""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၂၇)##
💖💖💖💖💖💖
တောင်စဉ်ရေမရတဲ့.စကားတွေကို.နုတ်ကနေတတွတ်တွတ်.ရွတ်ဆိုရင်းနဲ့သျှင်မင်း ကိုအရုပ်လေးတစ်ရုပ်လိုသူ့ရင်ခွင်ထဲထည့်ထားပြီး..သျှင်မင်းရဲ့..ပုခုံးတွေ.လည်တိုင်တွေ.လက်လေး
တွေ..ပါးနုနုလေးတွေ.နုတ်ခမ်းလေးတွေကို..တယုတယနဲ့..စေတမန်သဘောရှိ.နမ်းရှိုက်နေလေတော့သည်။
💖💖💖💖💖💖💖💖💖💖💖💖
""ဟာ..တောက်..!!..တံခါးကအတွင်းထဲကနေသော့ခတ်ထားတာဟ..""
""ကိုး..ဒီအိမ်ဆိုတာသေချာပါတယ်နော်.""
""သေချာတယ်..ခန့်..အတွင်းထဲကနေ သော့ခတ်ထားတယ်ဆိုတော့..သေချာတယ်..ဒီတိုက်ထဲမှာsmile(စမိုင်း)ရှိကိုရှိမှာကွ..""
""လုပ်ကြပါ..အထဲမှာ..ကိုကိုဘယ်လိုဖြစ်နေပြီလဲမသိဘူး..ကျွန်တော်..ခြံတံခါးပေါ်ကနေ..ကျော်တက်သွားလိုက်မယ်..""
""ဟ.မင်းရူးနေလား..ခြံတံခါးက.ဒီလောက်အမြင့်ကြီးကို..်""
""ခန့်ရော..ရှိုင်းရောတော်တော့..ခြံတံခါးကနေ.ခပ်ခွာခွာလေးနေကြ..""
""ဟေ့ကောင် ကိုး..မင်းဘာလုပ်မလို့လဲ""
""ခြံတံခါးကို..ကားနဲ့တိုက်ပြီးဖွင့်မလို့လေ.ခန့်ရဲ့..""
""မင်းရူးနေလား.""
ခန့်ထည်ဝါ..ကိုးနှင့်.ရှိုင်းတို့သုံးယောက်..ခြံကြီးရဲ့ရှေ့မှာ..ဗျာများနေကြစဉ်..။သူတို့သုံးဦးရှိရာ..အနားဆီသို့.ကားတစ်စီး..ထိုးရပ်လာခဲ့လေသည်။ထိုကားထဲကနေဆင်းလာသူကတော့.
""ကိုမင်းဈာဉ်.. ခင်ဗျား..ဒီကိုဘယ်လိုဖြစ်ပြီးတော့.ရောက်လာတာလဲ..""
""ကျစ်..အဲ့ဒါတွေနောက်မှမေးတော့..
ဟိုအထဲမှာ..ဘာတွေဖြစ်နေပြီလဲ..မသိဘူး..""
