''ရင်ခုန်သံနွေးနွေးထွေးထွေး´´(bl)
***************************
##အပိုင်း(၁)##
***************
''ဟင်း……´´
သျှင်မင်း စိတ်ပျက်စွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်မိ၏။ သူ့ကျောင်းပြန်လာသည့် အချိန်တိုင်း
လမ်းထိပ်တွင် ထိုင်စောင့်နေလေ့ရှိသည့် ကောင်လေး၏ မျက်နှာကို သူဘုကြည့်ကြည့်လိုက်သည်။ထိုကောင်လေးကတော့ သူမဟုတ်သည့်အတိုင်း မသိချင်ယောင်ဆောင်နေလေသည်။
သျှင်မင်းတို့သားမိနှစ်ယောက် ဒီရက်ကွက်ထဲကိုပြောင်းလာတာ နှစ်ပတ်ပဲရှိသေးသည်။ထိုကောင်လေးက သျှင်မင်းတို့ပြောင်းလာသည့်
အိမ်ရဲ့ဘေးအိမ်တွင်နေပင်မယ့်လည်း ထိုကောင်လေးနဲ့ကတော့ သျှင်မင်းမရင်းနှီးပေ။စတွေ့ကတည်းက ထိုကောင်လေး၏ပုံစံကထူးဆန်းနေ၏။ သျှင်မင်းဘယ်သွားသွား အနောက်ကနေလိုက်လာလေ့ရှိသည်။အစကတော့ တိုက်ဆိုင်မှုတစ်ခုလို့ထင်ခဲ့ပေမယ့် အခုတော့ မဟုတ်မှန်းသျှင်မင်း ရိပ်မိနေပြီဖြစ်သည်။ သျှင်မင်းကျောင်းပြန်လာသည့်အချိန်တိုင်း လမ်းထိပ်တွင် အမြဲစောင့်နေလေ့ရှိသည်။ဘာစကားတစ်ခွန်းမျှမပြောပဲ ဒီအတိုင်း သျှင်မင်းနောက်ကနေပဲ
လိုက်လိုက်လာတတ်၏။ တစ်ခါလည်းမဟုတ်
နှစ်ခါလည်းမဟုတ် ကြာလာတော့ သျှင်မင်း
စိတ်အနှောင့်ယှက်ဖြစ်လာသည်မှာအမှန်ပင်။
''ဟိတ်……မင်းငါ့နောက်ကို…ဘာဖြစ်လို့
လိုက်လိုက်နေရတာလဲ……´´
သျှင်မင်းသည်းမခံနိုင်သည့်အဆုံး ထိုကောင်လေးကို မျက်နှာချင်း
ဆိုင်ပြီး မေးလိုက်သည်။ထိုကောင်လေးကသျှင်မင်း၏အမေးကိုပြန်မဖြေပဲ သဘောကျစွာနှင့်ရယ်မောနေလေသည်။
''မင်း …ဘာရယ်တာလဲ…ငါပြောတဲ့အထဲမှာ
ရယ်စရာပါနေလို့လား……´´
''ဟင့်အင်း…အစ်ကိုပြောတဲ့အထဲမှာရယ်စရာမပါပါဘူး…´´
''ဒါဆိုရင် မင်းကဘာဖြစ်လို့ ရယ်ရတာလဲ…´´'
''ဒီအတိုင်း …သဘောကျလို့ပါ…အစ်ကိုပြောတာလေးကို……´´
''အဲ့ဒါဆို ငါမေးထားတာကိုဖြေလေ…မင်း
ဘာဖြစ်လို့…ငါနောက်ကိုလိုက်လိုက်နေရတာလဲ……´´
''အစ်ကို့ကိုခင်ချင်လို့ ´´
''sorryပဲ…ငါက …ကလေးတွေနဲ့မခင်တတ်ဘူး…´´
''ကျွန်တော်က…ကလေးမှမဟုတ်တော့တာ…
နောက်ပြီး အစ်ကိုနဲ့လည်း အသက်သိပ်မကွာပါဘူး…´´
ဟုထိုကောင်လေးကပြောလိုက်သောစကားကြောင့်သျှင်မင်း တစ်ချက်ရယ်လိုက်သည်။
