Chapter 4

16.2K 1.9K 286
                                    


ကျွန်တော် တစ်နာရီလောက်မောင်းပြီးမှ Darren နိုးလာပြီး ဝုန်းဆို ထ‌သောင်းကျန်းပြီ...

" ဟာ Yibo ဘယ်လိုလုပ် အနောက်ရောက်သွားတာလဲ..."

" တိတ်တိတ်‌နေ သူများတွေအိပ်နေတယ်..."

" Xiaozhan မင်းကိုယ့်နေရာကိုယ် ပြန်သွားတော့..."

" ဟ...မင်းလာမောင်းပေးမှာမို့လို့လား..."

" မောင်းစရာလား...အိမ်မှာတောင် ကိုယ်တိုင်မောင်းတာမဟုတ်ဘူး..."

" ဒါဆိုလည်း တိတ်တိတ်လေး ပြန်အိပ်တော့ကွာ..."

ပြောတာလည်း နားမထောင်ဘဲ လက်ထဲက ရေဘူးတွေနဲ့ Xiaoran ကို သွားပစ်ပေါက်‌နေတယ်...။ ဒီကောင်က ဘယ်လိုတောင် ကလေးဆန်ပြီး တဇွတ်ထိုးနိုင်တဲ့ကောင်ပါလိမ့်...

သူပစ်ပေါက်တော့မှ Yibo ပါနိုးလာပြီး Darren လက်ကို လှမ်းဆွဲနေတော့သည်...

" Darren ငြိမ်ငြိမ်နေလေ..."

" Yibo...အရှေ့လာ...မင်းမမောင်းချင်ရင် ငါလည်း အနောက်လာမယ်...။ Xiaozhan ကားရပ်ပေး..."

ကျွန်တော်မောင်းနေတာကို အတင်းလာဆွဲရပ်နေတာမို့...

" တိုက်မိကုန်တော့မယ်...ငြိမ်ငြိမ်နေပါဆိုကွာ..."

" အခုရပ်ပေး..."

အခုနေမှ မရပ်ပေးရင် အကုန်သေကုန်တော့မှာပဲ...။ သူ့ကို အဲ့လောက်ထိ တဇွတ်ထိုးဆန်မယ် မထင်ထားမိခဲ့တာ...။ မတတ်နိုင်တဲ့အဆုံး ကျွန်တော်ရပ်ပေးလိုက်တာနဲ့ ပြေးဆင်းပြီး အနောက်မှာ တကယ်သွားထိုင်တာကြောင့် စိတ်တွေလည်း ကုန်ရပါတယ်...

" Xiaoran...ငါ မင်းကို သိပ်ကြည့်ရတာ မဟုတ်ဘူးနော်...Yibo ကို ဘာတွေနဲ့ မြူဆွယ်နေလည်းတော့မသိဘူး...အတူတူလေး တစ်ခါလောက် ပြန်ပေးဆွဲခံရတာနဲ့ ငါ့လူကို လာလုဖို့ အိပ်မက်တောင် မမက်နဲ့..."

Darren စကားကြောင့် Xiaozhan ကို အမြန်လှမ်းကြည့်လိုက်မိတယ်...။ သူက ကျွန်တော်တို့ ပြောတာကို မကြားအောင် နားကြပ်တပ်ထားတာမို့ တော်ပါသေးရဲ့...

" Yibo...ငါ လိုက်လာတာ မင်းတို့ကြား အနှောင့်အယှက်ဖြစ်ကုန်ပြီထင်တယ်..."

Forever Yours [Completed]Where stories live. Discover now