N

1K 196 12
                                    

(Unicode)

"Taehyungie......"

"Imm..Jiminပြော..."

"မင်း မနက်ဖြန် အဲ့ ရုံးခွဲ ဖွင့်ပွဲdinnerကို လာမှာမဟုတ်လား.."

"အေး...ငါ့ကိုကမ်းလှမ်းထားတော့ သွားရမယ်..."

"အင်းအင်းကောင်းပါတယ်...ပြင်သစ်အခြေစိုက်လေ..သူတို့ရုံးခွဲက..ပြင်သစ်မှာတော့ entတစ်ခုထောင်ထားတယ်တဲ့...နာမည်ကြီးပဲ..."

ပြင်သစ်ဆိုတော့ ဘာမဆိုင်ညာမဆိုင် ခင်ဗျားကို သတိရမိလေရဲ့...

"အင်း...."

"ကဲ..ထားပါ...အဲ့တာဆို ဘိုင့်ဘိုင်သားကြီးရေ......."

"အေး...အေး..."

Jimin က မော်ဒယ်တစ်ယောက်အနေဖြင့် အောင်မြင်နေပြီး Seokjin hyung ကတော့ စားဖိုမှူးဖြစ်လာခဲ့ပါသည်.......
=======================================
The Next Day

ပွဲကား လူကြီးလူကောင်းများကိုဖိတ်ထားသည့်အပြင် dinnerမို့လို့ အင်မတန်ခမ်းနားပြီးကျက်သရေရှိနေသည်....သတင်းရပြီးသား media တွေကလည်း ဓာတ်ပုံတွေတဖျပ်ဖျပ်ရိုက်ကြလေရဲ့....ပြီးတော့မှ အထဲဝင်လာလိုက်ပြီး နှုတ်ဆက်ကာ champagneတစ်ခွက်နှင့် စကားဖွဲ့နေမိလိုက်သည်...

"အာ...နေဦးဗျ.....ဒါနဲ့ ကျုပ်တို့ရဲ့အထူးဧည့်သည်တစ်ယောက်မလာသေးဘူးနော်.."

"အာ...France က နာမည်ကြီးdancerမို့လို့လား....
တစ်အောင့်နေရောက်မယ်လို့ပြောတယ်.....ဒါနဲ့...ဒီက Kim V shi ရော လက်တလော အခြေအနေလေး.."

"Nae....? အဟား....ကျွန်တော်ကတော့ အေးဆေးပါပဲ....ရှိုးတွေ‌လျှောက်တယ်... promotionကလည်း မပြီးသေးတော့ tour‌တွေရှိဦးမယ်.....နောက် လာမဲ့လထဲ ကျွန်တော် franceကို abroadထပ်သွားရမယ်ထင်တယ်....."

"အာ...မိုက်တယ်ဗျာ...Kim V shi ကတော့ 21st centuryရဲ့ princeပါပဲ......king ဖြစ်အောင်သာ ကြိုးစားဗျာ...ခင်ဗျားရဲ့အောင်မြင်မှုတွေက ကြောက်ခမန်းလိလိနော်...fanတွေကလည်း စည်းလုံးချက်..."

"အဟား....ဒါ‌ကတော့ အမှန်ပါပဲဗျာ...သူတို့က ကျွန်တော့်ကို တော်တော်ချစ်တာ‌ဗျ...ကျွန်တော်ဘာလုပ်လုပ်အမြဲလက်ခံပေးတာ..."

ဘယ်လောက်ပဲလက်ခံပေးသည်ဆိုဆို သူ့ရဲ့ဖြစ်တည်မှုအစစ်ကိုသိသည့်အခါ လက်ခံနိုင်ပါ့မလား...

Falseness ||COMPLETED||Hikayelerin yaşadığı yer. Şimdi keşfedin