S {Finale}

2K 210 27
                                    

(Unicode)

// သီတင်းစာရှင်းလင်းပွဲ //

သူတို့Entမှာပြုလုပ်သည့် သီတင်းစာရှင်းလင်းပွဲသို့ ကာယကံရှင်တွေအပြင် မီဒီယာတွေရော Fanတွေပါ တက်ရောက်လာခဲ့သည်....

"အာ....အခုဖြစ်ခဲ့တဲ့ပြဿနာတွေကိုလည်း သိပြီးဖြစ်မှာပါ....ဒါကို ကျွန်တော်ရှင်းပြချင်ပါတယ်....."

အစချီကာ သူတို့နှစ်ယောက်တွေ့ခဲ့ကြပုံ၊ ချစ်ခဲ့ကြပုံ အလုံးစုံကို သူရှင်းပြလိုက်သည်.....

"ကျွန်တော့်fanတွေက ကျွန်တော့်ကြောင့်အများကြားမှာ အရှက်ရနေပြီထင်တယ်.....ကျွန်တော်လည်း တကယ်အားနာပါတယ်....မျက်နှာငယ်စေခဲ့လို့..."

ရင်ထဲမှ လာသောစကား......
အမြဲတမ်း သူ့ဘေးမှာရှိနေခဲ့တဲ့ Fandomတစ်ခု‌လုံးကြောင့် အားလည်းအတော်နာခဲ့ရသည်....
သူFanတွေကတော့ အပြုံးမပျက်ခဲ့.......

"ကျွန်တော်က ကျွန်တော့်ပရိသတ်တွေရဲ့ အချစ်နဲ့မထိုက်တန်ပါဘူး....ကျွန်တော့်ကြောင့်အရှက်ရစေခဲ့တာတွေလည်း တကယ်တောင်းပန်ပါတယ်..........."

နှစ်ယောက်လုံးထိုင်ခုံမှထကာ 90° bowလုပ်တော့ fanတို့ကား ငိုကြသည်.....

"အားလုံးကို ကျွန်တော်တစ်ခုပြောချင်တာက.....
မျက်နှာပြောင်တိုက်တယ်ပဲဆိုဆို....ကျွန်တော့်Fanတွေကို ဆက်ပြီးစိတ်မညစ်စေချင်တော့ဘူး....ကျွန်တော့်ကြောင့်မနာကျင်စေချင်တော့ဘူး...ကျွန်တော့်ကြောင့်လည်း အရှက်မရစေချင်ဘူး....ဒါက အခုရက်ပိုင်းအတွင်း ကျွန်တော်ရခဲ့တဲ့ negative commentsတွေကိုဖတ်ပြီး ကျွန်တော်ဆုံးဖြတ်လိုက်တာပါ......ကျွန်တော် Kim V သည် အနုပညာလုပ်ငန်းများကို အချိန်အတိုင်းအတာတစ်ခုထိ ရပ်နားပါ့မယ်လို့....."

Hall တစ်ခုလုံး ဝက်ဝက်ကွဲဆူညံသွားသည်........

"ကျွန်တော့်ကိုအားပေးရကျိုးမနပ်ခဲ့လို့တောင်းပန်ပါတယ်.....ဒါပေမဲ့ ဒါတွေက ကျွန်တော့်ဆုံးဖြတ်ချက်သပ်သပ်ပါနော်...ကျွန်တော်ချစ်ရသူနဲ့တစ်စွန်းတစ်ပါဒမှ မသက်ဆိုင်ပါဘူး...သူက ကျွန်တော့်ခရီးလမ်းမှာ အနှောင့်အယှက်တစ်ခုဖြစ်နေမှာကိုကြောက်နေတာ...ကျေးဇူးပြုပြီး ကျွန်တော့်ကိုချစ်တယ်ဆိုရင် ကျွန်တော်ချစ်တဲ့လူကိုပါ ချစ်ပေးပါနော်...သူ့ကို မတိုက်ခိုက်ကြပါနဲ့...."

You've reached the end of published parts.

⏰ Last updated: May 28, 2020 ⏰

Add this story to your Library to get notified about new parts!

Falseness ||COMPLETED||Where stories live. Discover now