Zawgyi
စစ်ပိုင် လက်သီးတော်တော် ပြင်းသွားသည့်ပုံပင် တစ်ဖက်ကလူမှာ ပြန်ပင်မထလာနိုင်တော့ပေ...
"သွန်း နောက်ဆုတ်ငါတို့ကြည့်ရှင်းလိုက်မယ်"
"ခဏ နေဦး"
တားဖို့ပင်အချိန်မရလိုက် ရန်ပွဲကပို၍ပင်ဆိုးလာတော့သည်....
"စစ်ပိုင်တော်တော့ သွန်းလည်းဘာမှမဖြစ်ဘူး!"
မင်းခေတ်ပြောရင်းဆိုရင်း ကြားထဲကဝင်ထိန်းရတော့သည်...
ခနနေတော့ကျောင်းထဲက ကျောင်းသားတစ်ချို့ဝင်တားသောကြောင့် ရန်ပွဲလည်းပြီးသွားလေတော့သည်...
ထိုအချိန်ကျောင်းထဲက ပြေးထွက်လာတဲ့
အဖြူရောင်အရိပ်လေးတစ်ခုအမြဲငေးကြည့်ခဲ့ရတဲ့ မိုးပြာရောင်မျက်ဝန်းတစ်စုံနဲ့ ထိုလူသား...
ထိုလူသားက သွန်းခဆီပြေးသွားပြီး...
"နင်ဘာဖြစ်သွားသေးလဲ အစကတည်းကလာမယ်ဆိုလည်း ငါ့ကြိုပြောလေဟာ"
"ငါကဒီတိုင်း နင့်ကိုsupriseလုပ်ချင်လို့ပါ"
"လာပြန်မယ်"
"ခဏလေး ငါ့သူငယ်ချင်းတွေကို...."
စကားပင်မဆုံးလိုက် ဆွဲခေါ်သွားလေတော့သည်...
ခုနက စစ်ပိုင်နဲ့ ရန်ဖြစ်နေတဲ့သူလည်းပြန်သွားလေတော့သည် သူတို့ပြန်မယ်လုပ်နေတုန်း...
"စစ်ပိုင်..."
ကျောဘက်ချမ်းမှကြားလိုက်ရတဲ့ ရင်းနှီးတဲ့အသံတစ်ခု အသံပိုင်ရှင်ကတော့ လှည့်ကြည့်စရာပင်မလိုလောက်အောင်ပင်...
"ဘာဖြစ်ကြတာလဲ...."
"မင်းအပူမပါ ပါဘူး ကိုယ့်ကိစ္စကိုယ်အာရုံစိုက်စမ်းပါ သွားရအောင် ခေတ်"
"အော် ငါဒီနေ့ကားမပါလာဘူး မင်းတို့နဲ့လိုက်ခဲ့မယ်နော်..."
"မင်းေ-ာက်ရှက်မရှိဘူးလား စစ်နိုင်!"
ပတ်ဝန်းကျင်လေထုက အလွန်ပင်အေးစက်သွားတော့သည်...
အခြေအနေပိုမဆိုးခင် မင်းခေတ်ကအလယ်ကဝင်ကာ...
"စစ်ပိုင် မင်းအဲ့လောက်ကြီးထိပြောစရာ မလိုပါဘူး တစ်ခါတစ်လေလေးတူတူပြန်တာကို"
![](https://img.wattpad.com/cover/219769821-288-k256413.jpg)
YOU ARE READING
Paing (Z~U)
Ficção Adolescenteမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...