တွေ့လိုက်ရတဲ့သူကြောင့် ရိပေါ်မှင်သက်သွားသည် ပိုအံ့သြစရာကောင်းတာကဂျိယမ်ခေါ်လိုက်တဲ့နာမည်ကြောင့်ပါ
...ရှောင်ကျန့်...တဲ့လား ငါ့ကိုအဲ့နေ့ကကားနဲ့တိုက်သွားတဲ့သူက ရှောင်ကျန့်တဲ့လား
ဂျိယမ်ပြောတဲ့ ခပ်ဆိုးဆိုးကျောင်းသားကြီးတဲ့လား ချောရက်လိုက်တာ.....
ဒီနေ့မှသေသေချာချာကြည့်မိတယ်style panအနက်ရောင်လေးဝတ်ထားပြီး
Shirtအဖြူရောင်လေးအပေါ်မှာမှ အနက်ရောင်ကုတ်အရှည်ကြီးကိုထပ်ဝတ်ထားတဲ့လူကြီး
အဆောင်ထဲကိုတစ်လှမ်းချင်းဟန်အပြည့် နဲ့ဝင်လာသူကြီးကြောင့်ရိပေါ်ငေးမိသွားပါတယ်
ချောရက်လိုက်တာဗျာ......ရှောင်ကျန့်ဝင်လာတယ်ဆိုတာနဲ့ ပုရွက်စိတ်မတွေအုံလာပြီး...
"ကျန့်ကော..ရှောင်ကျန့်...ကျန်ကျန့်..ကော..''
အသံပေါင်းများစွာသည် တစ်ဆောင်လုံးဟိန်းသွားသည်
ဒီကြားထဲ ထထအော်တဲ့မမတွေတွေကတစ်မှောက် ကြည့်ရတာ မေဂျာပေါင်းစုံကအဗူးမတွေပေါင်းစုံ ရောက်လာကြတယ်ထင်ပါတယ်
ရှောင်ကျန့်က အတီးပိုင်းပါ စန္ဒရားအထူးပြု
ဘာလို့အကအဆောင်ရောက်နေတာလဲ ဆိုတာက ရှောင်ကျန့်တို့က အသိုင်းအဝိုင်းကြီးကဆိုတော့သီးသန့်သင်ရတာပေါ့
သိတယ်မလား ဒီနိုင်ငံမှာရှိမရှိတော့မသိဘူး နိုင်ငံခြားမှာတော့ရှိတယ်
တစ်ကျောင်းလုံးမှာသီးသန့်ကျောင်းသားဆိုလို့ ရှောင်ကျန့်တို့လေးရောက်ဘဲရှိတာပါ
သီးသန့်အခန်းကလဲ တစ်ကျောင်းလုံးမှာအကောင်းဆုံး အဆောင်ဖြစ်တဲ့အကအဆောင်မှာရှိတာပါ
ပြီးတော့ပြောရအုံးမယ် ရှောင်ကျန့်ကကျောင်းကိုအမြဲတမ်းနောက်ကျမှရောက်တာပါ တစ်နေ့တစ်နေ့ပြင်ဆင်ရတာလဲတစ်နာရီ မနက်စာစားမယ်ဆိုရင် ဘယ်ဟာမကြိုက်လို့....ဒီဟာမစားနိုင်လို့နဲ့ သူ့စိတ်ကျေနပ်အောင်လုပ်ပေးရတာနဲ့ရှောင်အိမ်တော်ကmaidsတွေအားလုံးတစ်မနက်လုံးယောက်ရက်ကိုခတ်နေတာဘဲ ဒီကြားထဲကော်ဖီကပူနေရင်ပူလို့ဆိုပြီးပြဿနာရှာသေး
ရှောင်အိမ်တော်ကmaidတွေရဲ့ဝတ်ကလဲမသေးပါလားနော်.........
အခုဘဲကြည့် သူရောက်တဲ့အချိန်ကို
နေ့လည်တောင်ရောက်နေပြီ.....
.......
ESTÁS LEYENDO
Mine(zhanyi)💗💗
Fanficဒီficလေးက Delay ရဲ့ပထမဆုံး ficလေးပါ၊ဒီဒီက fic တွေကို အခု မှစရေး တာမို့ အမှားပါသွားရင် ခွင့် လွှတ် ကြပါ၊ကြိုပြီးတောင်းပန်ထားတာပါ😁😁😁။ အခုဒီဒီရေးမှာက zhanyiဖြစ် တဲ့အတွက်yiboကိုuke xiao zhan ကို semeလိုရေးမှာပါ။မီးနီအခန်းတွေမပါ ပါဘူး။ဒီဒီလေးက ကေလးပဲ...