part 6

2.1K 140 1
                                    

"ကိုယ့်ကို မင်းအကြောင်းလေးပြောပြပါလား။ဂျိယမ်ပြောပြလို့ သိသင့်သလောက်တော့သိပါတယ် ရိပေါ်ပြောတာကြားချင်လို့"

"ကျနော့အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး ကျနော်တို့မိသားစုကလယ်လုပ်တယ် စပါးတို့ပဲတို့စိုက်တယ်"
*တစ်ကယ်တော့ ကျနော်လည်းစိုက်ပျိုးရေးအကြောင်းသိပ်မသိတော့အမှားပါသွားရင်ခွင့်လွတ်ပါ 😅😅*

"အော် စိုက်ပျိုးရေးလုပ်တာလား"

"ဟုတ်ကော ကျနော်တို့မိသားစုလေးကမား မဆုံးခင်ထိတော့ အေးချမ်းတဲ့မိသားစုလေးပေါ့ မားဆုံးတော့ ကျနော်ကအလယ်တန်း ဒုတိယနှစ် မားကိုပါးကအရမ်းချစ်တာလေ မားဆုံးတော့ပါးကအလွမ်းနာကျပြီး အရက်တွေဘဲစွတ်သောက်တာအလုပ်တောင်မလုပ်နိုင်တော့ဘူး မားကိုမေ့သွားအောင် လို့တဲ့ အရမ်းခံစားရလို့မေ့သွားအောင်လို့တဲ့"

"ရိပေါ်ပါးက ရိပေါ်မားကိုတော်တော်ချစ်တာဘဲနော်"

"ချစ်​တာပေါ့​ဗျ အရမ်းချစ်တော့အရမ်းခံစားရတာပေါ့ ပါးကအရက်တွေအရမ်းသောက်​ြပီးအလုပ်မလုပ်နိုင်တော့ အကြွးတွေတင်လာတာပေါ့ ကျနော်ကျောင်းထွက်ပြီးအလုပ်လုပ်မယ်ပြောတော့ ပါးကကျနော့ကိုကျောင်းမထွက်ရဘူးတဲ့ ကျနော်ဝါသနာပါတ​ဲ့အနုပညာကိုမရရအောင်သင်ရမယ်တဲ့"

"ရိပေါ်ကအနုပညာဝါသနာပါတာလား "

ကျန်းချန်လဲ သူ​​ေမးမိတာမှားသွားမှန်းသိတော့ စကားကိုဖြတ်ချပြီးစကားလမ်းကြောင်းလွဲ လိုက်ရတယ်
သူကရိပေါ် အတိတ်က နာကျင်မှုတွေကို အစဖော်ပေးနေသလိုဖြစ်နေတာကို

"ဟုတ်ကောဘာဖြစ်လို့လဲ"

"ရိပေါ်ကဘာလုပ်ရတာဝါသနာပါတာလဲ"

"အက ကရတာပါ တစ်ခြားဟာတွေကိုဝါသနာမပါတာမဟုတ်ပါဘူး အက ကရတာကိုပို အားသာတာပါ"

"ကတတ်လား"

"ဟုတ်နည်းနည်းပါးပါးပါ"

"​ကိုယ်လဲအနုပညာဝါသနာပါတယ် အဲ့တော့နည်းနည်းပါးပါးလုပ်ကြည့်ပါလား"

"​ဗျာ....."

"ကပြကြည့်လို့ ကြည့်ချင်လို့"

Mine(zhanyi)💗💗Donde viven las historias. Descúbrelo ahora