part 14

1.8K 91 2
                                    

Unicode
ဝရန်တာလက်တန်းကို ဟန်ပါပါထောက်ရင်း အပြင်လောကကြီးကိုငေးကြည့်နေသူတစ်ယောက်...
အပြင်ပန်း ကြည့်လိုက်ရင်တော့ အေးဆေးနေသူတစ်ယောက်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်..
ဒါပေမဲ့ ထိုသူရဲ့စိတ်ထဲမှာတော့ ထိုသို့မဟုတ်
အပြင်ပန်းအသွင်အပြင် နှင့် ဆန့်ကျင်စွာ
ပူလောင်နေသည်
မီးများတောက်လောင်နေသည်
ထ်ိုမီးများက ဘာမီးမှန်းတော့
လောင်မြိုက်ခံနေရသော ထိုသူပင် သေသေချာချာမသိ
ဘာမီးမှန်းတော့မသိ ပေမဲ့ တော်တော်ခံရခက်သည်..ပူလောင်သည်
...........

ရှောင်ကျန့် သူ့ကိုယ်သူပင်နားမလည်နိုင်အောင်ဖြစ်မိသည်..
ဘာဖြစ်သွားတာလဲ.
ဒီခံစားချက်ကြီးက ဒေါသနဲ့တော့ဆင်သလိုလိုရှိပေမဲ့မဟုတ်ပြန်ဘူး
တစ်ခုခုကို အလိုမကျသလိုမျိုး
ယုဘင်တို့ရဲ့ ခပ်ရိုင်းရိုင်းစကား​လုံးတွေကြောင့်လား..
မဟုတ် ဒါ့ကြောင့်တော့ဘယ်လိုမှမဖြစ်နိုင်
ငယ်ငယ်ကတည်းကအတူကြီးလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေလေ
ယုဘင်နဲ့ ဇန်ဂျင်ဆဲတာလည်းခံနေကြဘဲ
တစ်ခါတစ်လေ အဲ့ဒီ့ဆဲသံလေးတွေမကြားရရင် လူကတစ်ခုခုလိုနေသလို
ဒါ့ကြောင့်ယုဘင်တို့ကြောင့်မဖြစ်နိုင်
ဒါ..ဒါဆို ဟိုကောင်လေးကြောင့်လား
အား....မဖြစ်ရဘူး..မဖြစ်နိုင်ဘူး..
ကောင်လေး...မင်းက ငါ့ကိုတော်တော်လွှမ်းမိုးနိုင်တာဘဲ..
မုန်းတယ်..ငါ့ရဲ့ခံစားချက်တွေကိုချုပ်ကိုင်နေတဲ့မင်းကိုလည်းမုန်းတယ်
ယောကျ်ားလေးတစ်ယောက်အတွက်
ခံစားနေရ​တဲ့ ကိုယ့်ကိုကိုယ်လည်းမုန်းတယ်
ဖြစ်နိုင်ရင် ဒီနှလုံးသားကြီးကို ခွဲထုတ်ပစ်ချင်တယ်
ယောက်ျားလေးတစ်ယောက်လွမ်းမိုးတာကို ခံမဲ့အထဲမှာရှူာင်ကျန့်မပါဘူး
ဒီကောင်လေးကြောင့် ခံစားရတဲ့ ခံစားချက်ကြီးက ဘာလဲကွာ..

ဒေါသလို့အမည်တပ် ရအောင်လဲ ဒေါသမဟုတ်...မောဟ ဆိုတော့ မိမိရဲ့ အသိဉာဏ်က မဟုတ်ဘူးလို့ငြင်းပြန်တယ်
သဝန်တိုရအောင်လဲ ငါနဲ့သူနဲ့က ဘာမှမှမဟုတ်တာ ဒါဆိုဘာကြီးလဲ
အဲ့ဒီ့ခံစားချက်ကြီးက..

ကောင်လေးတစ်ယောက် မကြားနိုင်ခဲ့ပါ သူ့နှလုံးသားရဲ့ စကားသံကို ကြားရင်လည်း မဟုတ်ဘူးလို့ဘဲ ငြင်းနေမှာ..
ဒ်ိီလိုမျိုး ကိုယ့်ကိုကိုယ်လိမ်ညာခြင်းက တန်ပြန်သက်ရောက်မှု အကြီးမားဆုံးပါဘဲ

Mine(zhanyi)💗💗Wo Geschichten leben. Entdecke jetzt