"သားကလည်းကွာ ပါပါးတို့မုန့်ဝယ်လာတယ်လေ"
"yizhanလေး ပူတူးတူးလေ စိတ်မဆိုးပါနဲ့ သားအကြိုက်ဆုံးပူတင်းလည်းပါတယ်လေကွာ"
"ဟွန့်!"
သူတို့နှစ်ယောက်ထဲအပြင်မှာညစာ စားလာလ်ု့ဆိုပြီးသားတော်မောင်လေးက စိတ်ကောက်နေ လေရဲ့XZနဲ့YBမှာသားကိုတလှည့်စီ ချော့နေရသည်
"သားပါပါးရှောင်းကိုကြည့်ပါဦး"
"မကြည့်ဘူး!"
"ပါပါးရှောင်းကိုမကြည့်ရင်ပါပါးဝမ်ကိုကြည့်"
"မကြည့်ဘူး ဘယ်သူ့ကိုမှ မကြည့်ဖူး ပါပါးတို့ကိုစိတ်ဆိုးတယ် သားကိုကျ ခေါ်မသွားဖူး သူတို့ပဲ ပျော်နေကျတယ် သားကိုမချစ်ကျဘူး အီးဟီး"
ပြောရင်းဆိုရင်းထငိုပါလေ ရော
"အာ သားက လည်းပါပါးတို့က တမင်မ ခေါ်တာမဟုတ်ပါဖူးနော် မငိုပါနဲ့ "
Xiao Zhanမှာသားကိုပေါင်ပေါ်ပွေ့ကာချော့နေ ပေမဲ့ Yiboနဲ့တူတဲ့သားက အ ပွေ့မခံပဲ ချက်ချင်းဘေးကိုဆင်းသွားပါတယ်လေ
"မသိဘူး ပါပါးတို့က သားကိုကျမ ခေါ်ဘူး ပြီးတော့ပါပါးဝမိက လည်းသားကိုမချစ်ဘူး အမြဲပါပါးရှောင်းကိုပဲဦးစားပေးတယ် ခုလည်းပါပါးက မ ခေါ်တာမလား အီးဟီး သူ့ယောက်ျားကျ တော့ အမြဲအ ကောင်းပြောတယ် သားကိုကျအမြဲဆူတယ် အဟင့် အကျင့်ပုတ်တယ် အီးဟီး ပါပါးဝမ်ကိုအရမ်းမုန်းတယ် အဟင့်ဟင့် သားကိုကျမချစ်ဘူး ပါပါးရှောင်းကိုပဲချစ်တာ"
ဟောပစ်မှတ်က yiboဘက်လှည့်သွားပြန်သည် တရှုံ့ရှုံ့ငိုပြီးသူ့ကိုမချစ်ဘူးလို့ ပြောနေတဲ့yizhanလေးကြောင့် yiboစိတ်မ ကောင်းဖြစ်ရတာတော့အမှန်ပင် ကိုယ့်သားကိုမချစ်လို့ ဘယ်သူ့ကိုချစ်ရမလဲ တဦးတည်းသောသားလေး သူနဲ့တူတဲ့ ဒီသားလေးကိုသူချစ်တာပေါ့
Yiboက သားကို ဆတ်ခနဲကောက်ချီကာ ကျောလေးပွတ်ပေးရင်းစကားဆိုလိုက်သည်
"ပါပါးဝမ်က သားကိုချစ်တာပေါ့ သားကိုမချစ်ပဲနေပါ့မလား အရမ်းချစ်တယ်နော် ခုပါပါးတို့က သားကိုမ ခေါ်တာက လေ မင်းပါပါးရှောင်း ပါပါးဝမ်ကိုစိတ်ကောက်နေလို့ လိုက်ချော့တာပါသားရယ် စ်တ်မဆိုးပါနဲ့နော် လိမ်မာတယ်သားက မငိုနဲ့တော့ ယောက်ျားဆိုတာမငိုရဘူးကွ"
YOU ARE READING
ခင်ဗျားကို ကျွန်တော်ပိုင်တယ်
Fanfictionကျွန်တော့်ဘဝမှာ ကိုကကြည့်မရလို့ဆိုပြီး အနိုင်ကျင့်ဒုက္ခပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အသည်းထဲနစ်အောင်ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး သူ့ကြောင့်အချစ်ကိုခံစားတတ်လာတယ် သူ့ကိုစချစ်မိထဲက သူဟာကျွန်တော့်ရဲ့အပိုင်ပဲ တကယ်တော့လည်း သူ့ကိုစ တွေ့ထဲက မသိစိတ်ထဲကချစ်...