Xiaoran <POV>ကျွန်တော်အလုပ်လုပ်နေတုန်း တစ်လျှောက်လုံး သူငြိမ်နေတာမို့ သွားအိပ်ဖို့ပြောနေရပြီ...
" Darren...သွားအိပ်တော့လေ...ငါ့ကိုမစောင့်နဲ့တော့..."
" အင်း...ခဏနေအိပ်မယ်..."
တကယ်တော့ ရောက်ထဲက အိပ်ချင်နေတာ...အခုလို လှဲနေတော့ ပိုတောင်ဆိုးသေး...။ ဒါပေမယ့် အရင်တစ်ခါထဲက သူ့အိပ်ခန်းက တစ်ခန်းတည်းရှိမှန်း သတိထားမိတာမို့ ဘယ်မှာအိပ်ရမလဲစဉ်းစားနေတာ...
ရောက်ထဲက အားမနာဖို့ပြောပေမယ့် အရမ်းရင်းနှီးတဲ့သူမျိုးမဟုတ်တော့ နည်းနည်းတော့ နေရခက်သား...။ ဒီနေရာမှာ Xiaozhan သာဆိုရင်တော့ တစ်မျိုးပေါ့...ဟူးး ပြောရင်းနဲ့ Xiaozhan ကိုတောင် လွမ်းလာပြီ...ဒီကောင်လေး ရှန်ဟိုင်းမှာ အဆင်ရောပြေရဲ့လား...
ဖုန်းဆက်ဖို့လုပ်ပြီးမှ ဒီအချိန်ဆို အိပ်နေလောက်ပြီလို့ တွေးမိတာမို့ ပြန်ချထားလိုက်ပြီး သွားအိပ်ရမလို ဆက်လှဲနေရမလို...။ Xiaoran က ဘယ်တော့မှအိပ်မှာလဲ...သူက တကယ်အလုပ်တွေများနေတာ...။ ရောက်ထဲက အလုပ်လုပ်နေရုံသာမက အလုပ်ကဖုန်းတွေပါ တောက်လျှောက်ထထပြောနေသေးတယ်...
သူ့ကို မသိမသာ အကဲခတ်ကြည့်မိမှ...သူက တကယ်အေးတဲ့သူပင်...။ အရင်တုန်းက တွေးနေကျလို...သူက Yibo ရှေ့မှာမို့ ဟန်ဆောင်ပြီး စိတ်မဆိုးတတ်ချင်ယောင်ဆောင်နေတယ်လို့ထင်ခဲ့ပေမယ့်...သူက တကယ်လည်း လွယ်လွယ်စိတ်မဆိုးတတ်မှန်း တဖြည်းဖြည်းမှ သိလာတာ...။ အမှုကိစ္စတွေ အတူတူလုပ်ရတုန်းက သတိထားမိခဲ့တာ သူကစိတ်လည်းမာတယ်...ဦးဆောင်နိုင်စွမ်းလည်း အပြည့်ရှိတယ်...
ကံဆိုးမှုတွေများတဲ့ ကျွန်တော့်ဘဝမှာ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့တွေ့ရတာ ဘုရားကပေးတဲ့ ကံကောင်းခြင်းတစ်စုံပဲ ဖြစ်မှာပါ...။ ဒီလိုလေး သူတို့နှစ်ယောက်နားမှာ နေခွင့်ရရင်ပဲ တကယ်ကျေနပ်ပါပြီ...
မျက်လုံးမှိတ်ပြီး သူတို့အကြောင်းတွေ တွေးနေတုန်း ဆတ်ခနဲ အပွေ့ခံလိုက်ရတာမို့ လန့်သွားမိတာ...။ သူ ကျွန်တော် အိပ်ပျော်သွားပြီထင်လို့ ပွေ့လိုက်ပုံပင်...။ ဘာလုပ်ရမှန်းမသိတော့တာမို့ အိပ်ချင်ယောင်ပဲဆောင်ပြီး လိုက်လာလိုက်မိတော့တယ်...
YOU ARE READING
Forever Yours [Completed]
Fanfictionကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . ကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . Wang Yibo & Xiaozhan ...