Chapter 15

15.6K 1.7K 279
                                    


Yibo <POV>

ဒီနေ့မနက်ခင်းက အပြုံးနဲ့စတယ်...။ ဘာကိုပျော်လို့ပျော်နေမှန်းမသိအောင်ကို ပြုံးနေမိတာ...။ ညနေ Xiaoran နဲ့တွေ့ရမှာ ဝန်လေးနေမိပေမယ့် ဒီနေ့ပြီးရင် Xiaozhan နားကို စိတ်လွတ်ကိုယ်လွတ် ကပ်လို့ရပြီ...။ အရာရာနားလည်ပေးတတ်တဲ့ Xiaoran ကလည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို နားလည်ပေးမယ်လို့ ယုံတယ်...

နိုးနိုးချင်း Xiaozhan ကို ဖုန်းခေါ်ကြည့်ဖို့ လုပ်ပေမယ့် သူအိပ်နေမှာစိုးတာမို့ message ပဲပို့ထားလိုက်တော့တယ်...။ အခုရက်ပိုင်းက အတွင်းရေးမှူးအပ်ိုင်မရှိတော့ အလုပ်က ခွင့်ယူလို့ ပိုမလွယ်ဖြစ်နေတာကြောင့် မနက်ဖြန်နေ့ခင်းနားတဲ့အချိန်မှပဲ သူ့အိမ်လာခဲ့မယ်လို့ ပို့ထားလိုက်တော့တယ်...။ သူ့အိမ်အခြေအနေလည်း လေ့လာရင်းနဲ့ပေါ့...

______

Darren <POV>

ဒီနေ့က ဘဝမှာ မလုပ်ဖူးတာတွေလုပ်နေရတဲ့နေ့ဆို တကယ်မမှား...။ မနက်ထဲက ကားကိုကိုယ်တိုင်မောင်းပြီး အရှုပ်ထုပ်ကို ဆေးရုံလိုက်ပို့ပေးရတယ်...။ အကယ်၍ သူဆေးရုံတက်ဖို့လိုတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် စောင့်ပေးဖို့လုပ်ထားပေမယ့် ဆေးရုံမတက်ပဲ အိမ်မှာနားနေရင် ရတယ်ဆိုလို့ တော်ပါသေးရဲ့...

ဆေးရုံကအပြန် သူဗိုက်ဆာတယ်ဆိုလို့ နေ့လည်စာ လိုက်ကျွေးရသေးတယ်...။ ဘာမှမမှတ်မိတဲ့ အဲ့ကောင်လေးက ဗန်းထဲက ပုဇွန်တွေကို နှိုက်စားဖို့ ပြင်နေတာမို့ အဲ့ဆိုင်ရှေ့က ဆွဲခေါ်လာခဲ့ရသေးတာ...။ မတည့်ဘူးပြောတာကိုလည်း လူကို မယုံသလို သူ့ကို မသထာသလို လာပြောနေတာမို့ လက်ကနေပဲ စောင့်ဆွဲပြီး ခေါ်လာလိုက်ရတော့တယ်...

ဆွဲလာရင်းနဲ့မှ သူ့ကို ဟိုတယ်မှာတုန်းက ပုဇွန်တွေ ကျွေးခဲ့မိတာကို တကယ်စိတ်မကောင်းဖြစ်သွားမိသေးတာ...။ အဲ့တုန်းက သေအောင်ထိ ရည်ရွယ်ပြီး လုပ်တာမဟုတ်ပေမယ့် မကောင်းကြံတာတော့ ကြံခဲ့တာပဲလေ...။ အဲ့ဒါကို သူမို့လို့ စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်တော့်အသက်ကိုတောင် အကြိမ်ကြိမ် ကယ်ခဲ့သေးတာ...ကျွန်တော်သာဆိုရင် အငြှိုးတောင် ထားမိဦးမယ်ထင်ပါရဲ့...

Forever Yours [Completed]Where stories live. Discover now