Episode-2[Unicode]

27 3 0
                                    

"ဟို... Unnie... ငြင်းဖို့က..."

တွန့်ဆုတ်ဆုတ် ဖြစ်နေတဲ့ Yuri ကို Chaeyeon မျက်မှောင်ကြုတ်ပြီး ကြည့်တော့...

"Yoonjung Saem ကိုယ်တိုင် လွှတ်လိုက်တာတဲ့... ဟို... အဲ့ဒါကြောင့် ငြင်းဖို့က..."

Chaeyeon စိတ်အိုက်သွားကာ သက်ပြင်းချလိုက်သည်...

"သူတို့က ဘယ်လိုဆက်သွယ်တာလဲ..."

မီးစိမ်းပြလာတော့မှ Yuri မျက်နှာလေး ဝင်းပသွားကာ...

"Manager လာတွေ့တယ်..Unnie...ခုရုံးခန်းထဲမှာ..."

Chaeyeon ဘဝင်မကျတဲ့ ခြေလှမ်းတွေနဲ့ရုံးခန်းဆီလျှောက်သွားလိုက်သည်... သီးသန့် training တွေဆိုတာ သူမလုပ်ပေးချင်ဆုံး...

*****

Manager ဆိုသူက တစ်ကိုယ်လုံး ဝါထိန်စွာဝတ်လျက် ရုံးခန်းမှာထိုင်ကာ Yuri ဖျော်ပေးတဲ့ Coffee ကိုအခန့်သား သောက်နေသည်... တစ်ခုခုကို ဘဝင်မကျတာနဲ့ အဲ့ဒါနဲ့ပတ်သတ်သမျှကို ဘဝင်မကျတော့တာ Chaeyeon ရဲ့အကျင့်...

Chaeyeon သူ့ရှေ့ရောက်တာနဲ့ ထိုအဝါရောင် သတ္တဝါက ချက်ချင်းထနူတ်ဆက်လေတော့သည်...

"Choi Yena ပါ ... Miya...."

Yena ဆုံးအောင်မပြောရသေးခင်မှာပဲ

"သီးသန့် train တာမျိုးကို ဒီမှာ သိပ်မလုပ်ဘူး... အဲ့ဒါကြောင့် လိပ်စာ တစ်ခု ပေးလိုက်မယ်... အဲ့ဒီကို သွားလိုက်ပါလား..."

သူတောင် စကားဆုံးမပြောရသေးဘဲ Chaeyeon ကစကားတွေ မနားတမ်း ပြောသွားတော့...

"ရတာတော့ ရပါတယ်... အခုက... "

Yena စကားမဆုံးခင်မှာပဲ

"ရတယ်ဆို အဆင်ပြေပါတယ်... အဲ့ဒါဆို လိပ်စာယူသွားပြီး သွားလိုက်ပါ... ဖုန်းဆက်ပေးထားပါမယ်..."

ပြောသမျှကို ဆုံးအောင် အပြောမခံတဲ့အပြင် သူကပဲ ကိစ္စအားလုံးကို ဆုံးဖြတ်သွားတော့ Yena နူတ်ခမ်းဆူချင်လာသည်... ဒါပေမယ့် နူတ်ခမ်းကို ပြီးအောင်မစူရသေးခင်မှာပဲ...

"အဲ့ဒါဆို... "

ပြောပြီး ထွက်သွားသည့် Chaeyeon ကျောပြင်ကို ကြည့်ကာ

"တော်သေးတာပေါ့... Dance trainer ဖြစ်နေလို့... ကုမ္ပဏီ ပိုင်ရှင်များဖြစ်နေရင် ရိုက်များထုတ်မလား မသိဘူး"

Only OneTempat cerita menjadi hidup. Temukan sekarang