အပိုင်း❤၁၄❤

436 24 0
                                    

""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၁၄)##
💖💖💖💖💖💖
              သျှင်မင်းအသိစိတ်ပြန်ဝင်လာတော့..ခေါင်းတစ်ခုလုံး  နာကျင်ပြီး..ကိုက်ခဲနေလေသည်။မျက်မှောင်လေးကြုပ်ပြီး   အသာမျက်လုံးဖွင့်ကြည့်လိုက်သည်။နှုတ်ကနေလည်း.
ညည်းညူ သံတစ်ချို့ထွက်သွားလေသည်။
""အင့်.. အင်း...""
""Smile(စမိုင်း.)...မင်းသတိရလာပြီလား...""
စိုးရိမ်တကြီးနဲ့..မေးလာတဲ့.ခန့်ထည်ဝါကို..သျှင်မင်း.ဖျော့တော့စွာနဲ့ ပြုံးပြလိုက်သည်။တစ်ဆက်တည်းဆိုသလိုပင်..ရှိုင်းနဲ့မင်းယု၏အကြောင်းများကို..သတိရသွားသောကြောင့်..ရင်ထဲ.တစ်ဆို့လာပြီး..မျက်ရည်များပါဝဲတက်လာခဲ့၏။ဝဲတက်လာသော.မျက်ရည်များကို..
သူ၏မျက်တောင်ရှည်များနှင့်ပုတ်ထုတ်လိုက်ရ​လေသည်။
""Smile(စမိုင်း)..ရာ..ငါ..အရမ်းကိုစိတ်ပူသွားတာပဲကွာ...""
""အွန်း..sorryပါကွာ..ဒါနဲ့  ငါဘယ်ရောက်နေတာလဲဟင်..""
""ကိုးရဲ့အိမ်မှာ..ကိုးရဲ့ဦးလေးက ဆရာဝန်လေ..အဲ့ဒါကြောင့်မို့..မင်းကို..ကိုးအိမ်ကို..ခေါ်လာတာ..မင်း..သွေးအားအရမ်းနည်းနေလို့မူးလဲတာတဲ့...""
""သြော်..ဟုတ်လား..""
""သြော်..ဟုတ်လား.လုပ်မနေနဲ့​..ဟေ့ကောင်..မင်း.ကိုယ့်ကျန်းမာရေးကို.ဂရုမစိုက်ဘူးကွာ..""
ဟုပြောရင်းနှင့်....ပါးပြင်ပေါ်သို့..မျက်ရည်များစီးကျနေသည့်ခန့်ထည်ဝါကို..ကြည့်ရင်းသျှင်မင်းစိတ်မကောင်းဖြစ်သွားမိ၏။..အပေါ်ပိုင်းကိုယ်လေးကို....မတ်လိုက်ပြီး..ခန့်ထည်ဝါ၏ပါးပြင်ပေါ်က...မျက်ရည်စများကို..အသာ..လက်နှင့်သုတ်ပေးလိုက်လေသည်။
""ခန့်ထည်ကလည်း..ကလေးလည်းမဟုတ်ဘဲနဲ့...ဘာဖြစ်လို့..ငို​ရတာလဲကွာ..""
""ငိုမှာဘဲကွာ....မင်းသာ..တစ်ခုခုဖြစ်သွားလို့ရှိရင်...ငါ..ငါရင်ကွဲမှာကွ...""
ဟု..ပြောပြောဆိုဆိုနဲ့ပဲ သျှင်မင်းကိုယ်လေးကို..သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး.တင်းကြပ်စွာနှင့်ဖက်ထားလိုက်သည်။ရုတ်တရက်ဆိုတော့..သျှင်မင်း..
