဲခနဲ့ဖြစ်သွားသည့်.ကိုးကို...ခန့်ထည်ဝါကိုကြောင်ပြီးကြည့်နေမိ၏။သူက.ဘာကိစ္စနဲ့များ...
ထိုလူကြီးကို..ကျွန်တော်အကြောင်းတွေ..ပြောပြရတာလဲ.။
""သြော်..မေ့နေတာ...ဒါက..
ကိုး..အရမ်းချစ်ရတဲ့..ကိုးရဲ့ဦးလေး.
ကိုးမေမေရဲ့မောင်အငယ်ဆုံး..ကိုးရဲ့ဦးလေးအရင်းပေါ့..နာမည်ကဦးကောင်းကင်ဦး.လို့ခေါ်တယ်...ဦးက USမှာနေတာကြာပြီ..အခုမှ..မြန်မာပြည်ကို..မိန်းမယူဖို့.ပြန်လာတာ..သိပ်မကြာသေးဘူး""
""ဟာ...ဒီကလေးကတော့..""
ဟမ်...ကိုးပြောလိုက်တဲ့..စကားတွေကြောင့်ခန့်ထည်ဝါ...တအံ့တသြဖြစ်သွားသည်။မျက်နှာကလည်း ပြုံးဖြီးဖြီးကြီး..ဖြစ်လာသလို..ရင်ထဲမှာ..တစ်ဆို့နေသည့် အလုံးကြီးလည်း..ကျသွားလေသည်။
""သြော်..ဟုတ်လား..တွေ့ရတာ.ဝမ်းသာပါတယ်နော်ဦး..😁😁""
ပြုံးဖြီးဖြီးကြီးနှင့် ပြန်နုတ်ဆက်လိုက်သည့် ခန့်ထည်ဝါ..။ကိုးနှင့်ကိုးဦးလေးပါ...ခန့်ထည်ဝါတို့ဝိုင်းလေးမှာပဲ..ဝင်ထိုင်ဖြစ်သွားသည်။ကိုးတစ်ယောက်က..စားစရာတွေ..မနားတမ်းမှာနေလေသည်။ထိုအချိန်ထဖောက်သူကတော့..
သျှင်မင်း...။
""သြော်...ခန့်ထည်..စောစောက..မင်း..
ဂျယ်လီအကြီးကြီးနင်သွားတာ.
.သက်သာသွားပြီလားဟင်...""
""ဟင်...ဟုတ်လား..ခန့်..ဒီဆိုင်က.....
.ဂျယ်လီပါမှာလို့..ရလို့လား..""
ဟုအူလည်လည်လေးနှင့်ပြန်မေးလိုက်သူကတော့..ကိုး...။သျှင်မင်းက
တမင်သက်သက် မိမိအားဆေးထိုးနေပြီဆိုတာကို..သိလိုက်သောခန့်ထည်ဝါက..ခုံအောက်ကနေပြီး..သျှင်မင်း၏
ခြေထောက်ကို..လှမ်းကန်လိုက်သည်။
ဒါကိုသျှင်မင်းက မသိချင်ယောင်ဆောင်ပြီးဆက်ပြောလေသည်။
"ခိခိခိ...ဒီဆိုင်မှာ..ဂျယ်လီမတင်ပါဘူး..ကိုးရဲ့...သူ့ကအပြင်ကနေဝယ်လာတာလေ...ကိုးကမသိလို့..ဂျယ်လီတုံးအကြီးကြီးကို..ဒီအတိုင်မြိုချလိုက်တော့...နင်ပြီပေါ့လို့..""
""အယ်..ခိခိခိ..""
ကိုးလည်းသျှင်မင်းဆိုလိုရင်းကို..