မင်းဈာဉ်က.ပြောပြောဆိုဆိုနဲ့ သူ့ဘောင်းဘီအိတ်ထဲက..သော့တစ်ခုကိုထုတ်ယူလိုက်ပြီး.ခြံတံခါးသော့ကိုဖွင့်လိုက်လေသည်။
တကယ်တော့ဒီကိစ္စတွေဖြစ်ရတာက.မင်းဈာဉ် ရဲ့အပြစ်လည်းပါသည်မဟုတ်ပါလား..။စေတမန်..ကသျှင်မင်းကို..ခေါ်ယူပြီး.သူ့အနားမှာထားမည်ဆိုတာကို..မင်းဈာဉ်အစကတည်းသိ၏။အနည်းနဲ့အများလည်း.စေတမန်ကို.သူမြှောက်ပေးခဲ့သည်။သူနဲ့မင်းယု.ဝေးရသလိုမျိုး..သျှင်မင်း နဲ့ရှိုင်းကိုလည်း
သူဝေးစေချင်ခဲ့သည်။
ဒီကိစ္စကိုခေါင်းအေးအေးနဲ့စဉ်းစားကြည့်လိုက်တော့..မဖြစ်သင့်မှန်း..မင်းဈာဉ် နားလည်လာခဲ့သည်။သူ့က..စည်းစိမ်မက်လို့.အချစ်ကိုစွန့်ပစ်ခဲ့တဲ့သူ..။သျှင်မင်းတို့..ရှိုင်းတို့နဲ့ကဘာမှမဆိုင်..။နောက်ပြီးစေတမန်အကြောင်းကို..သူကောင်းကောင်းသိနေတော့..မဖြစ်သင့်တာတွေ..မဖြစ်ရအောင်.သူတားဖို့လိုလာလေပြီ..။သူနောက်မကျပါစေနဲ့ဆုတောင်းရင်းနဲ့ပေါ့..။
ခြံတံခါးပွင့်သွားတော့.သူတို့၎ဦးခြံထဲကို..ဝင်လာခဲ့လေသည်။ခြံထဲကနေတိုက်ဆီကိုသွားမည့်.လမ်းတစ်လျောက်လုံးမှာ.သွေးစတွေကိုတွေ့လိုက်ရတော့..သူတို့အားလုံးပူထူသွားကုန်လေပြီ..။
"ဟာ...ဒါ..ဒါ..သွေးတွေမလား..ကိုကို..ကိုကိုဘာမှမဖြစ်ပါစေနဲ့..""
ရှိုင်းရင်ထိတ်သွားသလို..မင်းဈာဉ်လည်းထူပူသွားရလေပြီ..။
မင်းဈာဉ်ခပ်မြန်မြန်ဘဲ..တိုက်ကြီးထဲကို.ပြေးဝင်သွားလေသည်။ရှိုင်းတို့တွေလည်း.မင်းဈာဉ်အနောက်ကနေ.ပြေးလိုက်ကြ၏။
တိုက်ကြီးနဲ့ရင်းနှီးနေပြီဖြစ်သည့်.မင်းဈာဉ်က..စေတမန်ဘယ်အခန်းထဲမှာရှိနေမလဲဆိုတာကို..ခန့်မှန်းပြီးသားဖြစ်သည်။တိုက်ကြီးထဲက.ဧည့်ခန်းထဲတွင်လည်း.နေရာအနှံ့သွေးများ..ပွနေသည်ကို..တွေ့လိုက်ကတော့..သူတို့တွေအားလုံးရဲ့.စိုးရိမ်စိတ်တွေက.အမြင့်ဆုံး.ဒီဂရီ.သို့မြင့်တက်သွားကြလေသည်။မင်းဈာဉ်က..သူမှန်းထားတဲ့အခန်းထဲကို..အရင်ဦးအောင်ဝင်လိုက်လေသည်။မြင်လိုက်ရသည့်မြင်ကွင်းကြောင့်..မင်းဈာဉ်..တစ်ကိုယ်လုံး အေးခဲသွားရလေသည်။စေတမန်ထွေးပိုက်ထားသည့်..သျှင်မင်းက..စေတမန်ရဲ့ရင်ခွင်ထဲမှာ..မလှုပ်မယှက်နှင့်..။ဒါကို.သကောင့်သား ကသျှင်မင်းအပေါ်ပိုင်းခန္ဓာကိုယ်အနှံ့ကို..နမ်းရှိုက်နေလေသည်။ဒီလိုမြင်ကွင်းမျိုးကို..ရှိုင်းသာမြင်သွားလို့ကတော့..။မင်းဈာဉ်တွေးလို့ပင်မဆုံးသေး...
""ဟာ..တောက်!!!!..ခွေးမသား...ခွေးကျင့်ခွေးကြံ နဲ့..ငါ့ကိုကို့ကိုအသားယူရဲတယ်ပေါ့...""
