part 13

2.1K 82 7
                                    

"ရှောင်ကျန့်ရေ...ကျန့်ကျန့်...ထ..လို့''

"ကျန့်.....ထကွာ...ဟျောင့်....''

အခုဆို ယုဘင် ရှောင်ကျန့်ကိုနှိုးနေတာ ဆယ့်ငါးမိနစ်လောက်ရှိနေပါပြီ
ယုဘင်က သာ ဟိုနားရိုက်လိုက်ဒီနားရိုက်လိုက်လုပ်ပြီးနှိုးနေတာ ဟို ကာလနဂါးက ပန်းနဲ့ပေါက်နေသလား အောက်မေ့ရတယ်
တုပ်တုပ်တောင်မလှုပ်ဘူး...
ယုဘင်တစ်ယောက် ဇန်ဂျင်သွားနှိုးခိုင်းလို့သာ နှိုးနေရတာပါ
သူလည်းသိပ်ပြီးမနှိုးချင်..ရှောင်ကျန့်အကြောင်းယုဘင်သိသည်..
ရှောင်ကျန့်ကိုတစ်ခါနှိုးရတာ..ကာလနဂါးအကောင်တစ်ရာလောက်ကို..တစ်ပြိုင်နက်နှိုးနေရတာနှင့်တူသည်..
တစ်နေ့တစ်နေ့..ဒီကာလနဂါးရဲ့ဖခမည်းတော်ကိုသာ နေ့တိုင်နှိုးရမယ်ဆိုရင်
ယုဘင် အသက်ထွက်သွားလောက်သည်

ဟော...အခုဘဲကြည့်..အိပ်နေတာ ပုပ်သိုးနေတာဘဲ..
ယုဘင် စိတ်မရှည်တော့
ရှောင်ကျန့် ကုတင်ခြေရင်းနားသွားက
ရှောင်ကျန့် ခြုံထားသော ဂွမ်းစောင်ကိုလက်နှစ်ဖတ်နှင့်စောင့်ဆွဲလိုက်သည်

..သောက်ကျိုးနည်းလေး...သောက်ကျိုးတစ်
စက်မှမပေးတဲ့ကောင်စုတ်လေး...ဒါနဲ့များ
Xiao gpရဲ့CEOလုပ်ချင်သေး...
တစ်နေ့တစ်နေ့သူကိုန​ှိုးဖို့ လူတစ်ယောက်ငှားထားရမယ်..

အော့...ဒါတောင်ပြန်ဆွဲခြုံတယ်.
ဟင်း...ရှောင်သခင်လေးရယ် ကျွန်တော်မျိုးကို နောက်ဆုံးလမ်းရောက်အောင်..​အမြှောက်နဲ့ပစ်နေတာလားနော်
ရပါတယ်...
နောက်ဆုံးတော့ဒီနည်းဘဲသုံးရတော့မယ်..

အတွေးလည်းဆုံးကော
ယုဘင်တစ်ယောက်အခန်းပြင်ပြေးထွက်သွားသည် သိပ်မကြာပါဘူး
လက်ထဲတွင်ရေပုံးနှစ်ပံ​ုးကိုမနိုင်မနင်းဆွဲကာပြန်ဝင်လာသည်
ရှောင်သခင်လေးအတွက်ရေပုံးနှစ်ပုံးမှရမှာ
တစ်ပုံးထဲဆို ဟိုက လှုပ်မှာတောင်မဟုတ်

ဟင်း..........
ယုဘင်သက်ပြင်းအရှည်ကြီးချကာ
ရေပုံးတစ်ပုံးကိုဆွဲပြီးရှောင်ကျန့်မျက်နှာပေါ်သို့....
​ဗျန်းးးးးး
ကဲ..နောက်တစ်ပုံး..
​ဗျန်းးးးးး

ဟင့်..
အဲ့တော့မှ ကာလနဂါးရဲ့ဖခမည်းတော်က
ပင့်သက်ရှိုကိပြီး..မျက်နှာ​ေတာ်ပေါ်ရှိရေ များကိုလက်နဲ့သုပ်ကာ..အိပ်ဆုံမှုံမွှားထလာတော့သည်
ပါးစပ်ကလည်းဘာတွေ ရေရွတ်နေမှန်းမသိ

Mine(zhanyi)💗💗Where stories live. Discover now