Uni
ညေနစာစားပြီးချိန်.."ဂျိယမ်ငါအပြင်ခဏသွားချင်လို့ ဟိုနားဒီနားပါလမ်းလျောက်ရုံလေး ခဏလေးပါ ငါဒီကိုရောက်သာရောက်တာ အပြင်ကိုတစ်ခါမှမရောက်သေးဘူး တစ်နေ့တစ်နေ့အိမ်မှာချည်း နေရတာပျဥ်းလာပြီ။လုပ်ပါဟာ ခဏေလးပါဘဲ အရင်တစ်ခေါက်လိုမဖြစ်စေရပါဘူး။ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်။နော်....လို့"
ဆိုဖာပေါ်တွင်ထိုင်ကာ အေးအေးဆေးဆေး စာဖတ်နေသူဂျိယမ်ကို သွားပြီးရိေပာ်တစ်ေယာက် နားပူနားဆာလုပ်နေခြင်းဖြစ်သည်။
စကားပြောတော့လည်းကောင်းကောင်းမပြော ပျားရည်စမ်းထားလို့ ချွဲပြစ်နေတဲ့အသံနဲ့ပြောနေခြင်းဖြစ်သည်။
ရိပေါ်သိတယ်လေ သူဒီအတိုင်းပြောရင် မရမှန်း။သူပညာတွေထုတ်သုံးရတာပေါ့....မျက်နှာကိုဇီးရွက်လောက်ထိသေးအောင်အသံကိုချိုနိုင်သမျှချိုအောင် ချွဲနိုင်သမျှချွဲအောင်ပြောရအုံးမည်။သူသိတယ်လေ ဂျိယမ်က သူ့ကို မိန်းမလေးလို့သာခေါ်တာ မိန်းမလိုလုပ်လာရင် မနေတက်ဘူးဆိုတာ သူ့အတွက်အားသာချက်ပေါ့။သူမှမဟုတ်ဘူး တစ်ခြားသူတွေဆိုလည်းအဲ့တိုင်းဘဲ။သူဒီလိုပျားရည်စမ်းပြီးပြောရတယ်ဆိုတာ အရင်ကသူဘေဂျင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကြောင့် ဂျိယမ်ကအပြင်ပေးမထွက်ေတာ့တာ။ဒီလိုမှမလုပ်ရင် ပေးမထွက်ဘူး ဒီလိုလုပ်ရင်တောင်ပေးထွက်မလားမသေချာ ရအောင်တော့ပြောရပေမည်။
Flashback as a story
အဲ့တုန်းက ရိပေါ်အထက်တန်း ဒုတိယနှစ် ကျောင်းပိတ်ရက်ဂျိယမ်တို့ဆီလာလည်တာ တစ်ညတီလေးကလိုတာလေးတွေသွားဝယ်ခိုင်းလို့ ရိပေါ်သွားဝယ်တာ မဝေးပါဘူး လမ်းထိပ်တင်။
လိုတာတွေသွားဝယ်ပြီးလို့အပြန် လူကြီးသုံးယောက်ကသူ့ကို တိုက်တွေကြားထဲက လမ်းကြားေလးထဲခေါ်သွားပြီး အလိုမတူဘဲအတင်းဆတ်ဆံဖို့လုပ်တာ တော်သေးတာအပေါ့လမ်းထဲကဦးလေးကြီးတစ်ယောက်တွေပြီး တစ်ပွဲတစ်လမ်းနွဲလိုက်သေး အဲ့ဒီ့အထိတော့သူမှတ်မိသေးတယ်ပြီးတော့မေ့လဲသွားပြီး သူ့မျက်လုံးထဲ အရာအားလုံးအမှာင်အတိ။
သူနိုးလာတော့အိမ်ရောက်နေပြီ တီလေးကတော့တစ်ငိုငိုတစ်ရယ်ရယ်နဲ့ ဂျိယမ်ကတော့လက်သီးကြီးစုပ်ပြီး အံကြိတ်နေတယ်လေ။အဲ့တော့မှသူ ညကအကြောင်းတွေသတိရသွားပြီး ခေါင်းကတစ်ဆစ်ဆသ်ကိုက်လာသည်။
BINABASA MO ANG
Mine(zhanyi)💗💗
Fanfictionဒီficလေးက Delay ရဲ့ပထမဆုံး ficလေးပါ၊ဒီဒီက fic တွေကို အခု မှစရေး တာမို့ အမှားပါသွားရင် ခွင့် လွှတ် ကြပါ၊ကြိုပြီးတောင်းပန်ထားတာပါ😁😁😁။ အခုဒီဒီရေးမှာက zhanyiဖြစ် တဲ့အတွက်yiboကိုuke xiao zhan ကို semeလိုရေးမှာပါ။မီးနီအခန်းတွေမပါ ပါဘူး။ဒီဒီလေးက ကေလးပဲ...