လည်းလန့်ပြီးရုန်းလိုက်မိသည်။သို့ပေမယ့်..အားခြင်းကလည်းမမျှတာကြောင့်..သျှင်မင်း မရုန်းတော့ပဲ..အသာလေးငြိမ်ပြီး..ခန့်ထည်ဝါ၏.ကျောပြင်လေးကို..သူ့ရဲ့လက်လေးများနှင့်.ညှင်သာစွာပွတ်သပ်ပေးလိုက်သည်။
         ခန့်ထည်ရာ..ငါဆိုတဲ့ကောင်ကလေ..မင်းရဲ့စိုးရိမ်စိတ်တွေ..အချစ်စိတ်တွေနဲ့..မတန်တော့ပါဘူးကွာ...။
         ထိုအချိန်..တံခါး​အကွယ်လေးဆီက..နူးညံ့ ညှင်သာစွာနှင့်ကြည့်နေရှာသည့်.အပြာရောင်မျက်ဝန်းတစ်စုံကိုတော့..သူတို့နှစ်ဦး..သတိမပြုလိုက်မိချေ..။
ကိုး..
           မင်းရင်ထဲမှာ ငါ့အတွက်နေရာမရှိဘူးဆိုတာကို  သိပါတယ်..ဒါပေမယ့်ငါမင်းကိုချစ်တယ်..။မင်းရဲ့နှလုံးသားကို..smile(စမိုင်း)က..ပိုင်စိုးထားသလိုမျိုး..ငါ့ရဲ့နှလုံးသားတစ်စုံကလည်း
..မင်းရဲ့လက်ထဲမှာဆိုတာကို....မင်းသတိထားမိစေချင်တယ်..ခန့်ရယ်...။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
          ""Smile(စမိုင်း)  တကယ်​ပြန်တော့မို့လား...မပြန်ပါနဲ့လား..နေလဲသိပ့်မကောင်းသေးပဲနဲ့..ကိုးအိမ်မှာဘဲ..ဒီနေ့တစ်ည​လောက်အိပ်လိုက်ပါလား..ဟင်.."
ကိုးက..သျှင်မင်းလက်ကလေးကို..ကိုင်ပြီး..ကလေးငယ်လေးတစ်ဦးလို..ချွဲနွဲ့ပြီးပြောနေလေသည်။
""ဟုတ်သားပဲ..smile(စမိုင်း)ရာ..ဒီနေ့ည..တစ်ညလောက်ပဲ..ကိုးအိမ်မှာအိပ်လိုက်ပါလား..ပြီးတော့..မင်းအိမ်မှာ..မင်းအမေလည်းရှိတာ..မဟုတ်ဘူး..တော်ကြာ..ညအချိန်မတော်ကြီး..တစ်ယောက်တည်း..မူးလဲနေရင်ဘယ်လိုလုပ်မလဲ...""
""ကိုးရော..ခန့်ထည်ရော..ငါ့ကိုသိပ်​ပြီး
စိတ်ပူမနေကြပါနဲ့...ငါဘာမှမဖြစ်ပါဘူး..အခုလည်းကြည့်..ဒေါင်ဒေါင်မြည်နေပါသေးတယ်.ဟ..နောက်ပြီးဦးလဲပြောတယ်မလား..စိုးရိမ်စရာမရှိပါဘူးဆို..""
""အေး..စိုးရိမ်စရာ  မရှိ​ဘူးလို့ပြောပေမယ့်...မသက်သာရင်..မနက်ဖြန်.
အားဆေးသွင်းရမယ်လို့လဲ..ပြောသေးတယ်လေ..အဲ့ဒါ.အချိန်မရွေး..မူးမေ့နိုင်သေးတယ်လို့ဆိုလိုတာနဲ့အတူတူပဲ
..smile(စမိုင်း)ရာ .ငါမင်းကိုစိတ်မချဘူး..""
""ခန့်ထည်ဝါကလဲကွာ..ငါက.စိတ်မချရအောင်...ကလေးမှမဟုတ်တော့တာ..ငါ့ကိုယ်ငါ ဂရုစိုက်နိုင်ပါတယ်..""
""အေး..ကလေးမဟုတ်လို့..စိတ်ပူနေရတာပေါ့...မင်းသာကလေးဆိုရင်...ငါ.အိမ်မှာ..မွေးစားဖို့..ခေါ်ထားလိုက်တာကြာပြီ...""
""ခိခိခိ..မင်းကွာ..တော်တော်နောက်တဲ့.ကောင်..""
""နောက်နေတာမဟုတ်ဘူး...အတည်ပြောနေတာ...""