''ဟား…ဟား…ဟား…အသက်ကသိပ်မကွာဘူး…ဟုတ်လား… ဒီမှာကောင်လေး မင်းသိပ်ပျင်းနေရင်လည်း အိမ်မှာပဲ ဂိမ်းဆော့နေ…ဟုတ်ပြီလား……ငါ့ကိုအာရုံနောက်အောင် လာမလုပ်နဲ့……´´
သျှင်မင်းစကားကြောင့်ထိုကောင်လေး၏မျက်နှာညိုးသွားလေသည်။ဘာစကားတစ်ခွန်းမျှမပြောတော့ပဲ ခေါင်းငိုက်စိုက်နှင့်ထွက်သွားလေသည်။
*********************************
''ဗျာ………´´
ရုတ်တရက်ပြောလာသည့်မေမေစကားကြောင့်
သူ့အံသြတုန်လှုပ်သွားကာ…
''ဟာ…မေမေကလည်း…ရှုပ်ရှုပ်ယှက်ယှက်နဲ့…ကိုယ့်ကျောင်းစာတောင် အနိုင်နိုင်ရယ်ကို…အဲ့ကောင်လေးကို သားကစာပြပေးရဦးမယ် ဟုတ်လား…ဟင့်အင်း သားမသင်ပေးချင်ဘူး…´´
''သားကလည်း…အဲ့ကလေးလေးက သိပ်ကို
သနားစရာကောင်းရှာတာကွဲ့…သူ့ဆီမှာမိဘတွေလည်းမရှိရှာတော့ဘူး သူ့အဒေါ်လင်မယားနဲ့အတူနေရရှာတာ…သူ့အဒေါ်လင်မယားကလည်း သူ့ကိုသိပ်ပြီးဂရုစိုက်ပုံမရဘူး…ကလေးရဲ့ ပညာရေးကိုလည်းဂရုစိုက်ကြတာမဟုတ်ဘူး
နောက်ပြီး၁၀တန်းဆိုတာ အရေးကြီးတယ်လေသားရယ်…အဲ့ကလေးကို သားစာပြပေးလိုက်ပါနော်……´´
''ဟင်း………´´
မေမေကိုအဲ့ကောင်လေး ဘယ်လိုများစည်းရုံးလိုက်သည်မသိ မေမေကဇွတ်အတင်းကိုထိုကောင်လေးအား စာပြခိုင်းနေလေတော့ သျှင်မင်းလည်းမတတ်သာအဆုံး ခေါင်းညိတ်လက်ခံလိုက်ရလေသည်။အဲ့ချိန်ကစပြီး သျှင်မင်းနဲ့သူ
စပြီးရင်းနှီးခဲ့ရလေသည်။ထိုကောင်လေး၏နာမည်ကတော့ ရှိုင်းမင်း ဖြစ်သည်။
*********************************
အခုဆိုရင် သူ ရှိုင်းမင်းကိုစာသင်ပြ
လာတစ်လရှိသွားပြီဖြစ်သည်။ထိုတစ်လလေးအတွင်းမှာရှိုင်းမင်းနဲ့မေမေ အရမ်းကိုရင်းနှီးနေကြပြီဖြစ်သည်။မေမေကလည်း သား သားနဲ့
ပါးစပ်ဖျားကနေမချသလို ရှိုင်းမင်းကလည်း
မေမေ မေမေနဲ့ဖြစ်လို့နေသည်။မသိတဲ့သူတွေကတော့ ရှိုင်းမင်းကိုတကယ့်သားအရင်းလို့တောင်ထင်ချင်ထင်နေလိမ့်မည်။ရှိုင်းမင်း ဘယ်ခြေလှမ်းတွေ လှမ်းနေသလဲဆိုတာကို သျှင်မင်းရိပ်မိနေသည်။သို့ပေမယ့်လည်း သူ မသိချင်ယောင်ဆောင်နေခဲ့၏။အိပ်ချင်ယောင်ဆောင်နေသည့်လူတစ်ယောက်ကို နှိုးရခက်သည်ဟူသော
