S

1K 181 6
                                    

(Unicode)

ထိုပွဲလေးပြီးသွားမှ သူနဲ့hyungနဲ့ သေချာစကားပြောဖြစ်ကြသည်........

"ဆော့ကီ...."

"ယောင်း...ခဏ......"

Hyungက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ‌နက်ပြာရောင် ပိုးကတ္တီပါဖြင့် ဘူးလေးတစ်ဘူးကိုဆွဲထုတ်လိုက်သည်...ဘူးဖုံးလေးကိုဖွင့်လိုက်တော့ ယောက်ျားဝတ် ငွေမှင်ရောင် လက်စွပ်လေးနှစ်ကွင်းက ခန့်ညားစွာ နေရာယူလို့....

"Will U Be Mine ?Chargi ah..........."

လှိုက်တက်လာသော ရင်အစုံနှင့် ဝေ့သီလာသော မျက်ရည်စများ.......တကယ်ပဲ...ခင်ဗျားကို အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ အချစ်ရယ်.......

"Waeeeee...?? ဘာလို့ငိုနေတာလဲ...ကလေးလည်း မဟုတ်ဘဲနဲ့......"

သူကျန်တာမစဉ်းစားနိုင်....Hoseok ကို ကျစ်ကျစ်ပါအောင် ဖက်ထားမိလိုက်သည်....တောင်းပန်ပါတယ်....ခင်ဗျားရဲ့အချစ်တွေနဲ့ ကျွန်တော်က မထိုက်တန်ခဲ့လို့ တောင်းပန်ပါတယ်.......

"I Say YES , Hoseokie........"

Hoseokကား ပြုံးသွားပြီး လက်စွပ်လေးကို သူ့ဘယ်ဘက်လက်မှာ ဝတ်ပေးလိုက်သည်...သူကလည်း လက်စွပ်လေးကို hoseokကို ပြန်ဝတ်ပေးလိုက်သည်....ကျန်တာတွေနောက်ထား၊ နောင်တမရှိဘဲ ခင်ဗျားကို ချစ်ကြည့်ချင်လို့...တစ်ချိန်ဝေးကြမယ်ဆိုရင်တောင် ကျွန်တော် ကျေနပ်နိုင်အောင်လို့......

"ကျွန်တော့်ကို တကယ်လက်ခံနိုင်လို့လား ဆော့ကီ...."

"ကိုယ့်လို အတွေးအရမ်းများတတ်တဲ့ သူက လက်လွတ်စပယ် ဒီစကားကို ပြောမယ်ထင်လား ယောင်းငယ်.......မင်းအတွက် ကိုယ်က အဟန့်အတားတစ်ခု ဖြစ်နေမှာစိုး‌နေတာမို့ ကိုယ်တော်တော်စဉ်းစားခဲ့ရတာပါ....."

အချစ်သည် ကြင်နာစွာ နူးနူးညံ့ညံ့ပြုံးရင်း ချိုသာသော စကားကိုဆို၏။
အမှောင်ထုအား တိုးဝှေ့လျက် ဖြတ်သန်းသွားသော
လေပြည်ညှင်းတို့သည်ပင်
အချစ်၏ ခမ်းနားသော အပြုံး‌များလောက်
သူ့အား ကြည်နူးမှုမပေးနိုင်....
အချစ်သည် ကျွန်တော့်အသက်ပင် ဖြစ်လေသည်......
=======================================
1 month later.....

🎶🎶Fire..................🎶🎶(Ph Ringtone)

📲"ဟယ်လို...ယောင်းငယ် ပြောလေ....."

Falseness ||COMPLETED||Where stories live. Discover now