သျှင်မင်း.......
❤❤❤အင်း...မင်းပြောသလိုပဲ..
ငါတကယ်ကို့...အပူပင်မရှိတဲ့..ကလေးလေးတစ်ယောက်ဖြစ်နေရင်..သိပ်ကောင်းမှာဘဲကွာ.။အဲ့ဒါဆိုရင်..အချစ်အကြောင်းလည်းနားမလည်..အလွမ်းဆွေးဆိုတာ..ဘာမှန်းလဲသိမှာမဟုတ်တော့ဘူး..။ငါအရမ်းပင်ပန်းနေပြီ...။ငါအသည်းက..နှစ်ခါအကွဲမခံနိုင်ဘူးနဲ့တူတယ်..။ငါလေ..ပြန်ပြီးမနိုးထနိုင်တော့တဲ့..ထာဝရအိပ်စက်ခြင်းမျိုးနဲ့..အိပ်စက်ပစ်ချင်လိုက်တာ..။အိပ်မက်ထဲမှာဆိုရင်..ငါ.ပျော်ချင်ပျော်နေမှာပေါ့..။ရက်စက်လှတဲ့..ကံကြမ္မာရယ်..ငါ့ကို ဘယ်ကြောင့်များ..အချစ်နဲ့..နှစ်ခါဆုံစည်းပေးခဲ့ရတာလဲ.။နှစ်ခါလုံး..အချစ်ရေးမှာကံမကောင်းခဲ့တဲ့ငါက...အတိတ်ဘဝမှာ  ဘာတွေများလုပ်ခဲ့မိလို့လဲ..။ငါဘာ အမှားတွေလုပ်မိလို့လဲ...။ဖြစ်နိုင်မယ်ဆိုရင်..အချစ်တွေနဲ့ဝေးရာဆီကို..ငါရွက်လွင့်ပြီး​ပြေး
ထွက်သွားချင်လိုက်တာ..❤❤❤
💞💞💞💞💞💞💞💞💞💞💞💞
             ပြောမရသည့်အဆုံး သျှင်မင်း
.ကို..ခန့်ထည်ဝါ အိမ်ပြန်လိုက်ပို့လိုက်ရသည်။.ကိုးရဲ့ဦးလေးကတော့..
အားဆေးတစ်လုံးထိုးပေးလိုက်သလို..သောက်ဆေးများလည်းပေးလိုက်၏။သို့ပေမယ့်  ခန့်ထည်ဝါရင်ထဲ.ကစိုးရိမ်စိတ်တို့ကတော့ တစ်စက်ကလေးမှပင်..မလျော့..။
   ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်ထိုင်နေသည့်..ခန့်ထည်ဝါရှေ့ကို..သျှင်မင်းကော်ဖီတစ်ခွက်ချပေးလိုက်သည်။
          ""Smile(စမိုင်း)..ငါမင်းကို.တစ်ယောက်တည်း..ထားခဲ့ရမှာ..စိတ်မချဘူး..""
""ခန့်ထည်ရာ..ငါဘာမှမဖြစ်ပါဘူး..""
""ဘာမှ မဖြစ်ပါဘူးဆိုတဲ့..စကားကို.မင်းမပြောနဲ့..smile(စမိုင်း)..နေ့လည်ကအအေးဆိုင်မှာလဲ..မင်းအဲ့လိုပြောပြီး..မူးလဲသွားတာမဟုတ်ဘူးလား...""
""အခု..ကိုးရဲ့ဦးလေးက..ငါ့ကိုအားဆေးတွေထိုးပေးလိုက်တယ်လေ..အခုဆို..ငါအားတွေပြည့်နေလို့..မင်းကိုတောင်လက်တစ်ဘက်တည်းနဲ့မ..လို့တောင်ရတယ်..သိလား""
ခန့်ထည်ဝါ၏.စိုးရိမ်စိတ်တို့..ပြေလျော့လိုပြေလျော့ငြား...သျှင်မင်းအရွှန်းဖောက်ပြီး..ပြောလိုက်ခြင်းသာဖြစ်သည်။အမှန်တကယ်ကတော့..မီး​ဖိုချောင်နဲ့..ဧည့်ခန်းလေး  ကူးတာတောင်..လူက..မောဟိုက်နေတယ်ဆိုတာ.သျှင်မင်းသာအသိဆုံးဖြစ်သည်။
""မင်းက...ငါ့ကို.လက်တစ်ဘက်တည်းနဲ့..မ..ပြမယ်ဟုတ်လား..""