ဆိုရိုးစကားအတိုင်းပင် သျှင်မင်းအိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းသာဖြစ်သည်။(တင်စားပြီးပြောတာနော်)သျှင်မင်းစာသင်ပေးနေသည့်အချိန်တိုင်း ရှိုင်းမင်းအကြည့်တွေကစာအုပ်ဆီမှာမဟုတ်ပဲ သျှင်မင်း၏မျက်နှာကိုသာ စိုက်စိုက်ကြည့်နေတတ်၏။ရှိုင်းမင်း၏အကြည့်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို သျှင်မင်းသိနေခဲ့သည်။သို့ပေမယ့်လည်း မသိချင်ယောင်ဆောင်ခဲ့လေသည်။ထပ်တူကျသည့် အမှားမျိုး နောက်တစ်ခါ သျှင်မင်း ထပ်ပြီးမမှားချင်တော့ပါ။
နောက်ပြီးရှိုင်းမင်းက သူထက် အသက်၅နှစ်လောက်ငယ်သည်မဟုတ်ပါလား။ဆယ်ကျော်သက်အရွယ် စိတ်ကစားတတ်တာထုံးစံမို့ သူမသိချင်ယောင်ဆောင်နေခဲ့ရင် ရှေ့ဆက်ဘာမှဖြစ်မလာလောက်ပါဘူးဟူသော အတွေးနှင့်မျက်စိစုံမှိတ်နေခဲ့သည်။
*********************************
နောက်တစ်နေ့သျှင်မင်းကျောင်းက
ပြန်အလာ သူ့အခန်းထဲတွင်ရောက်နေသည့်
ရှိုင်းမင်းကိုရုတ်တရက်တွေ့လိုက်ရ၏။
''မင်း…ငါ့အခန်းထဲကို ဘာဝင်လုပ်နေတာလဲ´´
သူအံ့သြတကြီးနှင့်မေးလိုက်သည်။
''ဟင်…အ…အစ်ကိုရောက်လာပြီလား…ဟို…ဟိုလေ…အစ်ကိုအခန်းကို ကျွန်တော်သန့်ရှင်းရေးလုပ်ပေးနေတာပါ…´´
ရှိုင်းမင်းက မလုံမလဲနှင့်ပြန်ဖြေသည်။ထိုနောက်
သူ၏လက်နှစ်ဖက်ကို နောက်ကျောဘက်ဆီသို့
ကမန်းကတန်း ဝှက်လိုက်သည်ကို သျှင်မင်းမြင်လိုက်သည်။
''ဘာကိုဖွက်လိုက်တာလဲ…´´
''ဟင်……ဘာကိုလဲ…´´
''မင်း လက်ထဲမှာကိုင်ထားတာဘာလဲ…´´
''ဘာ…ဘာမှ မဟုတ်ပါဘူး…´´
သျှင်မင်းစိတ်မရှည်စွာနှင့် ရှိုင်းမင်း၏လက်များကို
အတင်း ဆွဲရမ်းလိုက်လေသည်။ထိုအခါရှိုင်းမင်းလက်ထဲကနေလွတ်ကျလာသည့်အရာက သျှင်မင်း၏ဒိုင်ယာရီစာအုပ်ဖြစ်နေလေသည်။
´'မင်း……မင်း…´´
သျှင်မင်းဒေါသတကြီးနှင့်ရှိုင်းမင်းအားစိုက်ကြည့်လိုက်သည်။
''ဟို…ဟို…ကျွန်…ကျွန်တော်…တမင်သက်သက်…ယူ…ယူ……´´
''ဒီထဲက…စာတွေကို မင်း…မင်းဖတ်လိုက်မိသေးလား……´´
ရှိုင်းမင်းစကားမဆုံးသေးခင် သူဒေါသတကြီးနှင့်မေးလိုက်လေသည်။
''ပြောလေ…မင်းဒီစာအုပ်ထဲမှာရေးထားတဲ့
စာတွေကိုမင်းဖတ်လိုက်သေးလား…´´
''ဟုတ်……ကျွန်တော်သိချင်လို့ ဖတ်လိုက်မိတယ်´´
''သွား……အခုချက်ချင်း ငါ့အခန်းထဲကနေ……မင်းထွက်သွား……ထွက်သွား!!!!!!´´
သူဒေါသတကြီးနှင့်ရှိုင်းမင်းအားမောင်းထုတ်ပစ်လိုက်သည်။
