Zawgyi
yiboတစ်ယောက် နေပြန်ကောင်းလာတာကြောင့် ဒီနေ့ ကျောင်းပြန်တက် တော့မည်
ထုံးစံအတိုင်း Xiao Zhanက တော့သူဝေယျာဝေစ္စအကုန်လုပ်ပေးရသည် ဒီနေ့yiboကျောင်းသွားမှာ မို့Xiao Xhanမှာ သူမနိုးခင်ထဲက ရေချိုးခန်းထဲဝင်ကာ သွားတိုက်ဖို့ ရေချိုးဖို့ အသင့်ပြင်ပေးထားသည် ကျောင်းစာအုပ်တွေလဲ အချိန်ဇယားကိုကြည့်၍ ထည့်ပေးထားသည် ဝတ်ဖို့ဝတ်စုံလဲ အသင့်ထုတ်ပေးထားသည်ပြီးတာနဲ့ အောက်ထပ်ကိုအမြန်ဆင်းကာyiboစားဖို့ ပေါင်မုန့်ကြက်ဥ ကြော်နဲ့နွားနို့ပြင်ပေးရ သေးသည် နို့မှုန်ဖျော်တာမ သောက်တာမို့နွားနို့ ကျိုပေးရ သေးသည် ဒါတွေလုပ်ရတာမို့မနက်ဆို5နာရီလောက်ထရသည်
သူအားလုံးပြင်ဆင်ပြီးတာနဲ့ အ ပေါ်ပြန်တက်ကာရေချိုးအဝတ်စားလဲရသည်
yiboနိုးလာတာနဲ့ Xiao Zhanပြင်ပေးထားတဲ့သွားတိုက်တံနှင့်သွားတိုက်ဆေးကိုကြည့်ကာပြုံးမိသည် သူမျက်နှာသစ် ရေချိုးပြီး အသင့်ထုတ်ပေးထားတဲ့ အကျီကိုဝတ်လိုက်သည်လွယ်အိတ်ထဲမှာလဲစာအုပ်ကထည့်ုပီးသား
"ဟက် Xiao Zhanဘယ်ဆိုးလို့လဲ"
အောက်ထပ်ဆင်းလာတော့သူ့အတွက်ပြင်ထားတဲ့ မုန့်တွေစားနေလိုက်သည်
"ဒေါ်ကျူး xiao zhanရော"
"ရေသွားချိုးတယ်"
"အော်"
"morning my son"
"မား ဆိုင်သွားတော့မလို့လား"
"အင်း သားက ပေါင်မုန့်ကြက်ဥ ကြော်တွေနဲ့ပါလား "
"အင်းဒါXiao Zhanလုပ်ထားတာ"
"ဟုတ်လား ဒီကောင်လေးလုပ်ပေးတာအချိုးရော ပြေရဲ့လား"
"ကောင်းပါတယ် သူကအစားအ သောက်ဘက်မှာ ကောင်းတယ်"
"အေးအေး"
"အော်Xiao Zhanမင်းရောက်လာပြီလား"
အ ပေါ်ထပ်မှဆင်းလာတဲ့Xiao Zhanကိုyiboလှမ်းမေးလိုက်သည်"အင်း "
"အမြန်လာပြီးမနက်စာစား ပြီးရင်ကျောင်းသွားမယ်"
"အင်း"
Xiao Zhanမနက်စာစားပြီးတာနဲ့yiboလွယ်အိတ်ကိုပါယူလာလိုက်သည် သူက တော့ကော့ကော့နဲ့ ထွက်သွားသည်
YOU ARE READING
ခင်ဗျားကို ကျွန်တော်ပိုင်တယ်
Fanfictionကျွန်တော့်ဘဝမှာ ကိုကကြည့်မရလို့ဆိုပြီး အနိုင်ကျင့်ဒုက္ခပေးခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အသည်းထဲနစ်အောင်ချစ်မိသွားလိမ့်မယ် မထင်ခဲ့မိဘူး သူ့ကြောင့်အချစ်ကိုခံစားတတ်လာတယ် သူ့ကိုစချစ်မိထဲက သူဟာကျွန်တော့်ရဲ့အပိုင်ပဲ တကယ်တော့လည်း သူ့ကိုစ တွေ့ထဲက မသိစိတ်ထဲကချစ်...