သဘောပေါက်သွားကာ..နှစ်ယောက်သားတခိခိနှင့်ရယ်နေလေတော့သည်။
မျက်နှာတစ်ခုလုံးထူပူသွားပြီး...ဘယ်နားပြေးပုန်းရမှန်းမသိဖြစ်သွားသောသူကတော့....ခန့်ထည်ဝါ..။
ဒီနှစ်ယောက်သာပေါင်းမိသွားရင်တော့ လွယ်မှာမဟုတ်ဘူး...ဟူး..။
သျှင်မင်း..
ရောက်ကတည်းက မူးနေသည့်
ခေါင်းက. သံပုရာရည် နှစ်ခွက်သောက်ထားတာတောင်မှ အမူးမပြေသေး။အခုတလော ရှိုင်းအကြောင်းတွေးရင်းနှင့်.ညညဆိုအိပ်လို့မပျော်..။အဆိုးဆုံးကတော့ ကျွန်တော့်ကို ဂရုစိုက်ပေးမည့်မေမေ..မရှိတာလည်းပါသည်။မေမေက..သူ့ညီမ..ကျွန်တော်အဒေါ်နှင့်အတူ..မြန်မာပြည်အနှံ့ဘုရားဖူးထွက်သွားလေသောကြောင့်ပင်...။အခုဆို
ကျွန်တော်ဘေးနားမှာ မေမေလည်းမရှိ..။ရှိုင်းရဲ့အရင်ကလို..ဂရုစိုက်မှုတွေ..နွေးထွေးမှုတွေကလည်း...
အခုချိန်မှာ ပျောက်ဆုံးနေတာကြာပြီလေ။ဟိုတလောလေးက..ရှိုင်းနဲ့.မင်းယု
ကိစ္စပြီးကတည်းက...အခုချိန်ထိ..ရှိုင်းနဲ့ကျွန်တော်အဆက်သွယ် ပြတ်နေတာကြာပြီ..။သူတို့နှစ်ယောက်အကြောင်းကို..မေ့ထားချင်တာနဲ့ပဲ..အလုပ်ထဲခေါင်းနှစ်ထားတာ..အခုတော့..လူကဒဏ်မခံနိုင်တော့ဘူးနဲ့တူပါရဲ့...။
Toilet. ကိုသွားဖို့အတွက်.. အထ.
လူကမိုက်ခနဲ့ဖြစ်သွားကာ..စားပွဲပေါ်.သို့..လက်အမြန်ထောက်လိုက်ရသည်။ခန့်ထည်ဝါ..ကိုးနှင့်.ကိုးဦးလေးတို့ရဲ့..စိုးရိပ်ပူပင်သည့်အကြည့်များကြောင့်..ကျွန်တော်ပြုံးပြလိုက်ရသည်။
""ဘာမှ..မဖြစ်ဘူး..toilet ကိုခဏသွားလိုက်ဦးမယ်နော်..""
""တစ်ယောက်တည်း...ဖြစ်ရဲ့လား""
""ဖြစ်ပါတယ်..ခန့်ထည်ကလဲ..ငါဘာမှမဖြစ်ဘူး.."
❤❤❤❤❤❤
Toilet ကနေထွက်လာတော့..
ခြေထောက်တွေက..သာခွေယိုင်ဖြစ်နေလို့..မနည်းထိန်းပြီး လျှောက်နေရသည်။ခန္ဓာကိုယ်တစ်ခုလုံးလည်း..လေးပင်နေသလိုပင်..။
""ကိုမင်းဈာဉ်...ဒါက..ယုရဲ့ချစ်သူလေ.နာမည်က..ရှိုင်းမင်းတဲ့..ယုကတော့..ရှိုင်းလို့ပဲခေါ်တယ်..""
ရုတ်တရက်..ကြားလိုက်ရသည့်စကားသံတွေထဲတွင်..မိမိရင်းနှီးနေသည့်..နာမည်များ.ပါနေတာကြောင့်ကျွန်တော်လည်း.ဘာရယ်မဟုတ်..အသံလာရာဆီကိုကြည့်လိုက်မိသည်။
""ဘာ...ယု..လိမ်ပြောနေတာလား.ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ..ယုကနောက်ထပ်..ချစ်သူအသစ်တစ်ယောက်ရသွားတာလား..""