''အစ်ကို…အစ်ကိုကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော်တမင်သက်သက် ယူဖတ်တာမဟုတ်ပါဘူး…ကျွန်…ကျွန်တော်……´´
''သွား……ဘာမှမကြားချင်ဘူး ……အခုချက်ချင်းထွက်သွား…………ထွက်သွား……အား!!!!!´´
သူဒေါသစိတ်ကြောင့် အသိစိတ်တို့ကင်းမဲ့သွားကာ ရှိုင်းမင်းအားအခန်းအပြင်ဘက်သို့တွန်းထုတ်ပစ်လိုက်ပြီး အခန်းတံခါးအားပိတ်လိုက်သည်။လူသိမခံချင်သည့် လျို့ဝှက်ချက်တွေနဲ့ပြည့်နေသည့် ဒိုင်ယာရီစာအုပ်ကိုမှ ရွေးပြီးဖတ်ခဲ့သည့်ရှိုင်းမင်းအား သူအရမ်းစိတ်ဆိုးခဲ့မိ၏။
ကြမ်းပြင်ပေါ် ကျနေသည့်ဒိုင်ယာရီစာအုပ်ကြားထဲကနေထွက်ကျလာသည့် ဓာတ်ပုံလေးကို
သူကောက်ယူလိုက်သည်။ထိုဓာတ်ပုံလေးကို ကြည့်ရင်း သူ့ပါးပြင်ပေါ်တွင်မျက်ရည်များအတားဆီးမရှိစီးကျလာလေသည်။မရှက်တမ်းဝန်ခံရရင် သူဟာ ယောက်ျားလေးတစ်ယောက်ကို
အရမ်းချစ်ခဲ့ဖူးသည်။ထိုယောက်ျားလေးကလည်း တခြားသူမဟုတ် သူနှင့်ငယ်ငယ်လေးကတည်း ခင်မင်ရင်းနှီးလာခဲ့သည့် သူ့၏ငယ်သူငယ်ချင်းတစ်ဦးဖြစ်လေသည်။လောကသဘာဝကိုဆန့်ကျင်ပြီးသူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ကြိုးတွေအထပ်ထပ်ရစ်ပတ်နှောင်ဖွဲ့ခဲ့ကြမိသည်။သူငယ်ချင်းဆိုသည့်
သံယောဇဉ်ထက်ကိုပိုခဲ့မိကြသည်မှာအမှန်ပင်။
သို့ပေမယ့်လည်း ပတ်ဝန်းကျင်၏ရိုက်ခတ်မှု။
ပုတ်ခတ်ကဲ့ရဲ့မှုတွေ၏ဒဏ်ကိုလည်းသူတို့အလူးလဲခံစားခဲ့ရသည်မှာလည်းအမှန်ပင်။
ထိုအချိန်ကရရှိခဲ့သည့်ရှက်ရွံ့မှု။အားငယ်မှုများကိုလည်းသူအခုချိန်ထိမမေ့သေးပေ။ထိုကြောင့်
သူအခုချိန်မှာ ဟန်ဆောင်မှုကောင်းကောင်းနှင့်နေနေခဲ့သည်မဟုတ်ပါလား။သူကြောင့်နောက်ထပ်တစ်ကြိမ်မေမေကိုအရှက်မရစေချင်ပါ။
သူကြောင့်မေမေကိုပတ်ဝန်းကျင်က ဝိုင်းပြီးကဲ့ရဲ့မှာကို သူ မလိုလားတော့ပါ။ထိုကြောင့်
အခုချိန်မှာ ရှိုင်းမင်းနဲ့ပတ်သက်ပြီးသူဘက်က
ပြတ်သားဖို့လိုလာပြီးဟုသူတွေးလိုက်မိလေသည်။
💗💗💗
###အပိုင်း(၂)###မျှော်
မျှော်မယ့်သူလည်းရှိမှာမဟုတ်ပါဘူးလေ ခစ်ခစ်။စိတ်ထဲရှိရာလျှောက်ရေးခြင်းသာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေလိုသောစိတ်မရှိပါ။
ရေးသူ…ခွန်စဉ်
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။