part (26)

7.1K 465 16
                                    

Yiboနိုးလာတော့ ခုထိအိပ်ပျော်နေတဲ့Zhan ge အစက သူ့ကိုကျောပေးထားပေမဲ့မနက်ကျတော့ ခေါင်းလေးကသူ့ဘက်သို့စောင်းနေသည် yiboအိပ်နေတဲ့ Zhan geကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည် လက်လေးတဖက်နှင့် မျက်လုံးလေးတွေ နှာတံချွန်ချွန်လေးနဲ့ ပါးပြင်နုနု လေးတွေကို လက်က လေးနဲ့တို့ထိကြည့်နေသည် geက တော့ခြင်ကိုက်တယ်ထင်နေလား မသိဘူး လက်လေးနဲ့တချက်ပွတ်ကာဆက်အိပ်နေသည်

"ဟက် ဘယ်လိုလေးမှန်းကိုမသိဘူး"

yiboခပ်တိုးတိုးသာပြောမိသည် နောက်တော့ ကြည့်နေရင်းအသဲယားကာ နဖူးလေးကိုနမ်းလိုက်သည် ဒါလဲသူမနိုးဘူး
"Zhan geအိပ်ပုတ်ကြီးမှန်း ကျတော်ခုမှသိတယ်"

လုံးဝကိုမနိုးတဲ့Xiao.Zhanတစ်ယောက် yiboရင်ခွင်ထဲ တောင်တိုးလာသေး yiboကလည်းစချင်စိတ်ကိုလုံးဝမထိန်းနိုင် ဒါနဲ့ပဲ နားရွက်လေးကို ကိုက်လိုက်သည်

"အာ့!"

"Zhan ge morning"

"Wang yibo မင်းတော်တော်ဆိုးပါလား သူများတကာအိပ်နေတာကို"

"ထ တော့ geမိုးလင်းနေပြီ"

"မိုးလင်းတာတော့ သိတာပေါ့ ဒါမဲ့ငါအိပ်ချင်သေးတယ် "

ပြောပြီး ဆက်အိပ်နေတဲ့Xiao Zhanကို yiboစ ချင်သေးတာကြောင့်နားရွက်ကိုထပ်ကိုက်လိုက်သည်

"အာ့!"

ပြီးတော့ နှုတ်ခမ်းကိုပါဆွဲနမ်းကာ ကိုက်လိုက်သည်

"အာ့ နာတယ် Wang yiboဘာလို့လာကိုက်နေတာလည်း မင်းခွေးလား"

"ဟုတ်တယ် ခွေး geတစ်ယောက်ထဲကိုပဲ ကိုက်မယ့် အချစ်ခွေး"

"ဘာအချစ်ခွေးလဲ သူများကိုစက်သက်အိပ်ရေးပျက်အောင်လုပ်တာ တော်ပြီထ တော့မယ် ဆက်အိပ်နေရင် နှောင့်ယှက်နေဦးမယ်"

"ge ကျတော့်ကအလကားနိုးတာမဟုတ်ပါဘူး ကျဆော့်ကို geပဲ မျက်နှာသစ်ပေးရမှာလေ"

"အာ ဟုတ်သားပဲ လာ ထ"

yiboကို Xiao Zhanတွဲကာ သေချာမျက်နှာသစ်သန့်စင်ပေးလိုက်သည် ပြီးတော့သူလည်းမျက်နှာသစ်သန့်စင်ကာ yiboကိုတွဲပြီး ပြန်ထွက်လာသည်

ခင်ဗျားကို ကျွန်တော်ပိုင်တယ်Where stories live. Discover now