Xiao Zhanတစ်ယောက်ထိုင်မရထမရဖြစ်နေသည် အ ကြောင်းက ခုထိသားတော်မောင်လေးက Yiboကိုမထခိုင်းသေးဘူး လေ
အခုXzက သားအခန်းမှာYbကိုကြည့်ပြီးစိတ်ဆင်းရဲနေတဲ့ သူ့ကိုသားက သူ့အခန်းထဲလာနေခိုင်းထားသည်လေ သားစိတ်တိုင်းကျYbက တော့ Xzတို့အခန်းထဲတွင်ဒူးထောက်နေလျက်ပင်
"သား Yizhan"
"ဗျာပါပါးရှောင်းသားဘာလုပ်ပေးရမလဲ"
"ဟင့်အင်း မင်းပါပါးဝမ်ကို ထခိုင်းလိုက်တော့လေ"
သူပြောတော့သားက သက်ပြင်းချကာ ခိုင်ခုံမှာထိုင်ရင်း
"အဲ့ဒါတွေပဲ ပါပါးရှောင်းကိုပါပါးဝမ်အနိုင်ကျင့်ရတဲ့အ ကြောင်းက ပါပါးရှောင်းက လေသိပ်ကိုပျော့ညံ့လွန်းတယ် နေရာတကာပါပါးဝမ်ကိုအ လျှော့ပေးလွန်းတယ်အ့ကြောင့်ပါပါးဝမ်က နိုင်စားတာ မှတ်လောက်သားလောက်ဖြစ်အောင် ထားလိုက်ဦးပေါ့ ဟွန့်တကယ်ပါပဲ ပါပါးရှောင်းတို့က"
သားပြောတာလည်းဟုတ်သလိုလိုတော့ရှိတယ် သူကိုက Yiboကိုအမြဲအ လျှော့ပေးခဲ့တာ ဟိုးငယ်ငယ်ထဲက ခုချိန်ထိပဲ မတတ်နိုင်ဘူးလေ သူကYiboကိုချစ်တာကိုး ဟိုးအရင်ထဲခြောက်နှစ်တောင်ငယ်တဲ့ဒီကောင်လေးအ ပေါ်သူအမြဲ အ လျှော့ပေး ခဲ့ရတာ Yiboဘယ်လောက်သူ့ကိုအနိုင်ယူယူသူ သည်းခံခဲ့တယ်
ဟိုးအရင်အချိန်တွေအ ကြောင်းစဉ်းစားမိရင် မိဘ တွေဆုံးပါးသွားခဲ့လို့ ခိုကိုးရာမဲ့ခဲ့တဲ့၁၆နှစ်အရွယ်ကောင်လေးတစ်ယောက် အ ဖေရဲ့သူငယ်ချင်းအိမ်ကိုလာနေခဲ့ရပြီး အဲ့ဒီအိမ်က ၁၀နှစ်အရွယ်ကောင်လေးရဲ့အနိုင်ကျင့်နှိပ်စက် သမျှ ခေါင်းငုံသည်းခံခဲ့ရတယ်
အဲ့တုန်းက Xiao Zhanအရမ်းစိတ်ပင်ပန်းခဲ့ရတယ် မိဘ တွေမရှိတော့တာကြောင့်အားငယ်ရတာက တစ်ကြောင်း ကိုယ့်အ ပေါ်မကြည်ဖြူတဲ့ အိမ်ရှင် အန်တီရဲ့အမြင်မကြည်မှုက တစ်ကြောင်း အလိုလိုက်ခံရလို့ဆိုးသွမ်းဂျစ်ကန်နေတဲ့ ကောင်လေးကြောင့်တစ်ကြောင်း
ဘယ်လိုအရာကိုမဆိုသည်းခံခဲ့ရတယ် တခါတ လေထွက်ပြေးလွှတ်မြောက်ချင်ခဲ့မိတယ် အိမ်ကြီးထဲမှာ ခပ်ဆိုးဆိုးကောင်လေးရဲ့ ခင်ဗျားကိုကျွန်တော်ပိုင်တယ် ဆိုတဲ့ စကားအောက်နစ်မွှန်းခဲ့ရတယ် အဲ့ဒီကောင်လေးလက်က လွှတ်မြောက်ချင်ခဲ့တယ် အဲ့ဒီကောင်လေးနဲ့အ ဝေးဆုံးမှာနေချင်ခဲ့တယ် အဲ့ဒီကောင်လေးပြောနေကျစကားတခွန်းကို မုန်းတီးခဲ့တယ်
YOU ARE READING
ခင်ဗျားကို ကျွန်တော်ပိုင်တယ်
Fanfictionကျွန်တော့်ဘဝမှာ ကိုကကြည့်မရလို့ဆိုပြီး အနိုင်ကျင့်ဒုက္ခပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အသည်းထဲနစ်အောင်ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး သူ့ကြောင့်အချစ်ကိုခံစားတတ်လာတယ် သူ့ကိုစချစ်မိထဲက သူဟာကျွန်တော့်ရဲ့အပိုင်ပဲ တကယ်တော့လည်း သူ့ကိုစ တွေ့ထဲက မသိစိတ်ထဲကချစ်...