>>S2<<Part(10)

2.4K 184 5
                                    

အော်ဘာလိုလိုနဲ့ Yizhanလေးတောင်မနက်ဖြန်ဆို ကျောင်းတက်ရ တော့မယ် သူ့အဘိုးနဲ့အဘွားက ကျောင်းတက်ဖို့ အတွက်လိုအပ်တာမှန်သမျှ အကုန်လုံးကို ဝယ်ပေးထားသည် Xiao Zhanက တော့သားလေးကိုကျောင်းလွတ်ကမှာ ကိုစိတ်ထဲပျော်လည်းပျော်သလိုဝမ်းလည်းနည်းသည် ဒီလူလည်ကောင်လေးအိမ်မှာခနမရှိရင် မရှိသလိုဟာတာတာဖြစ်နေမှာ သေချာတယ် မနက်၉နာရီကျောင်းတက်ပြီး နေ့လည် ၂နာရီမှ ပြန်လာရမှာ သူတော့လွမ်းနေ တော့မှာပဲ ဒါမဲ့ဒီလိုပါပဲ သားလေးတဖြည်းဖြည်းအရွယ်ရောက်လာရင် တ နေ့အ တောင်အလက်စုံလို့ သူအိမ်ထောင်ရပ်သားကျသွားရင်လည်းဒီလိုပဲ ဖြစ်လာမှာပဲ

Xiao Zhanခေါင်းကိုခါထုတ်ရင်းတချက်ရယ်လိုက်မိသည် သားကဖြင့်ခုမှ ကျောင်းစတက်မယ်ကြံရုံရှိသေးတယ် သူက ဟိုးအ ဝေးကကိစ္စ င်္တေပါ တွေးနေတယ် တကယ်ပါပဲ

"ပါပါးရှောင်း"

အ တွေးလွန်နေတဲ့ သူ့ခြေ ထောက်ကိုသားကလာဖက်ရင်းခေါ်သည်

"အင်း သားလေး"

"ပါပါးရှောင်းသားနက်ဖြန်ကျောင်းတက်ရ တော့မယ်"

"အင်းဟုတ်တယ်လေ "

"ဟီး ကျောင်းတက်ရတာပျော်စရာကောင်းလားဟင်"

Xiao Zhanအောက်ကိုထိုင်ချရင်း သားမျက်နှာလေးကိုကိုင်ကာ

"ပျော်စရာကောင်းတာပေါ့ ဟိုရောက်ရင် သားနဲ့ရွယ်တုသူငယ်ချင်းတွေရလိမ့်မယ် ဆရာမ တွေနဲ့ စာသင်ရမယ် သားမသိသေးတဲ့ဗဟုသုတ တွေ သားရလိမ့်မယ် "

"ဟုတ်လား ဒါမဲ့ပါပါးတို့နဲ့ခွဲရမှာ"

"အဟင်းး ခနပါသားရယ် "

"ပါပါးရှောင်း"

"အင်း"

"သားကျောင်းတက်ရင် စာတွေသင်ရ မှာပေါ့နော်"

"ဒါပေါ့"

"အ့ဆို ပညာတတ်ကြီးဖြစ်လာမှာလား"

"သိပ်ဟုတ်တာပေါ့"

"ဟိုပုံထဲက လိုဖြစ်လာမှာလားဟင်"

သားက Yiboနဲ့Xiao Zhanရဲ့ဘွဲ့ဓာတ်ပုံကိုလက်ညိုးထိုးပြသည်

"ဒါပေါ့သားရဲ့ တနှစ်တတန်းပညာသင်ပြီး တက္ကသိုလ်တက် ပြီးရင်ဘွဲ့ရမယ် အဲ့ဓာတ်ပုံထဲကလိုသားလေးလည်းဖြစ်လာမှာ"

ခင်ဗျားကို ကျွန်တော်ပိုင်တယ်Where stories live. Discover now