(Unicode)
တောင်ကိုရီးယားနိုင်ငံ...ဆိုးလ်မြို့.......
လူပေါင်း၃သောင်းကျော် တက်ရောက်နိုင်သည့် Stadiumကြီးတစ်ခု............
ကွင်းထဲဝယ်တော့ ခရမ်းရောင် အနားသတ်ထားသော ကြယ်ပွင့်ကိုမှ အထဲလိုင်းထဲဝယ် အစိမ်းနုရောင် ဖြည့်ထားသော Lightstickကိုယ်စီနှင့်အမျိုးသမီးများ....
အများစုကား မြှီးကောင်ပေါက်အရွယ်နှင့် လူလတ်ပိုင်းများ...သို့သော်ငြား အသက်အရွယ်ကြီးသူများသာမက ယောက်ျားသားများလည်းပါရှိနေပေသည်.....
Lightstickကိုယ်စီနှင့် လူသားလေးများကား ပျော်ရွှင်ကြည်နူးခြင်းကိုယ်စီနှင့်........လူမျိုးမတူ၊ ဘာသာမတူ၊ နိုင်ငံတွေမတူကြပေမဲ့ ယခုအချိန် သူတို့ရဲ့စိတ်ထဲဝယ် တူညီနေတာတစ်ခုက.....မကြာခင်သူတို့ရှေ့ ပေါ်ထွက်လာတော့မည့် သူတို့Idolလေးအပေါ် ထားရှိသော ချစ်ခြင်းတရား......"Kim V!! Kim V!! Kim V!!"
သိပ်မကြာသောအချိန်ဝယ် ကွင်းထဲ လူများပြည့်လျှံသွားပြီး ကွင်းကြီးလည်းမှောင်အတိကျသွားသည်နှင့် တစ်ပြိုင်နက် Kim Vဆိုပြီး ဟစ်ကြွေးနေသည့် အသံများက ညီညာချိုသာစွာထွက်ပေါ်လာလေသည်......
Kim V တစ်ဖြစ်လည်း Kim Tae Hyung....
နာမည်ကြီး agency တစ်ခုဖြစ်သည့် K Ent လက်ထွက် နာမည်ကြီးအဆိုတော်တစ်ဦး....နာမည်ကြီး Agencyဖြစ်သည့်အပြင် သူ၏ ချောမောမှု၊ မြောက်မြားလှသော စွမ်းရည်တို့ကြောင့် သူ၏ ပွဲဦးထွက်ကား အောင်မြင်သင့်သည်ထက်ကို ပိုခဲ့၏....
ပွဲဦးထွက်ပြီးနှစ်နှစ်အတွင်း Concert ခုနစ်ပွဲကိုကျင်းပခဲ့ပြီး စုစုပေါင်းနှစ်သိန်းကျော်ခန့် တက်ရောက်ခဲ့သည်.....ကျင်းပသမျှ ဆုပေးပွဲတိုင်းတွင်လည်း သူ့နာမည်မပါသည်မရှိသည်အထိ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပါသည်...တစ်ဖက်တွင်လည်း နားနေခန်းဝယ်...
"Taehyung ah....သိပ်မကြာခင် ပွဲစတော့မယ်နော်..
Readyလုပ်ထားတော့...."ပြင်ဆင်စရာရှိသည်ကိုပြင်ဆင်နေသည့် သူ့နားနေခန်းထဲ မန်နေဂျာဖြစ်သူ Nam Joon hyungဝင်လာခဲ့သည်....
"Nae..Hyung....ဒါနဲ့..ဟို.....သူ လာလား....."
မျှော်လင့်ချက်ကြီးစွာဖြင့် မေးလာသော မေးခွန်း....
လုပ်ခဲ့သမျှ ပွဲခုနစ်ခုလုံး ဘယ်သောအခါမှ မပြောင်းမလဲ မေးခဲ့သည့် မေးခွန်းတစ်ခု......
![](https://img.wattpad.com/cover/220712312-288-k60225.jpg)
YOU ARE READING
Falseness ||COMPLETED||
Fanfictionကိုယ်တို့နှစ်ယောက်ပေါင်းစည်းမိခြင်းက အမှားတစ်ခုဆိုရင်...... ကိုယ်တို့နှစ်ယောက်ပေါင်းစည်းမိခြင်းက အမှားတစ်ခုဆိုရင်...... BD Present for Sung_ParkRenJun 📆Start - 12.5.2020 📆End - 28.5.2020