စေတမန်ရင်ခွင်ထဲမှာ..အပေါ်ပိုင်း..မလုံတလုံနဲ့.သျှင်မင်းရဲ့ပုံစံကို.မြင်လိုက်ရတော့..ရှိုင်း.လူသတ်ချင်တဲ့..စိတ်တွေပေါက်လာလေတော့သည်.။
နှုတ်ကနေလည်း.စေတမန်ကို..ခပ်ကြမ်းကြမ်း ဆဲဆိုရင်းနှင့်..စေတမန်ကို
ကုတင်ပေါ်ကနေ.ဆွဲချလိုက်ပြီး..စိတ်ရှိလက်ရှိ..ထိုးနှက်လေတော့သည်။မမျှော်လင့်ပဲ..ရောက်ရှိလာသည့်..လူတွေကြောင့်စေတမန်.တအံတသြဖြစ်နေလေသောကြောင့်.ရှိုင်းကိုပင်.သူပြန်မခုခံနိုင်ပဲရှိနေလေသည်။
ခန့်ထည်ဝါက သူအပေါ်အင်္ကျီ ကိုချွတ်ပြီး သျှင်မင်းကိုယ်ပေါ်ခြုံပေးလိုက်ရင်း..
""Smile(စမိုင်း.)..smile(စမိုင်း)..သူငယ်ချင်း.ဟေ့ကောင်..သတိထားဦးလေ..ငါခေါ်နေတယ်လေ..""
သျှင်မင်းရဲ့ကိုယ်လေးကိုပွေ့ထူလိုက်ပြီး.ခေါ်နေမိ၏။
""ခွေးကောင်...ငါမင်းကို..အသေသတ်မယ်..မင်း..ကိုကို့ကို..ဘာတွေလုပ်ထားသေးလဲ..ပြော...မင်းပြော..""
""ခွပ်...ခွပ်..""
ရှိုင်းကတော့..စေတမန်ကို..အသေသတ်ပစ်ချင်လောက်အောင်ထိ.ဖြစ်နေလေသောကြောင့်..ကိုးနဲ့မင်းဈာဉ်တို့..နှစ်ယောက်က..အတင်းဝင်ဆွဲပြီးတားလိုက်ရ၏။
""အဟက်..ဟား...ဟား...မင်းကိုကို့ကို.ငါ့ဘာလုပ်ထားလဲဆိုတာ..သူ့နိုးလာမှဘဲ..သူ့ကိုမေးကြည့်လိုက်ပါ့လား..""
""ခွေးကောင်..မင်းသေချင်နေတာလား..""
ဒေါသဖြစ်နေသည့်.ရှိုင်းရဲ့ပုံစံကို..ကြည့်ရင်းစေတမန်.ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
""အဟက်..မင်းဘဲ..စဉ်းစားကြည့်ပါလား..မင်းကိုကိုနဲ့..ငါ.အတူတူရှိနေတာ..နေ့တစ်ပိုင်းလောက်တောင်ရှိနေပြီ..ငါက.သူ့ကို.အလှကြည့်ရုံသပ်သပ်..
လောက်နဲ့..ခေါ်လာပါ့မလား..ငါ့သွေးသားဆန္ဒတွေကိုဖြည့်စည်းပေးဖို့အတွက်..ခေါ်လာတာလေ..ဘယ်မုဆိုးမှ..မိပြီးသား..သားကောင်ကို..ဒီအတိုင်းအလှကြည့်နေမှာမဟုတ်ဘူး..စားဖို့အတွက်ပဲ..စဉ်းစားနေမှာလေ..""
စေတမန်၏ညစ်ကျယ်ကျယ်..စကားများကြောင့်ရှိုင်း..အသားများအဆတ်ဆတ်တုန်လာသည့်အထိကိုဒေါသများ.အလိပ်လိုက်ထွက်နေလေသည်။
""တောက်..မင်းတော်တော်မိုက်ရိုင်းတဲ့အကောင်..""
