""ရင်ခုန်သံနွေးနွေးထွေးထွေး´´(Boy love story)
💞💞💞💞💞💞💞💞💞💞💞💞💞💞
##အပိုင်း(၁၂)##
💖💖💖💖💖💖
""ကိုကို...ဒါကျွန်တော်သူငယ်ချင်း
မင်းယုတဲ့......ယု..ဒါက ငါပြောပြောနေတဲ့....ငါ့ရဲ့ကိုကိုလေ...""
တစ်နေ့ ရှိုင်းက သူ့သူငယ်ချင်းဆိုပြီး
သျှင်မင်းအားမိတ်ဆက်ပေးလာသော..ကောင်လေးတစ်ယောက်။
ရှိုင်းအရပ်နဲ့ မတိမ်မယိမ်း အသားဖြူဖြူဖွေးဖွေးလေးနှင့် ချစ်စရာအလွန်ကောင်းလှသည်။
""သြော်....တွေ့ရတာ. ဝမ်းသာပါတယ်နော်....ညီ..."
""ဟုတ်...အစ်ကို...အစ်ကိုနဲ့အခုမှ
လူချင်းတွေ့ဖူးတယ်ဆိုပေမယ့် အစ်ကိုအကြောင်းကို ရှိုင်း ခဏခဏပြောပြလွန်းလို့ ယုက အစ်ကိုနဲ့ခင်ချင်နေတာကြာပြီး ရှိုင်းကိုခင်သလို ယုကိုလည်းခင်ပေးပါနော် အစ်ကို.."".
လျှာသွက်အာသွက်နှင့် ပြောလာသည့်မင်းယု ကို သျှင်မင်းပြုံးပြပြီးခေါင်းညိတ်ပြလိုက်သည်။
ရှိုင်းနဲ့မင်းယုနဲ့က.ငယ်သူငယ်ချင်းတွေလေ။ သျှင်မင်းဒီကို မပြောင်းလာခင် မင်းယုတို့မိသားစုက ဂျပန်ကိုပြောင်းသွားကြသည်တဲ့။ အဲ့ဒါကြောင့်မို့..မင်းယုကို သျှင်မင်းမသိတာပါ။ရှိုင်းကလည်းမင်းယုအကြောင်းကို သျှင်မင်းအားတစ်စွန်းတစ်စမျှပင် မပြောပြဖူးပါဘူး။အခုတောင်မှ မင်းယုဆိုတဲ့ကောင်လေးက ဂျပန်ကနေ မြန်မာပြည်ကိုပြန်ရောက်လာပြီး ရှိုင်းတို့အိမ်မှာ လာတည်းလို့သာ သျှင်မင်းသိရခြင်းဖြစ်သည်။ သူတို့အချင်းချင်းကတော့
အဆက်သွယ်ရှိကြသည့်ပုံ ပေါ်သည်။
ဒီလောက် ခင်မင်ရင်းနှီးရသည့် သူငယ်ချင်းတစ်ယောက်ရှိတာကို သျှင်မင်းအား မပြောပြရကောင်းလားဟု လည်းစိတ်ထဲခုနေမိ၏။
💗💗💗💗💗💗💗💗💗💗💗💗
သျှင်မင်း.......
မင်းယုဆိုတဲ့ ကောင်လေး
ရှိုင်းအိမ်ကို ရောက်လာသည့်နေ့ကစပြီး
ရှိုင်းနဲ့ကျွန်တော် မဆုံဖြစ်တာတောင်
အတော်ကြာပြီ ။အင်းပေါ့လေ....
မတွေ့တာကြာပြီး ဖြစ်တဲ့သူငယ်ချင်းတွေ တွေ့တုန်းတွေ့ခိုက် ပြောစရာတွေများမှာပေါ့...လေ ဆိုပြီ ကျွန်တော်ရှိုင်းအပေါ်နားလည်ပေးခဲ့သည်။အရင်ကဆိုဖုန်းတဂွမ်ဂွမ်ဆက်တတ်သည့် ရှိုင်း
အခုဆို ဖုန်းတစ်ကောတောင်မခေါ်တော့။ကျွန်တော်အလုပ်သွားခါနီးအချိန်တွေမှာဆို
""ကိုကိုရေ မနက်ခင်း အိပ်ရာထ အနမ်းလေး..""
ဆိုပြီး ဇွတ်အတင်း နမ်းတတ်သည့်ရှိုင်း
အခုဆိုပေါ်မလာတာကြာပြီ...။တစ်ခါတစ်ခါကျွန်တော် သူ့ကိုအရမ်းလွမ်းမိသည်။ အိမ်ချင်းကပ်နေပါလျှက်နှင့်
သူ့မျက်နှာလေးအား မတွေ့ရတာကြာပြီလေ.။အရမ်းနေစိမ့်လှသည့်ရှိုင်းအား
ကျွန်တော်စိတ်ဆိုးမိ၏။တစ်ခါတစ်ခါ
သူ ကျွန်တော်အပေါ်မှာ စိမ်းကားသွားပြီလားဆိုတဲ့ အတွေးတွေဝင်လာပြီး
ဝမ်းနည်းရသည်ကလည်းအခါခါပင်။
တကယ်ပဲ သူကျွန်တော်အပေါ်မှာ ငြီးငွေ့သွားပြီလား.....။
💗💗💗💗💗💗💗💗💗💗
""သား... သျှင်မင်းရေ...""
""ဟုတ်...မေမေ...ဘာခိုင်းစရာရှိလို့လဲဟင်....""
""ဟိုလေ.... သား...ဒီနေ့..မေမေ..ရှိုင်းကြိုက်တဲ့..ငါးပေါင်းချက်တယ်...အဲ့ဒါလေး ရှိုင်းလေးစားရအောင်လို့...သွားပို့ပေးလိုက်ပါဦးနော်...""
""ဟုတ်..မေမေ..သားသွားပို့လိုက်ပါ့မယ် "
မေမေပို့ခိုင်းလိုက်သည့် ငါးပေါင်းချိုင့်လေးကို ကိုင်ပြီးကျွန်တော် ရှိုင်းတို့အိမ်ဘက်ဆီကိုထွက်လာခဲ့လိုက်သည်။
YOU ARE READING
ရင်ခုန်သံနွေးနွေထွေးထွေး
Romanceယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။ ယူနီနဲ့ရော ဇော်ဂျီနဲ့ပါတင်ထားပါသည်။