"ကဒ်...."
ဒါရိုက်တာရဲ့ slate သံကြားလိုက်တာနဲ့ Sakura တစ်ယောက် မင်းသားနဲ့ဖက်ထားရာက ခွာကာ မျက်ရည်စ အနည်းငယ်ကို သုတ်ပစ်လိုက်ပြီး monitor ကိုကြည့်ရန် ဒါရိုက်တာနားကိုလာခဲ့လိုက်လေသည်...
"ဒါရိုက်တာကြီး... အဆင်ပြေလား..."
"အဆင်ပြေပြီ...ကဲ...အဲ့ဒါဆို ဒီနေ့ shooting ပြီးပြီ..."
ဒါရိုက်တာရဲ့ အသံကြားတော့မှ အားလုံးသက်ပြင်းချနိုင်ကြတော့သည်...
Sakura လည်း သူ့ကားရှိရာဆီကို သွားကာ ပြန်ဖို့ပြင်တော့သည်...
"Sakura shi..."
နောက်က အသံကြားလိုက်တော့ Sakura လှည့်ကြည့်လိုက်သည်... ပြုံးစစလုပ်နေတဲ့ မင်းသားချော... အတူတူတွဲသရုပ်ဆောင်တဲ့ မင်းသားဖြစ်နေတော့ စကားပြောဖို့ကို ရပ်စောင့်နေလိုက်လေသည်...
"အားတဲ့တစ်ရက်လောက် ညစာသွားစားကြရအောင်... ကျွန်တော် ဆိုင်ကောင်းကောင်းသိထားတယ်"
ပြုံးစိစိဖြစ်နေတဲ့ မျက်နှာထား...တစ်စုံတစ်ခုကို မျှော်လင့်ပါတယ် ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ စူးရှတဲ့အကြည့်... ဒါတွေအားလုံးကို ပေါင်းကြည့်လိုက်တာနဲ့ အဖြေဟာတစ်ခုတည်း... ဘာလို့ဒီဘောင်ကိုပဲ လာကျော်ချင်နေကြမှန်းမသိ...
"အားတဲ့ရက်ဆိုတာ ဘယ်ရက်မှန်း သေချာမသိသေးဘူး... ပြီးတော့ ကျွန်မက အားတဲ့ရက်ဆို အိမ်မှာပဲနေတာများတယ်... အပြင်သိပ်မထွက်တတ်လို့... အဲ့ဒါကြောင့် ညစာအတူတူ သွားစားဖြစ်မယ် မထင်ဘူး... "
ကြားကောင်းအောင်ပဲ ငြင်းလိုက်တော့ ကိုယ်တော်ချောက အားမလိုအားမရ ဖြစ်တဲ့ပုံစံနဲ့ ထပ်ပြောဖို့ပြင်သည်...
"Kura ya... သွားစရာရှိသေးတယ်နော်"
အလိုက်သိလှတဲ့ အချစ်ဆုံး သူငယ်ချင်း Manager ကြီး Choi Yena ရောက်လာမှ Sakura သက်ပြင်းချနိုင်တော့သည်...
"Ahh... အဲ့ဒါဆို သွားတော့မယ်နော်... သွားစရာလေးရှိသေးလို့"
ဇာတ်ကားရိုက်တာ နောက်ဆုံးရက်လည်း ဖြစ်နေတာကြောင့် နောက်တွေ့လည်း တစ်ခါနှစ်ခါ အပြင် မတွေ့ရတော့မယ့်
အားမလိုအားမရ ဖြစ်နေတဲ့ ကိုယ်တော်ချောကို ကျောခိုင်းပစ်ကာ Yena နောက်ကို လိုက်ခဲ့တော့သည်... တမင်သက်သက် လာကယ်သော သူငယ်ချင်းလေးမလား...
