ကားပေါ်မရောက်ခင်....
အိမ်ထဲမှထွက်လာထဲကခြံပြင်ရောက်သည်ထိ။ရိပေါ်ကအသံတစ်စက်မှမထွက် နှစ်အိမ်ေကျာ်လောက် ရောက်မှပေါက်ပေါက်ဖောက်စက်ကြီးက အလုပ်စလုပ်ပြီလေ။
ဘုန်း.......
ရိပေါ် ဒေါသကထွက်နေတာ ကြောင့်ဂျိယမ်ကျောကုန်းပေါ် သို့ရိပေါ်ရဲ့လက်ဝါးကြီးက နေရာယူပြီးသား။
"အားးးးးအမေ့....."
"စုန့်ဂျိယမ်....."
ဂျိယမ်သိသည် သူကားပေါ်မရောက်ခင်ထိ သူ့ရဲ့ပေါက်ပေါက်ဖောက်စက်ကြီးကရပ်မှာမဟုတ်ဘူး ဆိုတာလေ။
ဖြစ်ချင်တော့ကားဂိတ်က အိမ်နဲ့တော့နည်းနည်းလှမ်သည်။အိမ်ကနေထွက် လမ်းထိပ်ထိလျောက်သွားရသည်။ဂျိယမ်တို့အိမ်က အတွင်းပိုင်းကျတော့ လမ်းထိပ်ရောက်ကအာင်ပင်ဆယ်မိနစ်လောက်လျောက် ရသည်။လမ်းထိပ်ရောက်ရင် ဘယ်ဘက်ချိုးနည်းနည်းလောက်လျောက်ပြီးမှ မှတ်တိုင်ရောက်တာကြောင့် ကြားမှာဖြတ်သန်းရမည့်အကွာအဝေးကို တွေးပြီးဂျိယမ်တစ်ယောက် သေချင်စော်နံနေပြီ။
ထမင်းစားပွဲသျပြောလိုက်တာက ရိပေါ်ကိုစချင်ရုံသက်သက် ဒီလောက်ထိစိတ်ဆိုး သွားလိမ့်မယ်လို့တော့သူ မထင်ခဲ့ပါ။ဂျိယမ်ကဇီးရွက်မျက်ခွက်လေး နဲ့ရိပေါ်ကိုကြည့်ကာ....
"ဘာလို့ရိုက်တာလဲ..ဒီမှာကျောရိုးကျိုးသွားပြီတောင်ထင်တာ"
"ကျိုးသွားလည်းအေးတာပေါ့ ဟျောင့်မင်းတော်တော် ပါးစပ်အားနေလား လိမို့လို့ တီလေးရှေမှာ ငါ့ကိုမိန်းမလို့သွားခေါ်တာလား
ငါခေါ်ခိုင်တယ်လို့တော့မပြောနဲ့ ငါမင်းကိုခေါ်လို့ရတယ်လို့ပြောတာ နှစ်ယောက်တည်းရှိတဲ့အချိန်လေ သူများတွေရှေ့မှာမခေါ်ခိုင်ဘူး""ဟ.မင်းပြောတော့ မင်းခေါ်ချင်ရင် ခေါ်ဆို ဘယ်အချန်မှခေါ်ပါ ဘယ်နေရာမှခေါ်ပါ ဘယ်သူ့ရှေ့မှာမှ ခေါ်ပါလို့မှမပြော.."
"ဟျောင့်..."
ဂျိယမ်ပြော လိုက်သည်က ရိပေါ် စိတ်ဆိုးလည်းစိတ်ဆိုးချင်စရာပါ။ရိပေါ်အော်လိုက်သောကြောင့်ဂျိယမ်ရဲ့မျက်နှာလေးရှိတောင်ရှိတော့မယ်မထင်။
အော်ပြောရအုံးမယ်သူတို့က ရပ်ပြီးရန်ဖြစ်နေတာအဟုတ်ပါဘူး။လမ်းလျောက်ရင်းနဲ့လမ်းမမှာ အရှက်မရှိရန်ဖြစ်နေတာပါ။သူတို့တွေလမ်းထိပ်တောင်မရောက်သေးပါဘူး။
တစ်ချို့သူတွေဆိုကွက်ကြည့်ကွက်ကြည့်သွားသေး ဒီကြားထဲfujoshi မတွေဆိုဓာတ်ပုံတွေပါရိုက်သွားသေးတာ။
ရိပေါ်လည်း ဂျိယမ်စကားကြောင့် စိတ်ကပေါက်ထွက်သွားသည်။
YOU ARE READING
Mine(zhanyi)💗💗
Fanfictionဒီficလေးက Delay ရဲ့ပထမဆုံး ficလေးပါ၊ဒီဒီက fic တွေကို အခု မှစရေး တာမို့ အမှားပါသွားရင် ခွင့် လွှတ် ကြပါ၊ကြိုပြီးတောင်းပန်ထားတာပါ😁😁😁။ အခုဒီဒီရေးမှာက zhanyiဖြစ် တဲ့အတွက်yiboကိုuke xiao zhan ကို semeလိုရေးမှာပါ။မီးနီအခန်းတွေမပါ ပါဘူး။ဒီဒီလေးက ကေလးပဲ...