S

1K 166 30
                                    

(Unicode)

2 months later......

//Allkpop Breaking News: Are South Korean's famous star Kim V and French Dancer Espérer Dating....??//

နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ allkpopကနေပြီး သူတို့နှစ်ယောက် ပြင်သစ်မှာ ဒိတ်တုန်းက ပုံတွေနှင့်တကွ တက်လာခဲ့ပါသည်......fanတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးtaehyungရဲ့ Ent ရှေ့မှာကာ စုဝေးကာ ထိန်းမနိုင်သိမ်းမရထိ ဖြစ်ကုန်ခဲ့သည်...
တကယ်တော့ မီဒီယာတွေဘက်ကနေ သူ့အဖေဆီ လွန်ခဲ့သည့် နှစ်ပတ်လောက်ကတည်းက ရောက်နေခြင်းပင်......သူ့အဖေက လိုက်လျောသင့်သလောက် လိုက်လျောပြီး သူ့ဘက်က‌နေ ကာကွယ်ပေးခဲ့ပေမဲ့ amountများလွန်းသည့်ငွေပမာဏကို တောင်းခံခဲ့တာကြောင့် သူလည်း မခံနိုင်တော့ဘဲ အဖေ့ကို ဆက်မလုပ်ဖို့ တားခဲ့သည်...ဆော့ကီဘက်ကိုပြန်မေးကြည့်တော့လည်း Europeဘက်မှာက ဒါကအထူးအဆန်းမဟုတ်တော့ Agencyက ကြိုက်သလိုဆုံးဖြတ်ခွင့်ပေးသည်လေ...သူတို့ဘက်က မပေးဘဲ ရပ်လိုက်တော့ သိပ်မကြာခင်မှာပဲ သတင်းက ထွက်လာသည်.... Hoseok hyungကိုလည်း ကြိုပြောထားတာမို့ ကျန်တာကိုစိတ်မပူပေမဲ့ ဖြစ်ချင်တော့ Hoseok Hyungကပါ အလုပ်ကိစ္စတစ်ခုအတွက် ကိုရီးယားကိုရောက်နေသည့်အချိန်ပင်.........

"ဆော့ကီ.....ဘယ်လိုလဲ အဆင်ပြေရဲ့လား..."

"fan တွေ ဘယ်လိုသတင်းရသွားလဲမသိဘူး ယောင်း...
ကိုယ်တို့အရင်တုန်းက ဓာတ်ပုံတွေပါ တက်လာတယ်...."

"ဟမ်..."

အလျင်အမြန် လိုင်းဖွင့်ကာ ကြည့်လိုက်တော့...
ဆော့ကီ ပြင်သစ်မရောက်ခင်၊ သူလည်းIdolဖြစ်မလာခင် လွန်ခဲ့သည့် နှစ်နှစ်က ဓာတ်ပုံတွေပါ ပြန့်နေသည်...ပုံတွေကလည်း အကုန်ထင်ထင်ရှားရှားတွေကြီးပင်......

"ယောင်း..."

"အင်း....."

"ကိုယ်က...ကိုယ်က မင်းအတွက် အနှောင့်အယှက်တစ်ခုလိုဖြစ်နေပြီလားဟင်....."

ခပ်တိုးတိုးလေးပြောလာသည့် ဆော့ကီ၏ အသံမှာ တုန်ယင်အက်ကွဲနေသည်....

"ဟာ...မဟုတ်တာ‌ဗျာ....Hyung....ဆော့ကီ...hyung...."

ရုတ်တရက်ဘာသံမှမကြားရဘဲ ရှိုက်သံတွေသာ ထွက်လာတာမို့ ရင်ထဲမှာ ပူလောင်ခြင်းတို့ကား ပြည့်လျှံလျက်...........တစ်စုံတစ်ခုကို ပိုင်နိုင်စွာ ဆုံးဖြတ်ကာ အဝတ်အစားလဲပြီး သူအောက်ကိုဆင်းလာတော့ အဖေနှင့်တွေ့သည်....

Falseness ||COMPLETED||Where stories live. Discover now