part 4

2.6K 116 6
                                    

မနက် 5နာရီ....

ရိပေါ်တစ်ယောက် အလုပ်စဆင်းရတော့မည် နှင့်စိတ်လှုပ်ရှားကာ မနက်​အစောကြီးနိုးနေသည်။အပြင်ဘက်တွင်တောင် အလင်းရောင်ဆိုလျှင် မီးရောင်များသာရှိသည်။သို့သော် လေ့ကျင့်ခန်းလုပ်သူ နဲ့ကားမတွေဆိုင်ကယ်တွေတော့တစ်ရိပ်ရိပ်နှင့်။ရိပေါ်တစ်ယောက်လ​ဲ ​ပြန်အိပ်လို့မရတာနဲ့ ခြံထဲလမ်းဆင်းလျောက်နေသည် ​။

ရိပေါ်စိတ်လှုပ်ရှားနေသည်။သူမသိကျွမ်းသောနေရာဒေသက မသိကျွမ်းသောသူတွေနှင့် ဆတ်ဆံရမည် အလုပ်လုပ်ရတော့မည်။ပြီး​ေတာ့သူလုပ်ရမှာက waiterလေ။waiterဆိုတာက လူမျိုးစုံနဲ့ထိတွေ့ဆတ်ဆံရတာလေ သူကြောက်တာမမှားပါဘူး။တွေးရင်းတွေးရင်းနဲ့ ဟိုနေ့ကသူ့ကိုကားနဲ့တိုက်ခဲ့တ​ဲ့သူကိုသတိရသွားပြန်ကော။
'သူကလည်းငါ့ကိုကားနဲ့တိုက်သေး သူကပ​ဲ​ြပန်ဟောက်သွားသေး အဲ့ဒီ့နေ့ကငါမှားတာမှန်ပါတယ် သူအမှားကောမပါဘူးလား ​ေမာင်းလာတဲ့ပုံက သတ်မ​ှတ်မိုင်နှုန်းနှစ်ဆလောက်ရှိတယ် ပြီးတော့ငါကကောဘာလို့သူပြောတာကို မလွန်ဆန်နိုင်တာလဲ ဘာလို့ပြန်မပြောနိုင်ခဲ့တာလဲ ကြီးတော့ငါ့ကိုလဲအဆင်ပြေလားတစ်စက်မှမမေးသွားဘူး ဟောက်သွားတာမှလွန်ရော ပြီးတော့လဲငါ့ကိ​ု gayရုပ်လေးဘာလေးတဲ့ပြောသွားတာ​ပကြည့်တော်ပြီတော်ပြီ....သူ့​အကြောင်းမစဥ်းစား ချင်သေး​ဘူး'

ဘေဂျင်းမြို့ရဲ့ မနက်ခင်းလေအေးတို့က တစ်ဖြူးဖြူးနှင့်တိုပ်ခတ်နေသည့်အတွက် ညဝတ်အကျ်ီပါးပါးလေးဝတ်ထားသောရိပေါ်တောင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်။ရိပေါ်လည်း ​ေအးလာတာကတစ်ကြောင်း ဂျိယမ်ကိုအကျင့်ဖြစ်အောင်သွားနှိုးရမည် ဆိုသည့် အကြံကိုအကောင်အထည် ဖော်ရန်က တစ်ကြောင်း အိမ်ခဲ့သို့ဝင်ခဲ့တော့သည်။အခန်ထဲဝင်သွားတော့ အိပ်ရာပေါ်မှာဂျိယမ်မရှိ။

"နိုးနေပြီလားဟ..ဂျိယမ်မှဟုတ်ရဲ့လားဆေးများမှားသောက်ထားတာလား"

"ဝမ်ရိပေါ်.. ဟျောင့်......"

ရိပေါ်တစ်​ယောက် တစ်ကိုယ်တဲစကားပြောနေချိန်အနောက်မှ ဂျိယမ်ရဲ့အသံဆိုးကြီးကြောင့်ပါးစပ်မှမထွက်သင့်သည်များက ရေလျံသလိ​ုတစ်ရစပ်။

Mine(zhanyi)💗💗Tempat cerita menjadi hidup. Temukan sekarang