""အင်း...ဟုတ်တယ်လေ..မယုံလို့လား..အခုမင်းကို..ငါ..မ.ပြရမလား..""
အိုက်တင် ကောင်းလှသည့် သျှင်မင်းက.အခုချက်ချင်းပဲ..ခန့်ထည်ဝါအား.မချီပြတော့မလိုလို...ပုံစံမျိုး.လုပ်ပြနေသောကြောင့်..ခန့်ထည်ဝါ.တစ်ယောက်
.ဟက်ဟက်ပက်ပက်..ရယ်လိုက်မိလေသည်။
""ဟား...ဟား..ဟား...မင်းကွာ..တော်တော်အပြောကြီးတဲ့ကောင်.""
""ဟီး..အပြောကြီးတာမဟုတ်ပါဘူး..
တကယ်လက်တွေ့သမားပါနော်..""
""အေးပါ...ဒါပေမယ့်..မင်းခေါင်းနည်းနည်းလေးပဲမူးလာရင်ပဲဖြစ်ဖြစ်..နေမကောင်းချင်သလိုမျိုး..ဖြစ်လာရင်ပဲ.ဖြစ်ဖြစ်..ငါ့ဆီကို..တန်းပြီးဖုန်းခေါ်နော်...ပေကပ်ပြီး..ကြိတ်မှိတ်ခံစားမနေနဲ့..ဟုတ်ပြီလား..""
""အင်းပါ...ငါနေမကောင်းဖြစ်လာရင်..မင်းဆီကိုဖုန်းဆက်လိုက်မယ်နော်..ကော်ဖီတွေ.အေးကုန်တော့မယ်.သောက်လိုက်ဦး..""
                 ခန့်ထည်ဝါနဲ့သျှင်မင်း.တို့နှစ်ယောက်..ညနေ၅နာရီကျော်..ကတည်း..စကားတွေဖောင်ဖွဲ့ပြီးပြောနေလိုက်ကြတာည၇နာရီထိုး သွားတဲ့အထိပင်..။
""ကဲ..ငါပြန်တော့မယ်နော်..""
""အွန်း..ကားကိုလည်း.ဂရုစိုက်မောင်းဦးနော်.."
""အင်းပါ..မင်းလည်း..ဆေးသောက်ဖို့မမေ့နဲ့နော်...တစ်ခုခုဖြစ်တာနဲ့..ငါ့ဆီကိုဖုန်းဆက်..ကြားလား.""
""အွန်းပါ..""
ခန့်ထည်ဝါကားက..ခြံရှေ့မှာရပ်ထားတာကြောင့်..သျှင်မင်း..ခန့်ထည်ဝါကို.ခြံအပြင်ဘက်ထိလိုက်ပို့လေသည်။.
ခြံတံခါးကိုဖွင့်ပြီး..ခန့်ထည်ဝါရှေ့ကနေ..လျှောက်နေသောသျှင်မင်းတစ်ယောက်..ခန့်ထည်ဝါအား
""ငါ့ကို..သိပ်ပြီးလည်းတွေးပူမနေနဲ့ဦး...ဒီနေ့ည..ကိုယ့်ဘာသာကို..အိပ်ပျော်အောင်လဲ..အိပ်...အိပ်..အား..အမယ်လေး"".
""ဟာ..smile(စမိုင်း)..""
နောက်လှည့်ပြီး ပြောနေတာကြောင့်
ရှေ့က..ခဲလုံးကိုမမြင်မိဘဲ..ခလုတ်တိုက်ပြီ..ရှေ့ကို..လဲကျသွားမလိုဖြစ်သွားလေသည်။ခန့်ထည်ဝါလဲ..သျှင်မင်း..လဲကျသွားစိုးလို့..နောက်ကနေ
သျှင်မင်း၏ခါးလေးကို..လှမ်းဖက်ပြီး..ထိန်းလိုက်မိလေသည်။.