ထိုအချိန်.ခန့်ထည်ဝါက..ဒေါသတကြီးနဲ့.စေတမန်ရဲ့..မေးရိုးကို..လက်သီးနဲ့ခပ်ပြင်းပြင်းပစ်ထိုးလိုက်၏။
""တော်ကြပါတော့..ကြားထဲက..smile(စမိုင်း)တစ်ခုခုဖြစ်သွားရင်..ဘယ်လိုလုပ်မလဲ..မြန်မြန်..smile(စမိုင်း)ကို..ဆေးရုံပို့ရအောင်..""
ကိုးက..ကုတင်ပေါ်မှာ..လှဲလှောင်းနေသည့်..သျှင်မင်းကိုကြည့်ရင်းနှင့်ဆိုလာလေသည်။ရှိုင်း..ပါးပြင်ပေါ်စီးကျလာသည့်..မျက်ရည်စတွေကို.ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ထိုနောက်အိပ်ရာပေါ်က..သျှင်မင်းကိုယ်လေးကို..ပွေ့ချီလိုက်ပြီး..သျှင်မင်း ရဲ့နဖူးလေးပေါ်ကို..အနမ်းတစ်ပွင့်ခြွေချလိုက်၏။ဒါကို.စေတမန်က..မလိုတမာအကြည့်မျိုးနဲ့ကြည့်လိုက်ပြီး..
""ဘယ်လို..လုပ်မလဲ...မင်းရဲ့ကိုကိုက..
ငါ့အထိတွေ့တွေမှာ..အရမ်းသာယာခဲ့တာကွ..အခုချိန်ထိ ငါ့နားထဲမှာ..စွဲနေတုန်းပဲ..သူ့နူတ်ကနေ..ထွက်ကျလာတဲ့.ညည်းသံလေးတွေကို..သူ့ရဲ့အသံလေးက..အရမ်းကိုဆွဲဆောင်မှုရှိတာပဲ..အင်း..ဟင်း.ဟင်း..အခုပြောရင်းနဲ့တောင်...""
""ဟာ..တော်တော့်ကို..သောက်ရှက်မရှိတဲ့အကောင်..""
စေတမန်ရဲ့.ယုတ်ယုတ်ညံ့ညံ့..စကားတွေကြောင့်..ဒေါသထွက်သွားသူကတော့ကိုး...။ကိုး..စေတမန်မျက်နှာကို.နှစ်ချက်ဆင့်ထိုးပစ်လိုက်၏။
""အား...အဟားဟား..ဟား...""
ဒါတောင်စေတမန်က..အရယ်မပျက်..လူအမြင်ကက်ချင်စရာကောင်းလောက်အောင်ကို..အော်ရယ်နေသေး၏။စေတမန်ကို..လျစ်လျူ့ပြီး ရှိုင်းအခန်းအပြင်ဘက်ကိုထွက်အလာ..
"""ဟေ့..ဟိုချာတိတ်လေး..မင်း.သူ့ကိုဒီမှာဘဲ..ထားခဲ့ရင်.ကောင်းမယ်ထင်တယ်..သူ့က..ငါ့အပိုင်ဖြစ်သွားပြီကွ..
သူနဲ့ငါ.က..""
"တောက်!!!!...ဟေ့ကောင်..မင်းရဲ့..
ကျက်သရေမရှိတဲ့.သောက်ပါးစပ်ကိုပိတ်ထားစမ်း..ဒီမှာ..smile(စမိုင်း)အနားကို..နောက်တစ်ခါကပ်ရဲရင်..ကပ်ကြည့်လိုက်..မင်းကို.ငါ့ကိုယ်တိုင်..ငရဲပြည်ကိုပို့ပစ်မယ်..""
