Chapter 26

15.4K 1.7K 413
                                    


3 months later...
Yibo <POV>

" Bossကို ဒီမှာလက်မှတ်ထိုးပေးဖို့ ကျွန်တော်ပြောခိုင်းလိုက်တယ် မဟုတ်ဘူးလား..."

" မင်းကိုယ်တိုင်မှ လာမထိုးခိုင်းတာ...အဲ့ဒါကြောင့် ပြန်ပေးလိုက်တာ..."

" ဟမ်...ရစ်ပြီ...။ ကျွန်တော်အလုပ်များနေတာကို..."

" နှစ်ယောက်တည်းရှိတဲ့အချိန်ဆို Boss လို့မခေါ်နဲ့လို့ပြောထားတယ်လေ..."

" ဟွန့်..."

ဘာလိုလိုနဲ့ သူနဲ့ကျွန်တော် တွဲဖြစ်တာ သုံးလပြည့်သွားပြီ...။ သူဆေးရုံဆင်းတည်းက ကျွန်တော်တို့ ထပ်မလွဲခဲ့ကြတော့ဘူးထင်ပါတယ်...။ ပုံမှန်တိုင်း အလုပ်ပြန်ဝင်နေတဲ့ သူ့ကို တစ်နေကုန်တွေ့ရတာ ကျေနပ်ဖို့ကောင်းတာထက်ပိုတယ်...

ပထမဆုံးစတွေ့တုန်းက တောင်းလိုက်တဲ့ ဆုတောင်းတွေ မပြည့်ခဲ့လို့ ဒီတစ်ခါတော့ ဘုရားကို ပထမဆုံးအကြိမ် ကျေးဇူးတင်မိတယ်...။ အခုတော့ အဲ့ကောင်လေးကပဲ ကျွန်တော့်ရဲ့ အတွင်းရေးမှူးရော ချစ်သူပါဖြစ်လာ‌ခဲ့ပြီ...

အမြဲရှပ်ပြာရှပ်ပြာနိုင်တဲ့ သူက အလုပ်ကိုတော့ တိတိကျကျ လုပ်နိုင်တာမို့ အခုဆို သူနဲ့ပဲ တော်တော်များများကို လက်လွှဲလို့ရနေပြီ...။ တစ်ချိန်ကျရင်လည်း ဒီကုမ္ပဏီက သူ့အပိုင်ဖြစ်လာဦးမှာပဲလေ...သူက ကျွန်တော်လက်ထပ်မယ့် တစ်ဦးတည်းသော ကောင်လေး...

" Xiaozhan...ဒီနား ခဏလာဦး..."

ကျွန်တော်ထိုင်နေတဲ့နားကို လျှောက်လာတာနဲ့ လှမ်းဆွဲပြီး ပေါင်ပေါ်ပွေ့တင်ကာ ထိုင်ခိုင်းလိုက်ရတယ်...

" Yibo ဘာလုပ်တာလဲ...တစ်ယောက်ယောက်ဝင်လာရင် ရှက်စရာကြီး..."

" အော်...Boss ရဲ့အခန်းထဲကို မခေါ်ပဲ ဘယ်သူ ဝင်လာရဲမှာလဲ...။ အဲ့လိုဝင်ရဲတဲ့ Darren တောင် ဟိုမှာပျော်နေပြီ..."

" အင်းးး သူတကယ်ပျော်နေဖို့ မျှော်လင့်ပါတယ်..."

" သူကစိတ်မာပါတယ်...အဆင်ပြေသွားမှာ...။ မင်းကိုပဲ စိတ်မချရတာ...နောက်ဆို မင်းကို ဆေးရုံနားတောင် ပေးမလျှောက်တော့ဘူး..."

" ဟီး..."

ရင်ခွင်ထဲမှာ တဟီးဟီးနဲ့ သဘောကျနေတဲ့ ကောင်လေးကို အူယားလွန်းလို့ နဖူးကနေ နှုတ်ခမ်းအထိ လိုက်နမ်းပစ်လိုက်တယ်...။ Xiaozhan က ဘယ်အချိန်ကြည့်ကြည့် နမ်းချင်စရာလေး...

Forever Yours [Completed]Donde viven las historias. Descúbrelo ahora