"Zhan ge ည နေကျရင်ကျတော်လာကြိုမယ်နော်"
Xiao Zhanဘာမှမ ပြောပဲဆိုင်ထဲသာဝင်လာလိုက်သည် Yiboက တော့သက်ပြင်းချကာကျန်ခဲ့သည်
ဆိုင်ကယ်ပြိုင်ပွဲက သဘက်ခါမို့ သူလဲဆိုင်ကယ်စီးသွားလေ့ကျင့်ရ ပေဦးမည် ည နေကျရင်တော့ geစိတ်ပြေ အောင်ကိုမရမက ချော့ရမယ်
"မင်္ဂလာပါရှင် ဘာများအလိုရှိပါသလဲရှင်"
ဆိုင်ထဲကိုဝင်လာတဲ့ အမျိုးသားတဦးကို ဝန်ထမ်းမ လေးတွေက နှုတ်ဆက်ကြိုဆိုကျသည်
ထိုသူက ဆိုင်အတွင်းက ပစ္စည်းတွေ လျှောက်ပတ်ကြည့်ရင်းသူ့အနီးအနားတွင်ရှိနေ သောဝန်ထမ်းမ လေးဘက်သို့လှည့်ကာ
"ကျတော် ညီမလေးအတွက် လိုအပ်တာလေးတွေလာဝယ်တာပါ ဒါမဲ့သူဘာကြိုက်တတ်မှန်းကျတော်သေချာမသိဘူး ဒီက ညီမ တို့ကပဲ အဆင်ပြေမယ်ထင်တာလေးကို ရွေးပေးကျပါလား"
ထိုသူတရုတ်စကားကိုနည်းနည်းလေး လေးပင်စွာပြောသည် ကြည့်ရတာတရုတ်လူမျိုးဖြစ်ပုံမရ
သူ့ဖုန်းလေးကိုထုတ်ကာဓာတ်ပုံတပုံကိုဝန်ခာထမ်းမ လေးတွေကိုပြသည်
"ဒါကျနော့်ညီမ လေးပါ အသက်က ၁၈ပဲရှိသေးတယ်သူက မိန်းက လေးမဆန် ယောက်ျားမကျ လေးမျိုးဖြစ်နေလို့ သူနဲ့လိုက်မယ့် အကျီ ဖိနပ် အိတ် အဆင်ပြေမှာလေး အထည်နှစ်ဆယ်လောက်လိုချင်ပါတယ် "
အထည်နှစ်ဆယ်လောက်ဆိုတာကြောင့် ဝန်ထမ်းမ လေးတွေ ပျော်သွားရသည်
"ဟုတ်ကဲ့ ကျမ တို့အ ကောင်းဆုံးတွေရှာပေးပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဈေးကြီးမယ့်ဟာတွေပဲ ရွှေးပေးပါနော် တကယ့်အ ကောင်းစားတွေပဲ ပေးပါ"
"ဟုတ်ကဲ့ လူကြီးမင်းစိတ်တိုင်းကျဖြစ်စေ ရပါမယ် ဟိုနားမှာခန ထိုင်စောင့်ပေးပါနော်"
"ဟုတ်ကဲ့"
ထိုလူက ဘေးတွင်ရှိသောထိုင်ခုံလေးတွင် ထိုင်စောင့်နေသည်
Xiao Zhanလည်းကောင်မ လေးတွေ အလုပ်ရှုပ်နေတာကြောင့် သူပါဝိုင်းကူပေးဖို့ ထွက်လာလိုက်သည်
YOU ARE READING
ခင်ဗျားကို ကျွန်တော်ပိုင်တယ်
Fanfictionကျွန်တော့်ဘဝမှာ ကိုကကြည့်မရလို့ဆိုပြီး အနိုင်ကျင့်ဒုက္ခပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အသည်းထဲနစ်အောင်ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး သူ့ကြောင့်အချစ်ကိုခံစားတတ်လာတယ် သူ့ကိုစချစ်မိထဲက သူဟာကျွန်တော့်ရဲ့အပိုင်ပဲ တကယ်တော့လည်း သူ့ကိုစ တွေ့ထဲက မသိစိတ်ထဲကချစ်...