ခန့်ထည်ဝါက..စေတမန်ရဲ့အင်္ကျီ ကော်လံစကို.ဆွဲပြီး.ပြောလိုက်လေသည်။
""ဒီမှာ..ခင်ဗျားက.ကြေးစားလူမိုက်တစ်ယောက်ဆိုတာကို..ကျွန်တော်တို့တွေအကုန်သိပြီးသွားပြီ..ဒီတစ်ခါတော့.လွှတ်ထားပေးလိုက်မယ်..အေး..smile(စမိုင်း)သာ.တစ်ခုခုဖြစ်လို့ကတော့..ခင်ဗျား..ငရဲပြည်ကိုဒိုးဖို့.သာ..အသင့်ပြင်ထားတော့""
ကိုး..ခန့်ထည်ဝါကိုဆွဲခေါ်လိုက်ပြီး
ပြောလိုက်ခြင်းဖြစ်သည်။
ရှိုင်းရင်ခွင်ထဲက.သျှင်မင်းရဲ့ပုံစံက..စိုးရိမ်စရာ အခြေနေမျိုးဖြစ်နေလေသောကြောင့်သာ..သူတို့တွေ.စိတ်လျော့လိုက်ကြရတာဖြစ်၏။
""ဟာ..မင်းတို့တွေ..သူ့ကိုဒီအတိုင်းခေါ်သွားလို့.ရမယ်ထင်နေသလား..""
""စေတမန်...မင်းတော်တော့"
ရှိုင်းတို့အနောက်ကို..လိုက်ဖို့ဟန်ပြင်နေသည့်..စေတမန်ကို..မင်းဈာဉ် လှမ်းဆွဲပြီးတားလိုက်သည်။
""ဟာ...မင်းက..ဘာလာရှုပ်တာလဲ..ဖယ်.စမ်း..ငါ့ရဲ့ဘေဘီလေးကို..သူတို့တွေ..ခေါ်သွားပိုင်ခွင့်မရှိဘူး..""
""ဟေ့ကောင်.စေတမန်...မင်း.သူ့ကိုသေသွားစေချင်လို့လား..ဟမ်...ပြောလေ..ဟေ့ကောင်..ဒါလား..မင်း.သူ့ကိုချစ်တာ...ဟိုမှာ..မင်းကြောင့်..သူ့ခဗျာ..သေလုမြောပါး..ဖြစ်နေပြီကွ..""
""အဟက်...ငါသူ့ကို.ဘာမှတောင်မလုပ်ရသေးပါဘူးကွာ..ဒီအတိုင်း..ငါ့ဘေးနားခေါ်ထားချင်ရုံ.သပ်သပ်ပါကွာ""
""တော်တော့.စေတမန်.မင်းလိုကောင်ဆီမှာ..ချစ်တတ်တဲ့နှလုံးသားဆိုတာ
မရှိဘူး..ရယူလိုချင်တဲ့.အတ္တပဲရှိတာ..ငါတို့လို..လူတွေက.အချစ်နဲ့မတန်တဲ့ကောင်တွေမို့..မင်းသူ့ကိုမေ့ပစ်လိုက်ပါတော့ကွာ..."
""အဟား...ငါ့က.ဘာဖြစ်လို့မေ့ပစ်ရမှာလဲ..ငါသူ့ကိုပိုင်ဆိုင်ရဖို့..ကြိုးစားဦးမှာကွ..""
""မင်း..!!!"
စေတမန်ကိုကြည့်ရင်..မင်းဈာဉ် ခေါင်းတခါခါ.လုပ်ရုံကလွဲလို့.ဘာမျှမတတ်တော့ပေ..။
💝💝💝💝💝💝💝💝💝💝💝💝
ရှိုင်းရင်ခွင်ထဲက.သျှင်မင်း ကိုကြည့်ရင်း.ရင်ထဲတဆစ်ဆစ်နာကျင်နေရသလို.ခန့်ထည်ဝါမှာလည်း..ဒေါသကြောင့်.အံကိုကြိတ်..လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေသည်။သူတို့တွေ..အသက်နဲ့တမျှ..မြတ်နိုးတန်ဖိုးထားခဲ့ရတဲ့.သျှင်မင်းကို.တခြားသူတစ်ယောက်က..ကိုယ်ထိလက်ရောက်.နဲ့နာကျင်အောင်ပြုလုပ်ခဲ့သည်ကို.သူတို့တွေ.တမြေ့မြေ့နဲ့ခံပြင်းလို့မဆုံး..ကြေကွဲလို့မဆုံးဖြစ်နေရ၏။
ရှိုင်း..သျှင်မင်း ရဲ့ပါးပြင်ပေါ်က.နီစွေးစွေးလက်ရာများကို.မြင်လေတိုင်း.စေတမန်၏လက်ချောင်းများ..ဖြတ်တောက်ပစ်ချင်သည့်.စိတ်များတဖွေးဖွေးဖြစ်ပေါ်နေသလို..ခန့်ထည်ဝါ မှာလည်း..စိတ်ထဲကနေအကြိမ်ကြိမ်..စေတမန်အား..
