E

1K 183 14
                                    

(Unicode)

!!! Present !!!

"Taehyungie....ပွဲစတော့မယ် အဆင်သင့်ဖြစ်ပြီလား...."

အတိတ်ဆီပြန်သွားရင်း အသံစာစာစာစာကို ကြားလိုက်ရတာမို့ ပစ္စုပ္ပန်ဆီ ပြန်ရောက်လာခဲ့သည်....
ကြက်ပေါက်လို တစာစာအသံက ‌မော့ကြည့်စရာမလိုဘဲ သူ့သူငယ်ချင်း Park Ji Min မှန်းတန်းသိပါသည်........သူ့ပုံစံကို မြင်သွားတော့.....

"Waeeyo...? ဘာဖြစ်တာလဲ hyung..."

Namjoon hyungက ပုခုံးနှစ်ဖက်တွန့်ကာ

"ထုံးစံအတိုင်းပေါ့ကွာ..."

Jimin ကား သက်ပြင်းရှည်ရှည်ချပြီး....

"အခုထိ မင်းအမှားတွေပဲလို့ ယူမှတ်နေတုန်းလား Taehyungie....အရာအားလုံးက သူ့ဘာသာသူ ဖြစ်ချိန်တန်လို့ဖြစ်လာတာလေ...... မင်းအပြစ်ချည်းပဲ မယူပါနဲ့......အချစ်နဲ့ တက်လမ်း လွန်ဆွဲလာတဲ့အခါ ဘယ်သူက ရူးမိုက်စွာ အချစ်ကို ရွေးနိုင်ပါ့မလဲကွာ.....အနာဂတ်ဆိုတာ မမြင်နိုင်ဘူးလေ...."

"ဒါမဲ့..."

"မင်းတို့နှစ်ယောက်မှာ မမြင်နိုင်တဲ့ bond လေးတွေ ရှိပြီးသားလို့ငါယုံကြည်တယ်.....မင်းလက်မလျှော့ပါနဲ့....
တစ်နေ့ပြန်ဆုံနိုင်သေးတာပဲ.....ကဲ...သားကြီး....တော်တော့....ပွဲစတော့မယ်....အပြင်မှာ မင်း Fan တွေ ရောက်နေပြီ......"

"အေးပါ...."

သက်ပြင်းရှည်ရှည်ချကာ မတ်တပ်ရပ်လိုက်သည်....
Jimin နဲ့ လက်သီးချင်းတိုက်လိုက်ပြီး...

"Fighting..."

"အေး..Fighting...."

တစ်ဦးပိုင်အနေဖြင့် ချစ်ရသူအား ခေတ္တခဏမျှ လျစ်လျူရှုရင်း အများပိုင်အနေဖြင့် ချစ်ရသည့် ပန်ကာလေးများရှေ့တွင် သူ ပြုံးရပါဦးမည်..........

"Annyeong.......ပရိသတ်ကြီး.........…
စောင့်နေရတာ ပင်ပန်းနေပြီလား...."

"မပင်ပန်းပါဘူး......"

Stadiumတစ်ခုလုံး ဟိန်းထွက်သွားသည်အထိ ပြိုင်တူအော်လိုက်သော အသံကြောင့် သူ ပြုံးမိလိုက်သည်.....

"ကဲ...ဒါဆို ကျွန်တော် concertတိုင်းမှာ ဆိုနေကြ သီချင်းလေးနဲ့ စတင်လိုက်ရအောင်...."

Falseness ||COMPLETED||Where stories live. Discover now