"Eunbi Unnie... "
အသံလာရာဘက်ကို ကြည့်လိုက်တော့ Sakura... Eunbi ကလည်း ကားပေါ်ကဆင်းအလာ.... Sakura ကလည်း ကားပေါ်က ဆင်းအလာဖြစ်သည်....
"Kura ya... ညစာ လာစားတာလား...."
"ဟုတ်တယ်... ဒီဆိုင်က.နီးနေတာနဲ့ လာလိုက်တာ... အတူတူစားကြမလား... Unnie... "
Eunbi က အားနာသွားဟန်နဲ့...
"Unnie က အသိညီမလေး တစ်ယောက်နဲ့ လာတာ... သူက လူစိမ်းတွေနဲ့ဆို သိပ်ပြီး အဆင်မပြေလို့ ... Kura ya... နောက်မှပဲ အတူတူစားကြမယ်နော်... "
ပြောနေရင်း Eunbi က ကားပေါ်က ဆင်းလာမည့် Chaeyeon ကိုစောင့်နေလေသည်... Sakura ကလည်း Eunbi နားမှာပဲ Yena ကို စောင့်နေလေသည်...
Eunbi နားကို Chaeyeon ရောက်လာချိန်နှင့်
Sakura နားကို Yena ရောက်လာချိန်က တစ်ချိန်တည်းလို...."Kura ya... သွားရအောင်... "
"Unnie... သွားကြမယ်... "
အသံနှစ်ခုက တစ်ပြိုင်တည်းလို... ဒါပေမယ့် Sakura အာရုံစိုက်မိတာက Yena ဆီက အသံကိုမဟုတ်... တခြားတစ်ဖက်က အသံကို... နည်းနည်းလေး ပြောင်းလဲသွားပေမယ့် ဒီအသံပိုင်ရှင်ကို သူမှတ်မိပါသည်... တစ်ဆက်တည်း အသံလာရာကို ကြည့်လိုက်မိစဉ်မှာပဲ နူတ်ဖျားကလည်း နာမည်တစ်ခုကို ရေရွတ်လိုက်မိသည်...
"Lee Chaeyeon..."
အနည်းငယ်လေး မြင့်လာတဲ့ အရပ်... သူနဲ့ ခွဲခွာခဲ့စဉ်ကလို အေးစက်တဲ့ မျက်နှာ... သူသိနေတဲ့ ပုံစံကနေ အနည်းငယ်လေး ကွဲထွက်နေပေမယ့် သေချာပါတယ် ဒါ သူရဲ့ Chaeyeon ပါ....
Sakura မှင်သက်သွားသလို တစ်ဖက်မှာလည်း Sakura ထက်မနည်းတဲ့ မှင်သက်မှုမျိုးနဲ့ မှင်သက်နေသူက Sakura ကို သေချာကြည့်နေသည်... သူ့နူတ်ဖျားကတော့ ဘာစကားသံမှ ထွက်မလာ....
Eunbi က Sakura ရဲ့အသံကိုကြားလိုက်တော့ အံ့သြသွားဟန်နဲ့...
"Kura ya... Chaeyeon ကိုသိနေတာလား..."
Sakura မျက်လုံးတွေက Chaeyeon ဆီကနေ ရွေ့မသွားဘဲ ခေါင်းညိတ်ပြရင်း...
"သိတယ်..."
Chaeyeon ကလည်း Sakura ကို ပြန်ကြည့်နေရင်း...
"သူငယ်ချင်းတွေပါ..."
Eunbi ကထပ်ပြီး အံ့သြသွားဟန်နဲ့...