""အဟက်...ဘာလဲ..ကိုမင်းဈာဉ်က..မယုံလို့လား..ရှိုင်းက.ယုရဲ့ချစ်သူအသစ်မဟုတ်ပါဘူး...ယု..အရမ်းချစ်ခဲ့ရတဲ့.ယုရဲ့အချစ်ဦးပါ...ယုတို့မိသားစုက..ဂျပန်ကိုပြောင်းသွားရလို့သာ..
ရှိုင်းနဲ့ယုက. ဝေးခဲ့ရတာလေ..အခု..ယုလည်းမြန်မာပြည်ပြန်ရောက်လာတော့..နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ..အချစ်တွေရှိနေသေးတာကြောင့်ပဲ..နှစ်ယောက်က.ပြန်တွဲဖြစ်သွားတာပါ...""
""ဘာ..."""
ကိုမင်းဈာဉ်ဆိုသောသူကိုသာ..ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နေရတာပါ..။
ယုနှင့်ရှိုင်းဆိုသောသူနှစ်ယောက်က..ကျွန်တော့်ဘက်ကိုကျောပေးထိုင်နေတာကြောင့်..သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကို..ကျွန်တော်မမြင်ရ..။ယုနဲ့ရှိုင်းဆိုသောနာမည်များကြောင့်..
ကျွန်တော်.ရင်ထဲစိုးထိတ်မှုတွေနဲ့အတူ..နာကျင်နေမိ၏။
""ဟုတ်ပါတယ်..ကိုမင်းဈာဉ်..
ကျွန်တော်ဘဝမှာ..ယုကလွဲပြီး..တခြားဘယ်သူ့ကို..မချစ်နိုင်တော့ဘူးဗျ..ကျွန်တော်နှလုံးသားတစ်ခုလုံးကို..ယုလက်ထဲမှာပဲ..ပုံအပ်ထားတာလေ..သြော်..ယု..အချစ်လေး..ကိုယ် ..toilet ခဏသွားလိုက်ဦးမယ်နော်...""
ဟုပြောရင်းနှင့်ရှိုင်းဆိုသောကောင်လေးထိုင်ရာကနေ..ထလိုက်တာကြောင့်..ကျွန်တော်လည်း..တိုင်အကွယ်လေးကနေ.ချောင်းကြည့်လိုက်မိသည်။ကျွန်တော့်ရဲ့ ရှိုင်းလေးမဖြစ်ပါစေနဲ့လို့လဲ..ဆုတောင်းနေမိ၏။သို့ပေမယ့်..ကျွန်တော်ဆုတောင်းမပြည့်ခဲ့ပါ။
ရှိုင်း!!!!!!!....ကျွန်တော်ဘယ်ဘက်.ရင်ဘတ်တခြမ်းလုံး..အောင့်တက်သွားသည်။ပါးစပ်ကိုလက်တစ်ဘက်နှင့်အုပ်ပြီး..အသံတိတ်ငိုကြွေးလိုက်မိ၏။
ရှိုင်းရယ်...မင်းရက်စက်လိုက်တာကွာ..
ပါးပြင်ပေါ်က. မျက်ရည်စတွေကို
လက်နဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး..ထိုနေရာကနေ..ကျွန်တော်ထွက်လာခဲ့လိုက်သည်။စောစောက..မူးနောက်နေသည့်ခေါင်းကလည်း..ပိုပြီးမူးလာသလို..။သာခွေယိုင်ဖြစ်နေသည့်..ခြေထောက်များကလည်း..
