part(12)

7.3K 531 12
                                    

Zawgyi

yiboအခန်းထဲ မှာ ပဲတချိန်လုံးထိုင်နေမိသည် ခုနက စတိုခန်းထဲမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေတဲ့Xiao Zhanကိုမြင်လိုက်ရ တော့ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိ ဘယ်လိုပြောရမလဲ သူ့အဲ့ဒီပုံစံကို မြင်လိုက်ရတာ ရင်ထဲနာကျင်မိသည် သူထမင်းမစားခိုင်းပဲနေခိုင်းလိုက်တာကိုပဲ နောင်တရမိသည်

"ငါဘာဖြစ်လို့လဲ သူ့ကိုဘာလို့စိတ်ပူနေရတာလား ငါသူ့ကိုမုန်းတယ်မဟုတ်ဘူးလား ပါးရဲ့အချစ်တွေကို ငါ့ဆီက နေသူကလုယူသွားတာ လေ သူ့ကြောင့်အရင်ကတခါမှ မဆူဘူးတဲ့ ပါးကခုငါ့မျက်နှာကို မမြင်ချင်လို့ရှန်ဟိုင်းတောင် ထွက်သွားတာလေ ဒါတွေသူ့ကြောင့်မဟုတ်ဘူးလား ပါးကငါ့ကိုမချစ်ပဲ သူ့ကိုပဲချစ်တာလေ  ငါသူ့ကိုမုန်းသင့်တာပေါ့ ဒါမဲ့ ဘာလို့လဲ သူနာကျင်တာမြင်ရင် ငါ့နှလုံးသားကပါ ဘာလို့နာလာရတာလဲ ငါ့ကိုယ်ငါနားကိုမလည်ဘူး"

yiboအခန်းထဲကထွက်လာလိုက်ပြီးXiao Zhanဆီ သွားမလို့လုပ်တော့ Xiao Zhanအခန်းထဲက ထွက်လာတဲ့ဒေါ်ကျူးကိုမြင်တော့ အ ခြေအ နေလှမ်းမေးမိသည်

"ဒေါ်ကျူးသူနိုးလာပြီလား"

"အင်းနိုးလာပြီ ဒေါ်ကျူး ခုပဲသားမှာထားတဲ့အတိုင်း ကြက်ပေါင်းစွပ်ပြုတ်လာပို့တာ"

"စားလား"

"ချထားခဲ့လို့ ပြောတာပဲ"

"မစားဘူးတဲ့လား"

"ခန နေစားမယ်တဲ့"

yiboဘာမှမ ပြောပဲXiao Zhanအခန်းထဲဝင်သွားတော့သည်

သူဝင်လာတာမြင်တော့ လှဲနေရာမှ ထလိုက်ပြီး သူ့ကိုကြောင်ကြည့်နေသည်

"လူကို ကြောင်ကြည့်မ နေနဲ့လေ အဲ့တာမစားပဲဘာလုပ်နေတာလဲ"

"မစားချင်သေးလို့"

"မရှည်နဲ့ ပါးစပ်ဟ"

yiboကြောင့် Xiao Zhanမှာ အံ့သြ နေရပြန်သည် ဟုတ်တယ်လေ ပန်းကန်ကိုယူပြီး သူ့ကိုခွံ့ကျွေးမလို့ လုပ်နေတာမလား

"ဟ လေ ဘာကြောင်ကြည့်နေတာလဲ လက်ညောင်းလာပြီ"

"ပေးပါကိုယ့်ဘာသာစားပါ့မယ်"

ခင်ဗျားကို ကျွန်တော်ပိုင်တယ်Where stories live. Discover now