Darren <POV>ဒီညလည်း ထုံးစံအတိုင်း မားက ခရီးထွက်သွားပြန်တယ်...။ မားမရှိတိုင်း အိမ်မှာမနေတာ အကျင့်လိုဖြစ်နေတော့ အခု ဘယ်သူ့အိမ်သွားနေရမလဲ စဉ်းစားနေရပြီ...။ အရင်လို အိမ်မှာစိုးရိမ်စရာအခြေအနေမျိုး မရှိတော့ပေမယ့် တစ်ယောက်တည်းတော့ မနေချင်...။ Yibo ကလည်း မရှိ.. Xiaozhan ကလည်း ခရီးထွက်နေရတာ...။ Xiaozhan ကတော့ တစ်ခုခုဆို သူ့အိမ်မှာလာနေလို့ရတယ်ဆိုလို့ သူ့အိမ်မှာရှိတဲ့ Xiaoran ကိုပဲ လာနေလို့ရမလား ဖုန်းခေါ်ဖို့ လုပ်လိုက်တော့တယ်...
📱 " Xiaoran လား..."
" အင်း...ပြောလေ ဘာလို့လဲ..."
" အာ...ဒီည ငါ့အိမ်မှာ ဘယ်သူမှမရှိဘူး...အဲ့ဒါ မင်းတို့အိမ်မှာလာနေလို့ရမလား...။ အရင်ဆို Yibo အိမ်သွားနေကျပဲ...အခု သူမရှိတော့ မသွားချင်လို့...ရလားလို့..."
" ရတော့ရပါတယ်..."
" ရတော့ရတယ်ဆိုတာ ဘာကြီးလဲ...အဆင်မပြေရင်လည်း ပြောလေ...တစ်ယောက်တည်း မနေချင်ရုံပါပဲ...ကိုယ့်အိမ်မှာကိုယ်နေလည်း ဖြစ်တယ်..."
" အော် စိတ်ကြီးပဲ...။ တကယ် သွားနေလို့ရတယ်...ဒါပေမယ့် ငါက အိမ်မှာမရှိဘူး...ဟိုတစ်ခါ မင်းကိုခေါ်လာဖူးတဲ့ တိုက်ခန်းမှာ နေနေတာ... ။ Xiaozhan လည်း အိမ်မှာမရှိတော့ မင်းတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့..."
" အော်...တစ်ယောက်တည်းဆိုရင်တော့ တော်ပါပြီ...။ မင်းမိဘတွေကို ကြောက်တယ်...မင်းတို့ရှိရင်တော့ တော်သေး...ဒါဆိုလည်း ဒါပဲကွာ..."
" ခဏ..."
" အင်း ပြော..."
" မင်းအဆင်ပြေတယ်ဆိုရင်တော့ ငါ့တိုက်ခန်းမှာလာနေလို့ရတယ်နော်...ငါက တစ်ယောက်တည်းဆိုတော့ မင်းကို အားနာလို့..."
" တကယ်လား...နှစ်ယောက်တည်းဆိုတော့ ပိုတောင်ကောင်းသေးတယ်...လူကြီးတွေရှိရင် နေရခက်နေဦးမှာ...။ ငါ အခုပဲလာခဲ့မယ်...ဘာဝယ်ခဲ့ရဦးမလဲ..."
" မလိုဘူး...အိမ်မှာအကုန်ရှိတယ်...သောက်ချင်ရင်တောင်ရတယ်..."
" Ok...ရတယ် ငါသိပ်မသောက်တတ်ဘူး...။ ငါ ထွက်လာနေပြီနော်..မအိပ်နဲ့ စောင့်နေဦး..."
YOU ARE READING
Forever Yours [Completed]
Fanfictionကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . ကိုယ် အခုကြည့်မရဖြစ်နေတဲ့ ကောင်လေးက တစ်ချိန်က ကိုယ့် crush ဖြစ်နေနိုင်ပါတယ်နော်. . . Wang Yibo & Xiaozhan ...