"ဟားဟား ဟားဟား ကုန်ပြီ အကုန်လုံမရှိတော့ဘူး ဘာမှ မရှိတော့ဘူး"
ဦးရှောင်းလုတစ်ယောက် ငိုသံပါကြီးနဲ့ ပြောနေပါတော့သည် ဟုတ်တယ်သူ ပြောသလိုဘာမှ မရှိတော့ဘူး သူပိုင်ဆိုင်သမျှ ဘာတခုမှ မရှိတော့ဘူး အိမ် ခြံ ကား အကုန ပိုငိဆိုင်သမျှ ရောင်းလိုက်ရပြီ companyလဲ ဒေဝါလီ ခံလိုက်ရပြီလေ ဘယ်သူ့ ကြောင့်လဲ သူ့ ကြောင့်ပဲ သူအသုံးမကျလို့ လောင်းကစားကိုစွဲလမ်းခဲ့လို့ ခုလိုဘဝပျက်ရတာ
"အားး!"
ဝမ်းနည်းမှု ကြေကွဲမှု နောင်တရမှု တွေကို အသံကုန် အော်ဟစ်ငိုကြွေးပစ်လိုက်ပါတော့သည်
အော်ဟစ်ငိုကြွေးနေတဲ့ဖခင် ကို ချောင်ကွယ်လေးက နေငိုပြီးကြည့်နေတဲ့16နှစ်အရွယ် ကောင်လေးတ ယောက် သူမှာ့အားကိုးစရာ ဒီမိဘ ကလွဲရင်တခြားမရှိ ပါးက လောင်းကစားမက်လို့ လောင်းကစားအ ကြွေး တွေဆပ်ရတာကြောင့် နောက်ဆုံးအိမ်ပါရောင်းလိုက်ရတဲ့ အဖြစ်ခုဒီအိမ်ကြီးက သူတို့အပိုင်မဟုတ်တော့ဘူး မကြာခင်အိမ်ပိုင်ရှင်အသစ် တွေ ရောက်လာတော့မယ်သူတို့မှာ ပိုင်ဆိုင်တာ ဘာဆိုဘာတခုမှ မရှိတော့ မားကလဲခုဒီအ ခြေ နေကြီး ကြောင့်အိပ်ယာပေါ်လဲ နေတယ် မားမှာက နှလုံးရောဂါရှိတယ်မလား ခုငယ်ငယ်ထဲက သူဌေးသားလိုနေလာတဲ့ ကျွန်တော်Xiao Zhanခုတော့ ဆင်းရဲသားဖြစ်ရ တော့မှာပေါ့လေ
*************
Xiao Zhanတစ်ယောက် တ နေကုန်ထိုင်ငိုနေမိသည် ရှေ့ဆက်ပြီးငါတို့ဘဝဘယ်လိုဖြစ်လာမှာလဲ ပါးစာကြည့်ခန်းထဲမှာ အကြာကြီး ငိုနေ တာ သူသိပါသည် ခုပါးအ ခြေအ နေကိုသူသွားကြည့်ရမည် ဒါကြောင့်စာကြည့်ခန်းသို့ ထွက်လာလိုက်သည်"ပါး ပါး"
Xiao Zhanတံခါးကိုထုခေါ်နေ သော်လည်းအသံမကြားရသည် မို့ တံခါးကိုတွန်းဖွင့်ဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့်
"ပါး!!"
ပါးစပ်မှ အမြှုပ်တွေထွက်နေပြီး ကြမ်းပြင်မှာလဲကျ နေတဲ့ပါးဆီသို့ Xiao Zhanအ ပြေးအလွှားသွားကာ မယူလိုက်သည်
"ပါး ပါး ဘယ်လိုဖြစ်ရတာလဲ"
"သား "
"ပါး အဟင့် ပါးရယ် ဘာလို့ ခုလိုလုပ်ရတာလဲ"
YOU ARE READING
ခင်ဗျားကို ကျွန်တော်ပိုင်တယ်
Fanfictionကျွန်တော့်ဘဝမှာ ကိုကကြည့်မရလို့ဆိုပြီး အနိုင်ကျင့်ဒုက္ခပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အသည်းထဲနစ်အောင်ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး သူ့ကြောင့်အချစ်ကိုခံစားတတ်လာတယ် သူ့ကိုစချစ်မိထဲက သူဟာကျွန်တော့်ရဲ့အပိုင်ပဲ တကယ်တော့လည်း သူ့ကိုစ တွေ့ထဲက မသိစိတ်ထဲကချစ်...