""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၁၁)##
💖💖💖💖💖💖
""ကိုကို....ပန်းသီးစားမယ်..""
""အင်း...""
""ကိုကို..ကျွန်တော် ခွံ့ပြီးကျွေး မယ်နော်.....""
""အင်း...""
""အဲ့ဒါဆိုရင်...ပါးစပ်ဟလေ ... ""
""အင်း ""
ရှိုင်းရောက်ကတည်း ဧည့်ခန်းထဲတွင်
ဇာတ်ကားထိုင်ကြည့်နေသည့်ကိုကို.
ရှိုင်းတောင်ပန်းသီးတွေကို ရေဆေးပြီးခွဲယူလာသည့်အထိ ရှိုင်းကိုအရေးမလုပ်သည့်ကိုကို.....အခုလဲ ပန်းသီးကျွေးနေတာတောင်မှ ရှိုင်းဘက်ကိုတစ်ချက်ကလေးတောင် စောင်းမကြည့်နိုင်တဲ့ကိုကို....ကြည့်နေတဲ့ဇာတ်ကားက
ဘာကားမို့လို့ ကိုကိုအဲ့လောက်ထိ စိတ်ဝင်တစားကြည့်နေတာပါလိမ့်ဆိုပြီး
ရှိုင်း TVကိုလှမ်းကြည့်လိုက်တော့
တရုတ်သိုင်းကား .....ဇာတ်လမ်းကတော့စိတ်ဝင်စားစရာကောင်းသလား..မကောင်းသလားတော့မသိ
ရှိုင်းမျက်စိထဲမြင်တာကတော့
ဝတ်ရုံဖြူဖြူနှင့်မင်းသားက အရမ်းကိုကြည့်ကောင်းနေသည်။TVထဲကိုတောင်
ပြေးဝင်သွားမတတ်...စိတ်ဝင်တစားကြည့်နေသည့်ကိုကို့ကိုကြည့်လိုက်.
..ဇာတ်လမ်းထဲကမင်းသားကိုကြည့်လိုက်နှင့်ဖြစ်နေတဲ့ရှိုင်း...နှုတ်ခမ်းကြီးကိုရှေ့တစ်တောင်လောက်ထိ ဆူထားနေမိ၏။ စိတ်တွေလည်းတို..ကိုကို့ကိုကြည့်ရင်း အူတွေယားလာတာနဲ့ပဲ
""ဖြန်း...""
""အောင်မယ်လေး.....သေပါပြီ.... ရှိုင်းရာ....""
ကိုကိုရဲ့နဖူးလေးကို ဖြန်းခနဲ့မည်အောင်
ရိုက်ပစ်လိုက်သည်။ကိုကိုကတော့
သူနဖူးလေးကိုလက်နဲ့ပွတ်ရင်းနှင့်...
""ရှိုင်း....မင်းဘာဖြစ်လို့..ငါနဖူးကိုလာရိုက်ရတာလဲ....""
""ဟွန့်.....ဇာတ်လမ်းထဲကမင်းသားကို
...ကိုကိုငမ်းနေလို့ ရိုက်လိုက်တာ...ဘာဖြစ်လဲ...""
""ဟောဗျာ....ဇာတ်ကားကြည့်နေပါတယ်ဆိုမှ...ဘယ်ကမင်းသားကို..ငါကသွားငမ်းရမှာလဲ...""
""မသိဘူး...မသိဘူးကွာ...ကိုကို..အဲ့ဇာတ်လမ်းကိုမကြည့်နဲ့တော့...""
ရှိုင်းပြောပြောဆိုဆိုနဲ့ပဲ စားပွဲပေါ်က
TVရီမုတ် ကိုယူပြီးTVပိတ်ပစ်လိုက်သည်။
""ဟာ...ရှိုင်းကလဲ..ဇာတ်လမ်းက ကောင်းခန်းရောက်နေပြီ....ပြန်ဖွင့်ပေး..""