ပို၍ပင်..ပျော့ခွေလာတော့သည်။..ရင်ထဲမှာလည်း..တဆစ်ဆစ်နှင့်.နာကျင်နေလေသည်။ရှိုင်းရယ်...မင်းရက်စက်တယ်..ဆိုသောစကားလေးတစ်ခွန်းကိုသာအကြိမ်ကြိမ် ရေရွတ်နေမိ၏။နားထဲမှာလည်း..
""ကျွန်တော်ဘဝမှာ..ယုကလွဲပြီး..တခြားဘယ်သူ့ကို..မချစ်နိုင်တော့ဘူးဗျ..ကျွန်တော်နှလုံးသားတစ်ခုလုံးကို..ယုလက်ထဲမှာပဲ..ပုံအပ်ထားတာ""
ဟူသောစကားလုံးတွေကသာကြီးစိုးလို့နေသည်။
""Smile(စမိုင်း.)..""
စိုးရိမ်တကြီးနှင့် ကျွန်တော်အနားကို..မပြေးရုံတမယ် ခြေလှမ်းများနှင့် လှမ်းလာနေသည့်ခန့်ထည်ဝါ..။ကျွန်တော်ရဲ့အမြင်အာရုံတွေက..ကြည်ကြည်လင်လင်မဟုတ်တော့..တဖြေးဖြေးနှင့်..မှုန်ဝါးလို့လာသည်။.နောက်တော့..ကျွန်တော်..ခေါင်းထဲမိုက်ခနဲ့ဖြစ်သွားပြီး..ကျွန်တော်..သတိလွတ်သွားကာ..လူလည်းရုပ်ကြိုးပျက်လဲကျသွားလေတော့သည်။.နောက်ဆုံးမှတ်မိနေသည်ကတော့..ကျွန်တော်..
ခန္ဓာကိုယ်လေး..မြေပြင်ပေါ်သို့လဲမကျသွားအောင်..ခန့်ထည်ဝါကလှမ်းထိန်းလိုက်ပုံရသည်။လူကသူ့ရင်ခွင်ထဲရောက်သွားသည်ကိုတော့မှတ်မိနေသည်။နောက်တော့ ကျွန်တော်..ဘာမှမသိတော့ပေ။.လူက.100%အသိစိတ်တို့လွတ်ထွက်သွားလေတော့သည်။
💗💗💗💗💗💗💗💗💗💗💗💗
သျှင်မင်း.....
တစ်နေ့မင်း.ငါ့ကိုထားသွား.လိမ့်မယ်ဆိုတာကို..ကြိုသိနေပေမယ့်လည်း...တကယ့်တမ်းကြုံတွေ့လိုက်ရတဲ့အချိန်မှာ လူက ရူးခါသွားမတတ်ကိုခံစားလိုက်ရတယ်...။ရှိုင်းရယ်..မင်းဘက်က..ငါ့ကိုထားသွားဖို့...အစီစဉ်ရှိတယ်ဆိုရင်လည်း..ဘာကြောင့်များ..ငါ့ကိုအရမ်းချစ်တတ်သွားအောင်..မင်းပြုစားခဲ့ရတာလဲ..ဟင်.။
စိတ်ချပါ..ငါ့အပေါ်မှာ အေးစက်သွားတဲ့..မင်းရဲ့ခံစားချက်တွေကို..ငါအပူပေးဖို့ကြိုးစားမှာမဟုတ်သလို...။အချစ်ဆိုတဲ့နှောင်ကြိုးနဲ့မင်းကို တုပ်နှောင်ထားဖို့လည်း..ငါမကြိုးစားပါဘူး..။မင်းသွားလိုရာကို..သွားနိုင်ပါတယ်...။ငါမတားပါဘူး.။မင်းသာ..ပျော်ရွှင်မယ်ဆိုရင်..ငါရင်ကွဲခံပြီး..မင်းကိုလက်လွှတ်ပေးလိုက်မှာပါ..။ရှိုင်း..ငါမင်းကိုအရမ်းချစ်တယ်...ကလေးရယ်...။
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Lãng mạnယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။