Xiaozhan ကိုဆေးခန်းကုတင်ပေါ်ချပေးလိုက်ပြီး ဆရာဝန်ကို အမြန်ကြည့်ပေးဖို့ ပြောလိုက်ရသည်...။ ဖြူဖျော့နေပေမယ့် သတိတော့ မလစ်သေးတာမို့ ဒဏ်ရာအရှိန်ကြောင့် နာလို့ထင်တယ်...မျက်နှာကို ရှုံ့မဲ့နေတာပဲ..." Dr...သူ စိုးရိမ်ရလား..."
" အရမ်းမစိုးရိမ်ရဘူး..ဖန်စက အတွင်းထိ မစိုက်သွားလို့ တော်သေးတယ်...။ ဒါနဲ့ လူနာကို အင်္ကျီအကုန်ချွတ်ပေးပါလား...ဆေးထည့်ရမယ်..."
" အာ...ဟုတ်..."
ခုနက အပေါ်ပိုင်းကိုနည်းနည်းပဲ လှပ်ပြပေးထားတာမို့ ဆရာဝန်ပြောတာနဲ့ ကျန်တဲ့ကြယ်သီးတွေပါ ချွတ်ပေးဖို့ လုပ်တုန်း ကျွန်တော့်လက်ကို လှမ်းဆွဲထားတာမို့ မေးဆတ်ပြလိုက်ရတယ်...
" Xiao Xiaoranရော သူ့ကိုပဲ ခေါ်ပေးပါလား..."
" ဟ...အဲ့ကောင်က လိုက်မှမလာတာ...ငြိမ်ငြိမ်နေစမ်းပါကွာ...မရှက်ပါနဲ့ တူတူပဲကို..."
ခုနတုန်းက Xiaoran ပို့ပေးမယ်ဆိုလို့ ပါတယ်ထင်နေပုံပဲ...။ မပါဘူးဆိုမှ စိတ်လျှော့ပြီး ပြန်လှဲသွားတော့တယ်...။ အရေးထဲမှာ သူစိမ်းချင်းတူတူကိုတောင် အဲ့ကောင်ကိုများ ရှာနေရတယ်လို့...
သူ့ကို ဆေးထည့်တာ ထိုင်စောင့်နေတုန်း Yibo နဲ့ Xiaoranပါ ရောက်လာကြပြီ...
" Darren...သူ ဘာဖြစ်သွားသေးလဲ..."
" ဘာမှမဖြစ်ဘူးလို့ ပြောတာပဲ...အချွန်နဲ့ ရှပ်မိပြီး သွေးထွက်သွားရုံပဲလို့ ပြောတယ်..."
" တော်ပါသေးရဲ့..." Yibo ကြည့်ရတာပျာပျာသလဲ ဖြစ်နေသလိုပဲ...။ ကောင်းပ...အဲ့ကောင်က ကျွန်တော်က လွဲရင် အကုန်လုံးအပေါ် သိပ်ကောင်း...။ ထားပါတော့လေ ရိုးနေပါပြီ...။ ကျွန်တော်က အပြင်ကစောင့်နေတာမို့ အခုမှ သတိရတော့တယ်...
" Xiaoran...မင်းကို Xiaozhan ရှာနေတယ်..."
" ဘာလို့..."
" မသိဘူး...ခုနထဲက မင်းကို ခေါ်ခိုင်းနေတာ...။ အခုလည်း ဘေးမှာစောင့်ပေးမယ်ဆိုတာကို အပြင်မှာပဲစောင့်ဆိုလို့ ဒီမှာထိုင်နေရတာ...မင်း သွားကြည့်လိုက်ဦး...။ ဟက် ကြည့်ရတာ မင်းကို လူတိုင်းက ကယ်တင်ရှင်ကြီးလို့ မြင်နေတဲ့ပုံပဲ..."
YOU ARE READING
Forever Yours [Completed]
Fanfictionကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . ကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . Wang Yibo & Xiaozhan ...