Episode-5[Unicode]

17 1 0
                                    

တီ....(အခန်းတံခါးဖွင့်သံ...)

တံခါးဖွင့်လိုက်တာနဲ့ တံခါးနားမှာ မီးလင်းလာသည်... ဧည့်ခန်းဆီကို ရောက်သွားတာနဲ့ ထိုမီးက အလိုအလျောက် ပိတ်သွားလေသည်...

ဧည့်ခန်းက မီးကို ဖွင့်ပြီးတာနဲ့ ခြေလှမ်းတွေ ဦးတည်မိတာက ထမင်းစားခန်းဆီ... ထမင်းစားခန်းမီးကို မဖွင့်ဘဲ ဧည့်ခန်းက လှမ်းမြင်ရတဲ့ မီးရောင်ကို အားပြုပြီး ဝိုင်ပုလင်း ထားရာနေရာကနေ ဝိုင်တစ်ပုလင်း နဲ့ ဝိုင်ခွက်ကို ယူလာပြီး ဝရန်တာ ရှိရာဆီကို ထွက်လာခဲ့လေသည်.... စားပွဲရော ခုံရော ရှိနေတာကြောင့် ခုံမှာထိုင်ကာ ဝိုင်သောက်ရင်း ဒီနေ့တွေ့ခဲ့တဲ့ မျက်နှာနုနုလေးကို ပြန်မြင်ယောင်မိလေသည်...

အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် မင်းသမီး သူမရဲ့ မျက်နှာလေး ပြောင်းလဲသွားပုံလေးတွေကို မြင်တွေ့ခွင့် ရနေပေမယ့် အပြင်မှာ ပြန်တွေ့ရတာတော့ ဒီနေ့ပထမဆုံးပင်... မျက်လုံးဝိုင်းလေးတွေနဲ့ လူကို စူးစူးစမ်းစမ်းကြည့်သည်... တစ်ခုခုကို မေးချင်နေတဲ့ သူ့အကြည့်လေးတွေ... ကိုယ့်မျက်နှာ အရိပ်အကဲကို လိုက်ကြည့်နေတတ်တဲ့ သူမ...

တကယ်ဆို သူမလေးဟာ ဘာမှ သေချာမသိဘဲ နာကျင်ခဲ့ရသူ မဟုတ်ပါလား... ကိုယ့်ကတော့ နာကျင်စရာ အကြောင်းပြချက် ရှိနေပေမယ့် သူအတွက်ကတော့ ဘာအကြောင်းပြချက် ကြီးကြီးမားမားမှ မရှိခဲ့တာ...

****

Flashback

အထက်တန်း ပြီးသွားတဲ့ ကျောင်းသူကျောင်းသားများ ဓာတ်ပုံတွေရိုက်ကြ သူငယ်ချင်းတွေ စကားဝိုင်းဖွဲ့ ပြောနေကြခြင်းဖြင့် ကျောင်းကြီးမှာ အနည်းငယ် ရှုပ်ယှက်ခက်နေသည်...

သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ရင်း စကားပြောနေသော Chaeyeon ကို Sakura က
ပြောစရာ ရှိသည်ဆိုပြီး ကျောင်းရဲ့ လူရှင်းသော နေရာလေးကို ဆွဲခေါ်လာလေသည်...

"Chaeyeon... ငါတို့ အထက်တန်း ပြီးတဲ့ အထိမ်းအမှတ်နဲ့ ခရီးသွားကြမလား... ငါတို့ နှစ်ယောက်တည်းလေ...."

ပါးလေးတွေရဲပြီး ရှက်နေသလို ပုံစံလေးနဲ့ ပြောလာတဲ့ ကောင်မလေးကို ပုံမှန်ဆို ပါးလေးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဆွဲဖျစ်လိုက်မိမှာ ဖြစ်ပြီး ဘယ်သွားချင်တာလဲ... သွားမယ်လေလို့ တုံ့ပြန်လိုက်မှာဆိုပေမယ့်....

Only OneWhere stories live. Discover now