Chapter 13

16.5K 1.9K 231
                                    


ကျွန်တော် အပြင်မှာထိုင်နေတုန်း Yibo ပါ အပြင်ထွက်လာပြီး...ရေးကြီးသုတ်ပျာထွက်သွားတာမို့ လှမ်းခေါ်လိုက်ရသေးတယ်...

" Yibo...ဘယ်လဲ..."

" ငါ ဟိုတယ်ပြန်လိုက်ဦးမယ်...။ အခုကိစ္စက လုပ်ငန်းချိန်မှာဖြစ်တာဆိုတော့ Xiaozhan အိမ်ကို ဆက်သွယ်မှဖြစ်မှာ...။ ငါ သူ့အချက်အလက်တွေကို Beijing ရုံးကို လှမ်းမေးရင်းနဲ့ သူ့အတွက်လိုတာသွားယူလိုက်ဦးမယ်..."

" အော် အင်း အင်း..."

" ဒါနဲ့ သူက မင်းကိုပဲ မှတ်မိတာဆိုတော့ မင်း သူ့နားနေပေးလိုက်ဦးနော်...။ အထဲမှာ Xiaoran ရှိတယ်...ငါ မြန်မြန်ပြန်လာခဲ့မယ်..."

ပြောပြီးတာနဲ့ ပြေးထွက်သွားပြီမို့ ခေါင်းပဲခါလိုက်မိတော့တယ်...။ Yibo က အဲ့အရှုပ်ထုပ်ကိုဆိုရင် အရေးကိုပေးတာပဲ...သူက နာမည်မှာ Xiao ပါတဲ့ကောင်တွေနဲ့ အကျိုးပေးပုံရတယ်...

ဆရာဝန်တွေပါ ထွက်လာတာမို့ လိုအပ်တဲ့ဆေးတွေလိုက်ယူရင်း သူ့ကို Beijing ဆေးရုံကို လွှဲပေးလို့ရမလား မေးကြည့်တော့ ခွင့်ပြုတယ်....။ ဒီနေ့က ပြန်ရမယ့်ရက်လည်းဖြစ်နေတဲ့အပြင် သူ့မိဘတွေကလည်း Beijing မှာဆိုတော့ အဲ့ကိုရွှေ့မှ အဆင်ပြေလောက်မှာ...

_____

" Xiaozhan...ဒါလေးနည်းနည်းစားလိုက်ဦး‌..."

" မစားချင်သေးဘူး..."

" ငါခွံ့ကျွေးမယ်လေ..."

" တော်ပြီ...ကျွန်တော် ဘာမှမစားချင်ဘူး..."

ခွံ့ကျွေးပါ့မယ်ဆိုတာတောင် ပန်းကန်ကို အတင်းတွန်းထုတ်နေတာမို့ လက်လျှော့လိုက်ရတယ်...။ သူ့ကို သတိပြန်ရလာမယ်ထင်ထားကာမှ အခုကျွန်တော့်ကိုတောင် မမှတ်မိတော့တာမို့ ဘာလုပ်ရမှန်းမသိတော့...။

" Xiaozhan မင်းငါ့ကို မမှတ်မိဘူးလား..."

" ကျွန်တော့်နာမည်က Xiaozhan လား..."

ရှီး...တော်ပြီ...နာမည်တောင် ပြန်မေးနေထဲက ဆက်ကိုမမေးချင်တော့...။ သူ့နာမည်ကိုတောင် မမှတ်မိဘဲ Darren ကိုကျ မှတ်မိတာ အံ့ဩစရာပင်...

Darren အခန်းထဲဝင်လာမှ မားတို့ကို ဖုန်းဆက်ပြောဖို့ ထွက်လာလိုက်တော့တယ်...။ Yibo မဆက်ခင် ဦးအောင်ကြိုပြောထားမှဖြစ်တော့မယ်...သူ မမှတ်မိသေးဘူးဆိုတော့လည်း မီးစင်ကြည့်ကရတာပေါ့...။ ဘာပဲဖြစ်ဖြစ် သူလည်းအသက်ရှင်တယ်...ဘာမှလည်း မမှတ်မိသေးဘူးဆိုတော့ နှစ်ခုလုံးအတွက် ခုမှစိတ်အေးရတော့တယ်...

Forever Yours [Completed]Where stories live. Discover now