သတ်ဖြတ်လို့နေမိ၏။
💝💝💝💝💝💝💝💝💝💝💝💝
""ဟင့်အင်း မလာခဲ့နဲ့...ကျွန်တော်အသားကိုလာမထိနဲ့.....လွှတ်...လွှတ်ပေးပါ...""
""ဟင်..ကိုကို..ကိုကို..ဘာမှမဖြစ်ဘူးနော်..ကိုကိုနားမှာမောင်ရှိတယ်.."
အိမ်မက်ယောင်ရင်း..ထိတ်လန့်တကြားငိုရှိုက်နေသည့်.သျှင်မင်းကိုယ်လေးကို.ပွေ့ထူရင်း..ရှိုင်း.ဖက်ထားလိုက်သည်။၃ရက်ရှိပြီ..။သျှင်မင်း အဖျားကြီးပြီး..ထ.ထယောင်နေတာ.။အခုချိန်ထိ.ကောင်းကောင်းသတိလည်းမရသေးလို့..အားလုံးကဝိုင်းပြီးစိတ်ပူနေကြရ၏။အဆိုးဆုံးကတော့ရှိုင်း..။
သျှင်မင်းကို ကြည့်ရင်း သူ့ခမျာ မစားနိုင်မအိပ်နိုင်..မျက်ရည်စက်လက်နှင့်ရှိနေလေသည်။
""မောင်..မောင်လား.ဟင်.""
""ဟာ.ကိုကို..သတိရလာပြီလား..ကိုကို..မောင်ကိုမှတ်မိလာပြီလား.."
ရှိုင်း..ဝမ်းသာလွန်းလို့မျက်ရည်များပင်.စီးကျလို့လာခဲ့၏။
""မောင်က..ဘာလို့ငိုနေတာလဲ..ဒါနဲ့.မောင်.ပိန်သွားတယ်နော်..
မောင်ကို..မတွေ့တာ..နေ့တစ်ပိုင်းပဲရှိသေးတယ်လေ..ဘာဖြစ်လို့..ဒီလောက်တောင်ပိန်သွားရတာလဲ..""
""နေ့တစ်ပိုင်းဟုတ်လား..အဟက်..
ကိုကို.အိပ်ပျော်နေတာ.၃ရက်တောင်ရှိပြီသိလား..ကိုကိုအိပ်ပုတ်လေးရဲ့..""
""ဘာ..၃ရက်..ဟုတ်လား.."
သျှင်မင်း.မအူမလည်ပုံစံလေးနဲ့.ရှိုင်းကို..မျက်လုံးအဝိုင်းသားလေးနဲ့စိုက်ကြည့်နေရင်းမေးလိုက်သည့်ပုံလေးက.အလွန်တရာကိုမှ.ချစ်စရာကောင်းလွန်းနေ၏။ရှိုင်း..သျှင်မင်းရဲ့ပါးလေးနှစ်ဘက်ကို..ဖျစ်ညှစ်ကိုင်လိုက်ပြီး.
""ဟုတ်တယ်..ကိုကိုရဲ့.ဒီလိုချစ်စရာကောင်းတဲ့..အမူယာမျိုးလေးတွေကို.နောက်ထပ်မတွေ့ရတော့ဘူးလို့တောင်ထင်နေတာ.. နောက်ဆို..ဒီလောက်အကြာကြီး.မအိပ်နဲ့နော်..""
