Yibo <POV>ကျွန်တော်တော့ ဒီခရီးထွက်မှပဲ မျက်ကွင်းတွေတောင် ညိုကုန်ပြီလား မသိဘူး...။ မနေ့ကလည်း Xiaozhan ကြောင့်အိပ်မရ...ဒီနေ့လည်း Xiaoran ကြောင့်အိပ်မပျော်ပြန်ဘူး...
ဖက်တာမကြိုက်ပါဘူးဆိုမှ Xiaoran က အတင်းကို ဖြစ်ညှစ်ဖက်ထားတာမို့ မွန်းတောင်မွန်းလာပြီ...။ ကျွန်တော့်အဖြစ်ကလည်း ချစ်သူနဲ့အတူတူအိပ်နေရတာတောင် မကြည်နူးနိုင် ဖြစ်နေတဲ့ဘဝ...အဲ့ဒါကြောင့်ပြောတာလေ...ကျွန်တော် Xiaoran ကိုချစ်လား မချစ်လား မသေချာပါဘူးလို့...။ သေချာဝာာတစ်ခုက အိမ်ထောင်ပြုရမှာတောင် စိတ်ရှုပ်သွားပြီ...ဘယ်သူနဲ့ယူယူ ယူပြီးရင် ဖက်တော့အိပ်ရမှာပဲမလား...
နာရီကိုလှမ်းကြည့်တော့ နှစ်နာရီထိုးနေပြီ...။ Xiaoran အိပ်ပျော်နေတာသေချာမှပဲ...သူ့ကို အသာလေး ဘေးကိုရွှေ့လိုက်ရတယ်...။ ဟိုဖက်ကုတင်ကို လှမ်းကြည့်လိုက်တော့ သူတို့နှစ်ယောက်လည်း အိပ်ပျော်နေပြီထင်တယ်...။ သူတို့ပဲကောင်းတယ်...ကုတင်တစ်ခုထဲကို ရန်ဖြစ်ထားတဲ့သူတွေလိုပဲ ဟိုဖက်အစွန် ဒီဖက်အစွန် အိပ်နေကြတာ...
Darren က ကျွန်တော်တို့ဘက်နဲ့ နီးတာမို့ သူခြေကားယား လက်ကားယား အိပ်နေတာ မြင်မကောင်းတာကို စောင်ထခြုံပေးဖို့ သူတို့ဘက်လျှောက်လာလိုက်ရသည်...။ သူက ငယ်ငယ်တည်းက အဲ့လိုပဲ အိပ်တာ...အိမ်လာရင် အခန်းထဲ လာလာအိပ်လွန်းလို့ မောင်းမောင်းထုတ်ရတာလည်း ခဏခဏ...။ သူလည်း လူကပ်ချက်ပါပဲ...။ သူ့ကို စောင်ခြုံပေးပြီးမှ Xiaozhan ဘက်ကို လျှောက်သွားမိလိုက်တယ်...
သူက ငြိမ်ပါတယ်...မနေ့ထဲက သူ့ကို သတိထားမိနေတာ...သူကအိပ်ရင် အသက်မရှိတဲ့သူလိုပဲ...။ မနေ့က ကျွန်တော့်လက်ကို ယောင်ပြီး လှမ်းဆွဲပြီးထဲက ထပ်မလှုပ်တော့တာ မနက်ထိပဲ...။ သစ်တုံးလို တောင့်တောင့်ကြီး အိပ်နေလို့ မနေ့ညကတောင် အသက်ရူသေးရဲ့လားလို့ စမ်းစမ်းကြည့်မိလိုက်သေးတယ်...
အခုလည်း စောင်ကို ခေါင်းမြီးခြုံအိပ်နေတာမို့ နည်းနည်းဟပေးထားလိုက်ရတယ်...။ ခုနDarrenနဲ့ ပြောနေတာ ကြားလိုက်ပါသေးတယ်...သူ့မျက်နှာရုပ်ဆိုးနေလို့ ငိုနေတယ်ဆိုပြီးတော့...။ သူ့မျက်နှာက တော်တော်လေး အရောင်ကျသလောက်ရှိနေပြီ...ဒီလောက်ဆို မနက်ကျရင် သက်သာသွားမှာပါ...ဒါလေးဖြစ်တာကို တော်တော်လေးငိုထားပုံပဲ...အခုထိ ပါးမှာ မျက်ရည်တွေတောင် မခြောက်ချင်သေးဘူး...။ သူက တကယ့်ကို ကလေးစိတ်ပဲ ရှိသေးတာများလား...
YOU ARE READING
Forever Yours [Completed]
Fanfictionကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . ကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . Wang Yibo & Xiaozhan ...