Chapter 29

15.6K 1.5K 305
                                    

ဖုန်းချလိုက်ပြီး ရင်ခွင်ထဲက ကောင်လေးကို ကြည့်လိုက်တော့ လက်သည်းကိုက်ပြီး တစ်ခုခုကို အသည်းအသန် တွေးနေပုံပင်...။ သူ့ပုံစံက ကုမ္ပဏီမှာ ပထမဆုံးစတွေ့ကြတုန်းကလို ဖက်ထားတဲ့ ကျွန်တော့်ကို အာရုံမရတာမို့ သူ့လက်ကိုပါးစပ်ထဲက ဆွဲထုတ်ပြီး ခပ်ဆတ်ဆတ်ရိုက်လိုက်ရတယ်...။ အရင်ထဲက သူ့အကျင့်က ကလေးလည်းမဟုတ်တော့ဘဲ လက်ကိုက်တတ်တာ အံ့ဩစရာ...

ကလေးစိတ်မကုန်သေးတဲ့ Bathrobe အဖြူနဲ့ကောင်လေးကို ကောက်ပွေ့လိုက်တော့ ခြေကျင်းဝတ်ကနေ ချလွင် ချလွင်ဆိုတဲ့ အသံက ဝေဝေဆာဆာကြားနေရပြီ...။ သူ့ကို foot chain တပ်ပေးထားတာ သိပ်မှန်သွားသလို မှားတဲ့အရာလည်း ရှိပါသေးတယ်...

အရင်ကဆို အမြဲ ကျွန်တော့်ကို ခြောက်ဖို့ တိတ်တိတ်လေးလာတိုင်း ကျွန်တော် ခံလိုက်ရပေမယ့် အခုတော့ အနားရောက်တာနဲ့ကို အသံကြားနေရတာမို့ အရင်လို အခြောက်မခံရတော့ပေမယ့် သူက လမ်းလျှောက်ရင် ငြိမ်ငြိမ်လျှောက်တတ်တဲ့သူမဟုတ်ဘဲ ပြေးလွှားနေတဲ့သူမို့ နားတွေ အူရလွန်းလို့ လမ်းလျှောက်ရင် မပြေးအောင် လက်ကို မလွတ်တမ်း ကိုင်ထားရတဲ့အဖြစ်...

အခုလည်း သူ့ကို အခန်းထဲက ကုတင်ပေါ်ချပေးလိုက်တာနဲ့ ဝုန်းဆို စောင်ပုံအောက်ထဲ ဝင်ပြေးသွားတာမို့ လိုက်ဖမ်းရပြန်ပြီ...။ စောင်ကိုအသာလှပ်ကာ ချောင်းကြည့်ပြီး ခေါ်လိုက်တော့မှ...မျက်လုံးသိပ်လှတဲ့ ကောင်လေးက မျက်လုံးဝိုင်းဝိုင်း‌လေးတွေနဲ့ ပြန်ကြည့်လာတာ...

" Xiaozhan...မအိပ်နဲ့ဦးလေ...ထဦး... "

" မရတော့ဘူး...ပွဲမှာ တစ်နေ့လုံးပင်ပန်းနေလို့ ငါ အိပ်တော့မယ်..."

" ဟက်...ဒီလိုဘယ်ရမလဲ...လူပျိုတုန်းကလို အိပ်ချင်တိုင်း ဝုန်းဆို ပြေးတက်အိပ်လို့မရတော့ဘူးလေ...မင်းက လူလွတ်မှ မဟုတ်တော့တာ..."

" ဟွန့်...ယူတာတစ်ရက်တောင် မပြည့်‌သေးဘူး အနိုင်ကျင့်ချင်နေတယ်..."

နှုတ်ခမ်းစူပြီး ထော်ကောက်နေတဲ့ ကောင်လေးကို ငုံ့မိုးပြီး ထော်နေတဲ့ နှုတ်ခမ်းတွေကို အဝခြယ်လှယ်လိုက်တော့ ရင်ဘတ်ကို တွန်းထုတ်လာတယ်...

Forever Yours [Completed]Where stories live. Discover now