ရှိုင်းရဲ့စကားကြောင့်..သျှင်မင်း ကြောင်အအလေးနဲ့..ခေါင်းညိတ်ပြနေပြန်၏။
""ကိုကိုရယ်..ဘယ်လိုတွေတောင်..ချစ်စရာကောင်းအောင်လုပ်ပြနေရတာလဲ..မောင်.အူယားလာပြီကွာ..""
ရှိုင်း.ပြောပြောဆိုဆိုနဲ့သျှင်မင်းကိုယ်လေးကို.ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး.တင်းကြပ်နေအောင်ဖက်ထားလိုက်သည်။
""ဟာ..smile(စမိုင်း)သတိရလာပြီလား..ရှိုင်း..ဆရာဝန်ကြီးကိုသွားပြောပြီးသွားပြီလား..""
""ဟာ..ကိုး..ဟုတ်သားပဲ..ကိုကိုသတိရလာတာနဲ့..ကျွန်တော်လည်းပျော်ပြီး.မေ့သွားတယ်ဗျ..သွားမပြောရသေးဘူး..ဟီး..ဟီး..""
""ဖြစ်ရမယ်..နေ.နေ..ကိုးပဲသွားပြောလိုက်မယ်..သြော်..ဒါနဲ့.သိပ်လည်းကဲမနေနဲ့ဦး..ငါ..ခန့်ထည်နဲ့အန်တီလေးကို.လွှတ်လိုက်မယ်နော်..အမြင်တော်အောင်လည်းနေဦး..ကြားလား..""
ဟု.ကိုးက..ရှိုင်းကိုမျက်စောင်းလေးတရွယ်ရွယ်နဲ့ပြောပြီး.အခန်းထဲကနေထွက်သွားလေသည်။
💝💝💝💝💝💝
""သား..မေမေသားလေး..သတိရလာပြီ..သားလေး..မေမေသားလေးရယ်..မသေကောင်းမပျောက်ကောင်းကွယ်.""
""ဟင်.မေမေ..မေမေပြန်ရောက်နေပြီ""
အခန်းထဲကိုဝင်လာသည့်.အမေဖြစ်သူကိုတွေ့လိုက်ရတော့သျှင်မင်း..ဝမ်းသာလွန်းလို့.မျက်ရည်များဝဲတက်လာလေသည်။
""ဘာလို့..ငိုတာလဲ.သားရယ်..မငိုနဲ့တော့..မေမေရောက်လာပြီနော်..""
""မေမေ..မေမေကိုသားအရမ်းလွမ်းတာပဲ..""
သျှင်မင်း.သူ့အမေရင်ခွင်ထဲကို..ကလေးငယ်လေးတစ်ဦး.ခေါင်းလေး.တိုးဝှေ့ပြီး.တီတီတာတာ နဲ့စကားဆိုနေပုံက.ဘေးနားလူတွေကို.ပြုံးရောင်သန်းစေခဲ့လေသည်။သျှင်မင်းတို့.သားအမိကို.ကြည့်ရင်းခန့်ထည်ဝါမှာလည်း.ပြုံးနေမိ၏။
သိပ်မကြာခင်.ကိုးနဲ့အတူဆရာဝန်တစ်ယောက်ပါလာပြီး.သျှင်မင်း အားစစ်ဆေးစရာရှိသည်များကိုစစ်ဆေးလေသည်။ စိုးရိမ်စရာမရှိတော့လို့.မနက်ဖြန်ဆေးရုံကနေဆင်းလို့ရပြီး.ဖြစ်ကြောင်းလည်းပြောသွားလေသည်။
💝💝💝💝💝💝💝💝💝💝💝💝
##အပိုင်း(၂၈)##မျှော်ပေးကြပါဦးနော်
ခွန်စဉ်က စာရေးတဲ့ညံ့လို့.အမှားများပါရှိရင်လည်း.သည်းခံပေးကြဦးနော်။
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။