E

1.1K 181 17
                                    

(Unicod

"မင်း....."

"ရှူး........ငြိမ်ငြိမ်လေးခဏနေပေး......."

"လူတွေမြင်သွားလိမ့်မယ်......"

သူဘာမှပြန်မပြောဘဲ ခဏလောက် ပုခုံးပေါ် မေးတင်ကာ မှေးနေလိုက်သည်....ချစ်ရသူ၏ တစ်ဒုတ်ဒုတ်ခုန်နေသည့် နှလုံးခုန်သံလေးကို နှစ်ခြိုက်စွာ နားဆင်ရင်း.......အတော်ကြာတော့မှ........

*ပြွတ်စ်........*

လည်ဂုပ်သားကို နမ်းရှိုက်တော့.......

"မင်း..."

မင်း ဆိုသည့်နေရာကနေကို မတက်နိုင်သည့်သူပါလေ...

"ကျွန်တော် နောက်လကျရင် franceလာဖို့ရှိတယ် တွေ့ရအောင်....."

"..."

"Activeမဖြစ်တော့တဲ့ hyungရဲ့ အကောင့်ဟောင်းကို ပြန်သုံးပါ...ကျွန်တော် စာပို့ထားမယ်...."

အိပ်ကပ်ထဲ လက်ထည့်ကာ ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့တော့သည်...
မတွေ့ရတဲ့နှစ်တွေအတွင်း ကျွန်တော်က အရင်က ခင်ဗျားသိခဲ့တဲ့ ကောင်လေးမဟုတ်တော့ဘူး ဆော့ကီ...
ကျွန်တော်က ကောင်ဆိုးလေးတစ်ယောက်ဖြစ်လာခဲ့ပြီ....
=======================================
ဤသို့ဖြင့် ညမိုးချုပ်မှ အိမ်ပြန်ရောက်ဖြစ်သည်.....
စိတ်က ယခင်က သုံးခဲ့သည့် Instagram acc သို့ သွားဖို့ ရည်ရွယ်နေတာမို့ ငြင်းဆန်နိုင်စွမ်းငှာ အလျဉ်းမရှိဘဲ လက်ရှိအကောင့်ကို log out လုပ်ကာ ယခင်အကောင့်ကိုlog in ပြန်ဝင်လိုက်သည်...
၂နှစ်ကျော်ကျော် ပစ်ထားခဲ့သည့် သူ့အကောင့်မှာ followerတော်တော်များများတိုးလာခဲ့သည်ပဲ....

Message Box မှာ notiတစ်ခုဝင်နေတာမို့ ကြည့်လိုက်တော့ သူ့အထင်မမှား...ထိုကောင်လေးပါပဲ.....
ပို့ထားသည့်စာလေးက ရိုးရိုးရှင်းရှင်းလေး......."တောင်းပန်ပါတယ်"တဲ့.............

အနာဟောင်းကိုပြန်မဆွချင်တော့...
ယခင်ကထပ်ကို ပိုခက်ခဲသည့် လမ်းပေါ်ရောက်နေပြီမို့ တစ်ကနေ ပြန်စဖို့ရာ မဖြစ်နိုင်တော့.........

"ထားလိုက်ပါ‌တော့"လို့ သူပြန်ပြောလိုက်တော့ ကောင်လေးက ချက်ချင်း video callခေါ်လာသည်........

"Hyung..."

"Kim Tae Hyung...မင်း ၂နှစ်အတွင်း တော်တော်ရဲတင်းလာပါလား......"

Falseness ||COMPLETED||Where stories live. Discover now