""ဘာလို့ဖွင့်ပေးရမှာလဲ....မဖွင့်ပေးပါဘူး..ကိုကိုနော်...ကျွန်တော်တစ်ယောက်လုံးအနားမှာရှိနေတာကို..
တခြားသူကို ငမ်းရဲသေးတယ်နော်..""
""ဟေ..ရှိုင်းကလဲ...သဝန်တိုစရာမရှိ.
ကြံဖန်ပြီးသဝန်တိုပြန်ပြီကွာ...""
""ဘာဖြစ်လဲ...ဟော့ဒီက ကိုကိုချစ်လွန်းလို့..သဝန်တိုတာ..ဘာဖြစ်လဲ..""
ရှိုင်းကိုကိုရဲ့ နဖူးလေးကို လက်ညိုးနဲ့တို့ရင်းပြောလိုက်သည်။
""ဟွန့်....ဘာမှလဲမဆိုင်ဘူး....""
""ဆိုင်..ဆိုင်..မဆိုင်ဆိုင်..မကြည့်နဲ့ဆိုမကြည့်နဲ့ပေါ့...ဘာတွေအရစ်ရှည်နေမှန်းကိုမသိဘူး...""
""ဟင်း....မကြည့်နဲ့ဆိုလဲ...မကြည့်တော့ပါဘူး....""
မဆီမဆိုင် ရှိုင်းရယ်.ဇာတ်လမ်းထဲက
မင်းသားနဲ့ပါသဝန်တိုရတယ်လို့..
တတ်လည်းတတ်နိုင်တဲ့ကလေး...။
""ကိုကို....""
""ဟင်..,..ဘာလဲ...""
"""ရှိုင်း..ပျင်းနေတယ်...""
ခပ်ချွဲချွဲလေသံဖြင့်..
""ဟုတ်လား...အဲ့တော့.ငါကဘာလုပ်ပေးရမှာလဲပြော...""
""ဂိမ်းဆော့ချင်တယ်...""
နှုတ်ခမ်းလေးထော်ပြီးပြောသည်။
""ရှိုင်း..ဂိမ်းဆော့ချင်တာလား...ဆော့ချင်ဆော့လေ.....""
""ကိုကိုပါ...လိုက်ဆော့ပေးရမှာနော်...""
မျက်လုံးလေး ပုတ်ကလက် ပုတ်ကလက်လုပ်ရင်းနှင့်ပြောလာသည်။
""အဲ့ဆို..ရှိုင်းက ဘာဂိမ်းဆော့မလို့လဲ""
""လွယ်လွယ်လေးပါ....ဒိုးဆက်..ကစားမယ်လေ..နော်...ဟိုတစ်ခါက...ကိုကို့ကိုဝယ်ခိုင်းထားတယ်လေ...ဝယ်ပြီးပြီလားဟင်...""
တမင် ရှိုက်သံလေးနှင့်ပြောနေသောရှိုင်းကိုကြည့်ရင်း သျှင်မင်းရယ်ချင်နေမိ၏။
တော်တော်မူယာ မာယာများလှသည့်ကလေး။အရင်က ဒီလိုပုံစံမျိုးမဟုတ်။
သျှင်မင်းနဲ့ချစ်သူတွေဖြစ်မှ ပြောင်းလဲသွားသော ရှိုင်းရဲ့ပုံစံက ကလေးဆန်သည်။ဖြူစင်သည်။ချစ်စရာလဲကောင်းလွန်းလှ၏။
""ဝယ်ထားပါတယ်ဗျာ....ဟိုက.ဗီရို ထဲက အံဆွဲ ထဲမှာထည့်ထားတယ်..
သွားယူချေ...""
""တကယ်....ယေ့..ယေ့...ပျော်လိုက်တာ...အဲ့ဒါကြောင့်...ကိုကိုချစ်တာ..
..""
""အမ်....""
သျှင်မင်းရဲ့ပါးလေးကို. ရွှတ် ခနဲ့နမ်းပြီး
ဗီရို ဆီကိုပြေးသွားသည့်ရှိုင်း......
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။