မျက်စိတမှိတ်အတွင်း   ခန့်ထည်ဝါ၏
ရင်ခွင်ထဲသို့  သျှင်မင်းရောက်ရှိသွားလေ​တော့သည်။သျှင်မင်း၏ခါးလေးကို
အနောက်ကနေ..တင်း​ကြပ်နေအောင်..
ခန့်ထည်ဝါက..ဖက်ထားတာကြောင့်.
.သျှင်မင်း..မလှုပ်သာမယှက်သာဖြစ်နေလေ​သည်။..ခန့်ထည်ဝါ၏ရင်ခွင်ပြင်ကျယ်ကြီးထဲတွင်.သျှင်မင်း၏ကိုယ်လေး..နစ်မြှပ်နေလေပြီ..။နှာခေါင်းထဲ တိုးဝင်လာသည့်.သျှင်မင်း၏.ကိုယ်သင်းရနံ့..ခပ်သင်းသင်းလေးကြောင့်..ခန့်ထည်ဝါတစ်ယောက်.မိန်းမောတွေဝေသွားလေသည်။အသိစိတ်တချို့တို့..လွတ်ထွက်သွားခဲ့ပြီး..သတိလက်လွှတ် နှင့်..သျှင်မင်း၏လည်တိုင်ကျော့ကျော့လေးကို..သူ.နမ်းရှိုက်လိုက်မိ၏။.အမှတ်မထင်..လည်တိုင်..ပေါ်သို့....ကျရောက်လာသည့်..ခပ်နွေးနွေး.အနမ်းတစ်ပွင့်ကြောင့်.သျှင်မင်း
လန့်ဖြန့်သွားရသလို..ခန္ဓာကိုယ်လေး.လဲ..တွန့်သွားလေသည်။
""ခန့်ထည်...ခန့်ထည်ဝါ..မင်း..မင်း.
.ဘာလုပ်တာလဲ..ငါ့ကိုလွှတ်ပေးဦး..""
ခန့်ထည်ဝါရင်ခွင်ထဲကနေ  ရုန်းထွက်ဖို့ကြိုးစားနေသည့်..သျှင်မင်းဆီကနေ..
ထွက်ပေါ်လာသည့်စကားသံကြောင့်.သူ..အသိစိတ်ပြန်ဝင်လာကာ..
သျှင်မင်း..ကိုယ်လေးကို.ဖက်ထားသည့်လက်များကို..​ဖြေလျော့ပေးလိုက်သည်။
""Sorry..smile(စမိုင်း)..ငါ..ငါ..""
မျက်လုံးဝိုင်းလေးများနှင့်..စိုက်ကြည့်နေသည့်..သျှင်မင်းမျက်နှာလေးကိုကြည့်ရင်း...ခန့်ထည်ဝါပြောစရာ..စကားလုံးများဆွံအ​..သွားလေသည်..။
အဆမတန် ..အလိုက်ကမ်းဆိုးမသိ.ခုန်ပေါက်နေသည့်..သူ၏နှလုံးသားတစ်စုံကိုလဲ.အသံတိတ်ကျိန်ဆဲလိုက်မိ၏။
သူ့ရှေ့တွင်..ရပ်နေသည့်..သျှင်မင်း
၏အူတူတူအမူယာလေးကလည်း..အခုချိန်မှာ..အသည်းယားစရာကောင်းလွန်းလှသည်။တစ်ခဏတာ..ပွေ့ဖက်လိုက်ရသည့်..သျှင်မင်းကိုယ်လေးကို..နောက်ထပ်တစ်ကြိမ်..ပွေ့ဖက်ချင်နေမိ၏။၎နှစ်ကျော်လုံးလုံး..သူအရမ်းလွမ်းခဲ့ရတဲ့..သျှင်မင်းရဲ့အထိတွေ့တွေ..အနမ်းတွေ...အခုချိန်မှာ..သူပြန်လိုချင်​နေမိ၏။သူရဲ့အသိစိတ်တွေ
နောက်တစ်ခါ..ပြန်လွတ်ထွက်မသွားခင်..သျှင်မင်း၏ရှေ့ကနေ..သူ.ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။
""Smile(စမိုင်း..)..စောစောက..ငါတကယ်တောင်းပန်ပါတယ်နော်...
