Episode-5[Zawgyi]

13 1 0
                                    

တီ....(အခန်းတံခါးဖွင့်သံ...)

တံခါးဖွင့်လိုက်တာနဲ့​ တံခါးနားမှာ​ မီးလင်းလာသည်... ဧည့်ခန်းဆီကို​ ရောက်သွားတာနဲ့​ ထိုမီးက​ အလိုအလျောက်​ ပိတ်သွားလေသည်...

ဧည့်ခန်းက​ မီးကို​ ဖွင့်ပြီးတာနဲ့​ ခြေလှမ်းတွေ​ ဦးတည်မိတာက​ ထမင်းစားခန်းဆီ... ထမင်းစားခန်းမီးကို​ မဖွင့်ဘဲ ဧည့်ခန်းက​ လှမ်းမြင်ရတဲ့​ မီးရောင်ကို​ အားပြုပြီး​ ဝိုင်ပုလင်း​ ထားရာနေရာကနေ​ ဝိုင်တစ်ပုလင်း​ နဲ့ ဝိုင်ခွက်ကို ယူလာပြီး​ ဝရန်တာ​ ရှိရာဆီကို​ ထွက်လာခဲ့လေသည်.... စားပွဲရော​ ခုံရော​ ရှိနေတာကြောင့်​ ခုံမှာထိုင်ကာ ဝိုင်သောက်ရင်း​ ဒီနေ့တွေ့ခဲ့တဲ့​ မျက်နှာနုနုလေးကို​ ပြန်မြင်ယောင်မိလေသည်...

အောင်မြင်ကျော်ကြားတဲ့​ သရုပ်ဆောင်​ မင်းသမီး​ သူမရဲ့​ မျက်နှာလေး​ ပြောင်းလဲသွားပုံလေးတွေ​ကို​ မြင်တွေ့ခွင့်​ ရနေပေမယ့် အပြင်မှာ​ ပြန်တွေ့ရတာတော့​ ဒီနေ့ပထမဆုံးပင်... မျက်လုံးဝိုင်းလေးတွေနဲ့​ လူကို​ စူးစူးစမ်းစမ်းကြည့်သည်... တစ်ခုခုကို​ မေးချင်နေတဲ့​ သူ့အကြည့်လေးတွေ... ကိုယ့်မျက်နှာ​ အရိပ်အကဲကို​ လိုက်ကြည့်နေတတ်တဲ့​ သူမ...

တကယ်ဆို​ သူမလေးဟာ​ ဘာမှ​ သေချာမသိဘဲ​ နာကျင်ခဲ့ရသူ​ မဟုတ်ပါလား... ကိုယ့်ကတော့​ နာကျင်စရာ​ အကြောင်းပြချက်​ ရှိနေပေမယ့်​ သူအတွက်ကတော့​ ဘာအကြောင်းပြချက်​ ကြီးကြီးမားမားမှ​ မရှိခဲ့တာ...

****

Flashback

အထက်တန်း​ ပြီးသွားတဲ့​ ကျောင်းသူကျောင်းသားများ​ ဓာတ်ပုံတွေရိုက်ကြ​ သူငယ်ချင်းတွေ​ စကားဝိုင်းဖွဲ့​ ပြောနေကြခြင်းဖြင့်​ ကျောင်းကြီးမှာ​ အနည်းငယ်​ ရှုပ်ယှက်ခက်နေသည်...

သူငယ်ချင်းတွေနဲ့​ ဓာတ်ပုံရိုက်ရင်း​ စကားပြောနေသော​ Chaeyeon ကို​ Sakura က
ပြောစရာ​ ရှိသည်ဆိုပြီး​ ကျောင်းရဲ့​ လူရှင်းသော​ နေရာလေးကို​ ဆွဲခေါ်လာလေသည်...

"Chaeyeon... ငါတို့​ အထက်တန်း ပြီးတဲ့​ အထိမ်းအမှတ်နဲ့​ ခရီးသွားကြမလား... ငါတို့​ နှစ်ယောက်တည်းလေ...."

Only OneTempat cerita menjadi hidup. Temukan sekarang