part 11.1

1.7K 119 5
                                    

ရိပေါ် လက်ကို ဆွဲကာ ဇိရီလှေကားပေါ်ကို ဒေါသတစ်ကြီးတက်သွားသည်
ကော်ရစ်တာအနားရောက်မှ လက်ကိုလွတ်ကာ ရိပေါ်ကို....

"ရိပေါ် ဖေးဖေးပြောတာကိုစိတ်ထဲမထားနဲ့..သူကအဲ့အတိုင်းဘဲ...သူ့အိမ်ကချမ်းသာတော့ အလိ​ုလိုက်ထားတယ်လေ
အဲ့တာကြောင့်ပါ ပြီးတော့ဖေးဖေး ရိပေါ်ကိုတစ်ခုခု ပြောတာတို့ လုပ်တာတို့ဆို ကျဲကိုလာပြောနော်..''

"ဟုတ်ကျဲ...''

"ကဲသွားတော့...အတန်းတက်ရတော့မယ်မလား..''

"ဟုတ်..အဲ့တာဆို ခွင့်ပြုပါအုံးနော်''

"အင်း...ကျဲပြောတာမမေ့နဲ့နော်''

ရိပေါ် ဇိရီကို...ခေါင်းငြိမ့်ပြကာ..ဆက်လျှောက်လာခဲ့သည်

ရိပေါ်..သူ့ကိုသူတောင်နားမလည်ဖြစ်မိပါတယ်
ငယ်ငယ်ကတည်းကမဟုတ်တာဆို နည်းနည်းလေးတောင်မခံတဲ့ သူက ရှောင်ကျန့်ဆိုတဲ့ သူ...ဘာပြောပြောဘာလုပ်လုပ် ငြိမ်ခံနေမိတာ....
ရှောင်ကျန့် ရိပေါ်ကိုဘယ်လောက်ဘဲစော်ကား စော်ကားရိပေါ် ဒေါသမထွက်ပါ
တစ်ခုဘဲ ခံစားရတယ်...
အဲ့ခံစားချက်က ဒေါသလား မခံချင်တာလား
မသိပေမယ့်.........
တော်တော်ခံရခက်တယ်......

ရိ​ေပါ်သေချာတာတစ်ခုတော့ ရှိသည်
ရှောင်ကျန့်ဆိုတဲ့သူကို သဘောကျသည်
ကိုကို့ကိုစတွေ့သတည်းက ရိပေါ်နှလုံးသားက ကိုကို့ကိုဘဲတမ်းတနေမိသည်

ကိုကို...ရိပေါ်တစ်ယောက်ထဲသိတ​ဲ့နာမည်
ကိုကိုနဲ့သူနဲ့ ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်မှန်းသိပါတယ်
ယောကျ်ားလေးချင်းချင်းဖြစ်တာကော
ကိုကို့အခြေအနေနဲ့သူ့အ​ခြေအနေနဲ့က မိုးနဲ့မြေလေ...
မမှီနိုင်တဲ့ပန်းကိုလှမ်းခူးမှာထက်စာရင်
အဲ့ဒီ့ပန်းကလေး ပန့်ပင်ပေါ်မှာ ဝင့်ကြွားစွာ ပွင့်နေသည်ကိုဘဲ မြင်ချင်မိပါသည်

မဖြစ်နိုင်တဲ့အရာမှန်းသိပေမယ့်....
မဖြစ်နိုင်တဲ့အရာလို့လက်ခံထားသဖြင့် ရိပေါ်ရှေ့ဆက်မတိုးပါ
သူ့ခံစားချက်တွေ..ကိုလစ်လျူရှုနိုင်သည်..
ဘာလို့ဆို.....ကိုကိုက gay.....တွေကိုမုန်းတယ်လေ
ကိုကိုမုန်းတဲ့အရာတော့ရိပေါ်မဖြစ်ချင်ပါ
ဒါပေမဲ့ ကိုကိုက ရိပေါ်ကို gayလို့စွတ်စွဲနေတော့......
ခံရခက််တယ်​ဗျာ...
ကျနော်gayတယ်ဆိုရင်တောင်..
ကိုကို့တစ်​​ေယာက်ထဲအတွက် ပါ
ကျနော့် နှလုံးသားကော အချစ်တွေကော
ကိုကိုပိုင်ပါတယ်
ကိုကိုမလိုချင်ရင်တော်ကိုကို့အပိုင်ပါ........
*​ဗျဲ.....ရွတ်..ရွတ် 😭😭🤧*

Mine(zhanyi)💗💗Donde viven las historias. Descúbrelo ahora