ငါ..ငါ.ပြန်တော့မယ်..""
ပြောပြီး..ကားပေါ်ကို အလျင်မြန်ပြေးတက်ပြီး..သျှင်မင်းနဲ့ဝေးရာဆီကို..သူအမြန်မောင်းထွက်လာခဲ့တော့သည်။
         အူလည်လည်လေးနဲ့..ကျန်ရစ်ခဲ့သူကတော့သျှင်မင်း..။ခန့်ထည်ဝါ..နမ်း​သွားသော..သူ့ရဲ့လည်တိုင်လေးကို
လက်နှင့်ကိုင်ရင်း...အတွေးစတွေက.အမျှင်မပြတ်ထွက်ပေါ်လို့လာ၏။
ခန့်ထည်ဝါ..ငါနဲ့ပတ်သက်ပြီး..မင်းရဲ့စိတ်တွေတည်ငြိမ်နေပြီလို့..ငါထင်နေတာ..မှားသွားပြီလား...မင်းအခုချိန်ထိ
..ငါ့အပေါ်မှာ..ခံစားချက်တွေကျန်ရှိနေသေးတာလား...ဟင့်အင်း..မင်းမရှိသင့်တော့ဘူး.ခန့်ထည်ဝါ...ငါအခုမှ...ငါ့ရဲ့..သူငယ်ချင်း..ခန့်ထည်ဝါကိုပြန်ရ
ကာစပဲရှိသေးတယ်....မင်းနဲ့ငါ့ကြားက..အဖြူရောင်..သံယောဇဉ်​ကြိုးလေးတွေကို..နောက်ထပ်တစ်ခါ.အရောင်မဆိုးပါနဲ့တော့လားကွာ...ငါ့..ဒီထက်ပိုပြီး
မင်းကိုအဆုံးရှုံးမခံချင်တော့လို့ပါ..
ငါ့ရဲ့..အချစ်ဆုံးသူငယ်​ချင်းလေး..
ခန့်ထည်ဝါ..။
          သျှင်မင်း..သက်​ပြင်းတစ်ချက်ကို
လေး​ပင်စွာနှင့်ချလိုက်ပြီး..ခြံထဲကို.ဝင်ဖို့ရန်အလှည့်...သူ့နောက်ကနေ...စူးစိုက်ပြီးကြည့်နေသည့်..ဒေါသမီးများနှင့်ပြည့်နှက်နေသည့်..မျက်ဝန်းတစ်စုံနှင့်.အကြည့်ချင်းဆုံသွားလေသည်။
""ရှိုင်း...""
သျှင်မင်းရင်ထဲ..အောင့်သက်သက်..ခံစားလိုက်ရသည်။သူ.အခုချိန်မှာ.ရှိုင်းနဲ့မတွေ့ချင်သေးပေ..။နေ့လည်က..အအေးဆိုင်မှာ..ရှိုင်းပြောခဲ့တဲ့..စကားလုံးတွေကို..ပြန်လည်ကြားယောင်ရင်း..ရင်ဘတ်တစ်ခုလုံးနာကျင်လာ၏။ဝမ်းနည်းစိတ်ကြောင့်..ဝဲတက်လာသည့်မျက်ရည်များကို
ပါးပြင်ပေါ်သို့မကျအောင်..အားတင်းရင်း...အကြည့်တွေကိုလွဲလိုက်သည်.။ခြံထဲသို့ဝင်ဖို့ရန်အလုပ်...ရုတ်တရက်..
သူ၏လက်တစ်ဘက်ကို..ခပ်ကြမ်းကြမ်းဆွဲရမ်းလိုက်သည့်..ရှိုင်းကြောင့်.သူထိတ်လန့်သွားရလေသည်။
💞💞💞💞💞💞💞💞💞💞💞💞

ရင်ခုန်သံနွေးနွေထွေးထွေးWhere stories live. Discover now