Unicode
"ဟေ့..ရိပေါ်တို့'
"ဟယ်..ကောတို့''
ယုဘင်၊ဟောက်ရွှမ်းနဲ့ ဇန်ဂျင်တို့ အပြင်းပြေလမ်းဆင်းလျောက်နေရင် ပန်းခြံထဲရောက်လာတော့ တစ်အားအားနဲ့အော်နေတဲ့သူကြောင့် ဘယ်သူတွေလဲလို့ ကြည့်လိုက်တာ ရိပေါ်တို့သုံးယောက်ဖြစ်နေသည်။
ရှောင်ကျန့်ကိုယုဘင်တို့ခေါ်ပါသည် မခေါ်ဘူးလို့မထင်ပါနဲ့ ခေါ်တာတောင်ရိုရိုကျိုးကျိုးလေးခေါ်တာပါ
အဲ့တာကို ဟိုမသာက အာပြဲကြီးနှင့် အားအားယားယားခြေထောက်ညောင်းတယ်ဆိုပြီးတော့တောင်အော်လွှတ်လိုက်သေးသည်
ဒီတစ်နေ့လုံး ရှောင်ကျန့်သောက်ချိုးတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းနေတာ လိုက်လို့ကိုမမှိတော့ဘူး..ရိပေါ်တို့နဲ့ ယုဘင်တို့ခင်တာတစ်ပတ်တောင်မပြည့်သေးပေမဲ့ ယုဘင်ရဲ့စကားပြောကောင်းမှုနှင့် ဂျိယမ်ရဲ့ စွာတေးလန်စိတ်ဓာတ်လေးကြောင့် သူတို့အားလုံး
မကြာပါဘူး တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီးဖြစ်ကာ စရဲနောက်ရဲလာကြသည်။ရိပေါ်တို့သုံးယောက်ကတစ်ကယ် ချစ်ဖို့ကောင်းကြပါတယ် အဲ့တာကို ရှောင်ကျန့်ကဘယ်နေရာကြည့်ပြီးကလေး ကို သဘောမကျဖြစ်နေတာလဲ ဇန်ဂျင်တစ်ကယ်စဉ်းစားလို့မရတော့ပေ..
"ရိပေါ်တို့ကဒီမှာဘာလုပ်..ဟယ် ဒါတွေဘယ်လိုဖြစ်တာတုံး''
"တုံး''ဆိုထဲကသဘောပေါက်လိုက်ပေတော့
ကိုဇန်ဂျင်ကြီး
ဇန်ဂျင် လန့်သွားပါသည်
ညိုညိုမဲမဲအရှိုးရာတွေက ခြေသလုံးဖွေးဖွေးလေးနှစ်ခုကိုကန့်လန့်ဖြတ် မြင်လို့မှမကောင်း
ဘယ်လိုတွေတောင်ဖြစ်တာတုံးရိပေါ်က ဂျိယမ်ခြေထောက်ကို မိမိခြေထောက်ပေါ်တင်ကာ အညိုရောက်အမှတ်လှလှလေးများကို ဖွဖွလေးဆေးလိမ်းပေးနေသည်
ဖွဖွလေးပါတစ်ကယ့် ဖွဖွလေး
အဲ့တာကို ဂျိယမ်က နာတယ်နာတယ် ဆိုပြီး
တစ်အား အားနဲ့ အော်နေတာ..
အော်နေတဲ့အသံကလည်းလူကြားလို့မှမကောင်း...
ဒီဟာတွေရတာ ဂျိယမ်ရဲ့အပြစ်လို့လဲပြောလို့မရပေ..ဘေးနားက ဟောက်ရွမ်းမျက်ခွက်ကြီး ဘယ်လိုဖြစ်နေမယ်လို့ထင်ကြပါသလဲ
သေချာပါသည် ဒေါသထွက်ပြီးနီမြန်းကာပေါက်ကွဲထွက်ေတာ့မည့်အတိုင်းပင်..
ဘယ်သူက ရာရာစစ သု့အချစ်လေးကို လုပ်ရဲတာလဲ
*ဟိုဆရာမ တီးလိုက်တာဟေ့*
ESTÁS LEYENDO
Mine(zhanyi)💗💗
Fanficဒီficလေးက Delay ရဲ့ပထမဆုံး ficလေးပါ၊ဒီဒီက fic တွေကို အခု မှစရေး တာမို့ အမှားပါသွားရင် ခွင့် လွှတ် ကြပါ၊ကြိုပြီးတောင်းပန်ထားတာပါ😁😁😁။ အခုဒီဒီရေးမှာက zhanyiဖြစ် တဲ့အတွက်yiboကိုuke xiao zhan ကို semeလိုရေးမှာပါ။မီးနီအခန်းတွေမပါ ပါဘူး။ဒီဒီလေးက ကေလးပဲ...